မန္တလေး ဆေးရုံကြီးမှ သံသယစောင့်ကြည့်လူနာ (၅) ဦး ထပ်မံသေဆုံး

0
250

မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ကိုဗစ် သံသယစောင့်ကြည့်လူနာ သီးသန့်ဆောင်က လူနာ (၅) ဦး ဧပြီ (၂၅) ရက်က ထပ်မံ သေဆုံးသွားတယ်လို့ မန္တလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။ စောင့်ကြည့် လူနာတွေဟာ မူလကတည်းက ပြင်းထန်တဲ့ ရောဂါအခံရှိပြီးသူတွေ ဖြစ်ပြီး ကိုဗစ် ရောဂါ ဖြစ်ပွားနေချိန် ဖြစ်တာကြောင့် သူတို့ကိုလည်း သီးသန့်စောင့်ကြည့် ထားတာလို့ ဆိုပါတယ်။

“ဆေးရုံကြီးဆိုတဲ့အတိုင်း လူနာတွေက အများကြီးလာကြတယ်။ လာတဲ့ထဲက တော် တော်များများကို ကိုဗစ် သံသယအဖြစ် ထည့်တာပေါ့။ ဘာလို့လဲဆိုတော့ Positive ကို လွတ်မသွားစေချင်တဲ့ သဘောပဲ။ မတော်လို့ တစ်ယောက် Positive ဆိုတာ လွတ်သွားရင် တခြားလူအများကြီးကူးသွားမှာ စိုးလို့ ဒီထဲမှာ ထည့်ထားတာပေါ့။ အဲတော့ ပြည်သူလူထုအနေနဲ့ ကိုဗစ် သေတာလားဆိုတာမျိုး မထင်စေချင်ပါဘူး။ “ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောပါတယ်။

အဲဒီသေဆုံးလူနာတွေဟာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာ၊ ကျောက်ကပ်၊ ဆီးချိုနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါတွေ ဖြစ်ပွားနေသူတွေ ဖြစ်ပြီး ကိုဗစ် ရောဂါ ရှိမရှိ ဓာတ်ခွဲအတည်ပြုမှု အဖြေမှာတော့(၂) ယောက်က Negative ၊ ကျန် ( ၃) ယောက်က စစ်ဆေးဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးလူနာတွေဟာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်၊ ပုသိမ်ကြီး မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာမြို့နယ်နဲ့ စဉ့်ကိုင်မြို့နယ်တွေမှာ နေထိုင်သူကြသူတွေ လို့ သိရပါတယ်။ ဧပြီ (၂၄) ရက်ကလည်း တစ်ရက်အတွင်း(၇)ဦး သေဆုံးခဲ့ပြီး အဲဒီသူတွေ မှာ ကိုဗစ် ရောဂါရှိမရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL ကို ပေးပို့စစ်ဆေးခဲ့ရာမှာ (၄) ဦး ရောဂါပိုး မတွေ့ရ (Negative) အဖြေရရှီ်ကာ(၃)ဦးကတော့ စစ်ဆေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ စောင့်ကြည့်လူနာ(၃၂၅) ယောက် ထဲက (၁၈၃) ယောက်ဟာ Negative အဖြေနဲ့ ပြန်လည်သက်သာသွားပြီ လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဒါ့အပြင် မန္တလေးဆေးရုံကြီးက ကိုဗစ် သံသယစောင့်ကြည့် သီးသန့်ဆောင်မှာ ထားရှိကုသထားစဉ်အတွင်း သေဆုံးခဲ့သူ (၄၄) ယောက်ရှိပြီး အားလုံးဟာ Negative အဖြေထွက်ပြီးသူတွေလို့ သိရပါတယ်။ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကိုဗစ် စောင့်ကြည့်လူနာတွေကို မတ်လ နောက်ဆုံး အပတ် က တည်းက လက်ခံထားရှိ ခဲ့တာပါ။ လက်ရှိ ဆေးရုံကြီးမှာ သံသယ စောင့်ကြည့်လူနာ (၉၂) ယောက်ကို စောင့်ကြည့်ထားတယ်လို့ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံအုပ်ကြီးက ပြောကြားပါတယ်။

သတင်း – ဏေဏီ

မႏၲေလး ေဆး႐ုံႀကီးမွ သံသယေစာင့္ၾကည့္လူနာ (၅) ဦး ထပ္မံေသဆုံး

မႏၲေလးအေထြေထြေရာဂါကု ေဆး႐ုံႀကီးမွာ ကိုဗစ္ သံသယေစာင့္ၾကည့္လူနာ သီးသန္႔ေဆာင္က လူနာ (၅) ဦး ဧၿပီ (၂၅) ရက္က ထပ္မံ ေသဆုံးသြားတယ္လို႔ မႏၲေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။ ေစာင့္ၾကည့္ လူနာေတြဟာ မူလကတည္းက ျပင္းထန္တဲ့ ေရာဂါအခံရွိၿပီးသူေတြ ျဖစ္ၿပီး ကိုဗစ္ ေရာဂါ ျဖစ္ပြားေနခ်ိန္ ျဖစ္တာေၾကာင့္ သူတို႔ကိုလည္း သီးသန္႔ေစာင့္ၾကည့္ ထားတာလို႔ ဆိုပါတယ္။

“ေဆး႐ုံႀကီးဆိုတဲ့အတိုင္း လူနာေတြက အမ်ားႀကီးလာၾကတယ္။ လာတဲ့ထဲက ေတာ္ ေတာ္မ်ားမ်ားကို ကိုဗစ္ သံသယအျဖစ္ ထည့္တာေပါ့။ ဘာလို႔လဲဆိုေတာ့ Positive ကို လြတ္မသြားေစခ်င္တဲ့ သေဘာပဲ။ မေတာ္လို႔ တစ္ေယာက္ Positive ဆိုတာ လြတ္သြားရင္ တျခားလူအမ်ားႀကီးကူးသြားမွာ စိုးလို႔ ဒီထဲမွာ ထည့္ထားတာေပါ့။ အဲေတာ့ ျပည္သူလူထုအေနနဲ႔ ကိုဗစ္ ေသတာလားဆိုတာမ်ိဳး မထင္ေစခ်င္ပါဘူး။ “ေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာပါတယ္။

အဲဒီေသဆုံးလူနာေတြဟာ ႏွာေစး၊ ေခ်ာင္းဆိုး၊ ဖ်ားနာ၊ ေက်ာက္ကပ္၊ ဆီးခ်ိဳနဲ႔ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ျပင္းထန္ေရာဂါေတြ ျဖစ္ပြားေနသူေတြ ျဖစ္ၿပီး ကိုဗစ္ ေရာဂါ ရွိမရွိ ဓာတ္ခြဲအတည္ျပဳမႈ အေျဖမွာေတာ့(၂) ေယာက္က Negative ၊ က်န္ ( ၃) ေယာက္က စစ္ေဆးဆဲ ျဖစ္တယ္လို႔ သိရပါတယ္။

ေသဆုံးလူနာေတြဟာ မႏၲေလးတိုင္းေဒသႀကီး မဟာေအာင္ေၿမ ၿမိဳ႕နယ္၊ ပုသိမ္ႀကီး ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ မတၱရာၿမိဳ႕နယ္နဲ႔ စဥ့္ကိုင္ၿမိဳ႕နယ္ေတြမွာ ေနထိုင္သူၾကသူေတြ လို႔ သိရပါတယ္။ ဧၿပီ (၂၄) ရက္ကလည္း တစ္ရက္အတြင္း(၇)ဦး ေသဆုံးခဲ့ၿပီး အဲဒီသူေတြ မွာ ကိုဗစ္ ေရာဂါရွိမရွိ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန NHL ကို ေပးပို႔စစ္ေဆးခဲ့ရာမွာ (၄) ဦး ေရာဂါပိုး မေတြ႕ရ (Negative) အေျဖရရွီ္ကာ(၃)ဦးကေတာ့ စစ္ေဆးေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိ ေစာင့္ၾကည့္လူနာ(၃၂၅) ေယာက္ ထဲက (၁၈၃) ေယာက္ဟာ Negative အေျဖနဲ႔ ျပန္လည္သက္သာသြားၿပီ လို႔ ေဆး႐ုံအုပ္ႀကီးက ေျပာပါတယ္။ ဒါ့အျပင္ မႏၲေလးေဆး႐ုံႀကီးက ကိုဗစ္ သံသယေစာင့္ၾကည့္ သီးသန္႔ေဆာင္မွာ ထားရွိကုသထားစဥ္အတြင္း ေသဆုံးခဲ့သူ (၄၄) ေယာက္ရွိၿပီး အားလုံးဟာ Negative အေျဖထြက္ၿပီးသူေတြလို႔ သိရပါတယ္။ မႏၲေလး အေထြေထြေရာဂါကု ေဆး႐ုံႀကီးမွာ ကိုဗစ္ ေစာင့္ၾကည့္လူနာေတြကို မတ္လ ေနာက္ဆုံး အပတ္ က တည္းက လက္ခံထားရွိ ခဲ့တာပါ။ လက္ရွိ ေဆး႐ုံႀကီးမွာ သံသယ ေစာင့္ၾကည့္လူနာ (၉၂) ေယာက္ကို ေစာင့္ၾကည့္ထားတယ္လို႔ မႏၲေလး အေထြေထြ ေရာဂါကု ေဆး႐ုံအုပ္ႀကီးက ေျပာၾကားပါတယ္။

သတင္း – ေဏဏီ