ချန်းရီ ဖိနပ်စက်ရုံမှ ဝန်ထမ်း ၁ဝဝကျော်ခန့်အား ကျန်းမားရေး စစ်ဆေးတဲ့အခါ ဝန်ထမ်း ၄ဝဦးခန့် ဖျားနာနေ

0
254

ချန်းရီ ဖိနပ်စက်ရုံမှ ဝန်ထမ်း ၁ဝဝကျော်ခန့်အား ကျန်းမားရေး စစ်ဆေးတဲ့အခါ ဝန်ထမ်း ၄ဝဦးခန့် ဖျားနာနေကြောင်း တွေ့ရှိဟုဆို

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံကျေးရွာ အုပ်စုအတွင်းရှိ ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)ဲ၏ ဝန်ထမ်း ၁ဝဝဦးကျော်ခန့်ကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ခန်းမအတွင်း ဖွင့်လှစ်ထားသော အခမဲ့ လှိုင်သာယာ (ဖျားနာကု)ဆေးခန်းတွင် လာရောက် စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရတယ်။

ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)ဝန်ထမ်း ၁ဝဝဦးကျော်ခန့်က ကျန်းမာရေးစစ်ဆေးခံခဲ့တဲ့အခြေနေမှာ လူဦးရေ ၄ဝဦးခန့် ဖျားနာနေသည်ကို တွေ့ရှိရကြောင်း လှိုင်သာယာ (ဖျားနာကု)ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက Top Phoenix မီဒီယာသို့ အတည်ပြု ပြောဆိုတယ်။

လှိုင်သာယာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၏ fb လူမှုကွန်ယက်ပေါ်တွင် ချန်းရီကုမ္မဏီ (ဖိနပ်စက်ရုံ)ဝန်ထမ်း ၁၀၈ဦး၏ ဓာတ်ခွဲနမှုနာကို ပို့ဆောင် ထားကြောင့် ရေးသားဖော်ပြထားတယ်။

“လှိုင်သာယာ (ဖျားနာကု)ဆေးခန်းမှ ကျန်းမာရေး စစ်ဆေးခဲ့တဲ့ ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)ဝန်ထမ်း ၁ဝဝဦးကျော်ခန့်ကို ကျန်းမာရေး စစ်ဆေးခဲ့တဲ့ အဖြေရလဒ်က ဖျားနာနေကြောင်း သိရှိရပေမဲ့ ကျန်းမာရေးနှင့်သက်ဆိုင်သူတွေထံ ဘာကြောင့် သတင်းမပို့ဆောင်တာလဲ မေးခွန်း ထုတ်စရာတွေ ရှိတယ်။

မနက်ဖြန် တွေ့ဆုံပြီး မေးမြန်းမည်။ ဖျားနာ အပူချိန်တွေ စစ်ဆေးတွေ့ရှိသူမှာ တာဝန်ရှိတယ်။ ဘာကြောင့် မပို့တာလည်း၊ fb လူမှုကွန်ယက်ပေါ် တင်တဲ့သူမှာ တာဝန်ရှိတယ်။ ဖျားနာနေသူများ တွေ့ရှိရင် ဆေးရုံကို ပို့ဆောင်ရမည် ဘာကြောင့် မပို့ဆောင်လည်း မေးခွန်ထုတ်စရာပါ။ သူတို့က Fever Clinic ပြုလုပ်နေတဲ့အတွက် သူတို့မှာ တာဝန်ရှိတယ်။ ဖျားနာသူတွေ တွေ့ရှိတဲ့သူများကို ဘာကြောင့် ပြန်လွှတ်တာလည်း မေးခွန် ပြန်မေးစရာပါ။ Fever Clinic ပြုလုပ်နေတဲ့အတွက် ဖျားနာတွေ့ရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်းပေးရမဲ့တာဝန်က သူတို့မှာ ရှိတယ်”ဟု လှိုင်သာယာမြို့နယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောတယ်။

လှိုင်သာယာ (ဖျားနာကု)ဆေးခန်း အခမဲ့ ဖွင့်လှစ်ခြင်း၌ လုပ်ကိုင်နေသူ တစ်ဦးက ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ) ဝန်ထမ်း ၁ဝဝဦးကျော်ခန့်ကို အခမဲ့ ကျန်းမာရေး ကူညီစစ်ဆေး ဆောင်ရွက်ပေးတယ်။ လှိုင်သာယာမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဆောင်ရွက်ချက်တွေကို ဘယ်သူမှ လာမကြည့်ဘူး၊ ဒီတော့ အကုန်လုံး ပြန်လွှတ်ပေးလိုက်ရတယ်ဟု ပြောတယ်။

“ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)မှ လူဦးရေ ၁၁၅ဦး၏ ကျန်းမာရေးစစ်ဆေးမှု နမူနာကို တိုင်းအစိုးရ ကျန်မာရေးအဖွဲ့က ဓာတ်ခွဲနမူနာတွေ ပို့ဆောင်ရမည့် စစ်ဆေးချက်တွေကို လာယူသွားတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူနှင့် ဆက်စပ်တဲ့ ၁၃ဦးထဲက ၈ဦး၏ အဖြေမှာ ရောဂါပိုး မတွေ့ရှိရဘူးဟု ထုတ်ပြန်ကြောင်း သိရှိရတယ်။ ၅ဦးက မထုတ်ပြန် သေးဘူး”ဟု ချန်းရီကုမ္မဏီ (ဖိနပ်စက်ရုံ)အနီးရှိ အပြင်ကဒံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုတယ်။

“ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)မှ ဝန်းထမ်းများကို Quarantine ပြုလုပ်ထားသင့်ကြောင်း” လှိုင်သာယာ (ဖျားနာကု)ဆေးခန်းမှ တာဝန်ရှိသူ တစ်ဦးက အကြံပြု ပြောဆိုတယ်။

ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)နှင့်ပတ်သက်၍ ဝန်းထမ်းတွေကို လှိုင်သာယာမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်စောင့်ကြည့်ရေးအဖွဲ့က သီးသန့် ဆောင်ရွက်ထားရှိခြင်း မရှိသေးဘူး။

ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)တွင် ဝန်ထမ်း ၁၁၅ဦးကို စောင့်ကြည့်ထားရှိပြီး ၎င်းတို့၏ အဖြေအား ဓါတ်ခွဲ နမူနာ ပို့ဆောင်ထားကြောင်း ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)အနီးရှိ အပြင်ပဒံကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောတယ်။

လှိုင်သာယာမြို့နယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်ကတော့ ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)မှ ဝန်ထမ်း ၁၀၈ဦးကို ဓါတ်ခွဲ နမူနာ ပို့ဆောင်ထားကြောင်း ၎င်း၏ Fb လူမှုကွန်ယက်ပေါ်၌ ရေးသား ထားတယ်။

ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ)တွင် ဝန်ထမ်း ၉ဝဝဝဦးခန့် ရှိကြောင်း ၎င်းစက်ရုံဝန်ထမ်းများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယခုတွင် ချန်းရီကုမ္မဏီ(ဖိနပ်စက်ရုံ) ဝန်ထမ်း ၁ဝဝဦးကျော်ခန့်က လှိုင်သာယာမြို့နယ်ခန်းမတွင် ရှိသော အခမဲ့ ဖျားနာကု ဆေးခန်းတွင် ကျန်းမာရေး စစ်ဆေး ခံယူခဲ့ပြီး ၎င်းတို့နေထိုင်ရာသို့ ပြန်သွားခဲ့ကြကြောင်း သိရှိရသည်။

Top Phoenix Media Group














