လိမ်ပြောတဲ့ သံသယလူနာတယောက်ကြောင့် ဒုက္ခရောက်သွားရတဲ့ ပရဟိတသူရဲကောင်း (၄)ဦး

0
246

ခတ်ကျွဲမှန်ရင်တော့ ဂျိုရာမကင်းပါဘူး။ သူရဲကောင်းမဲပေါက်ပါပြီ။ ဒါပေမဲ့ ဆုတောင်းနေပါတယ် ဆုတောင်းပေးကြပါ။ ကျွန်တော်တို့ သွားရောက် သယ်ဆောင်ကူညီပေးခဲ့သော {မြို့နယ်နှင့် လူနာနာမည် မပြောလိုပါ} လူနာ၌ ကိုဗစ် လက္ခဏာ၅ချက်တွေ့ရှိရပါသည်။ ဆေးရုံမှာပါ (ဆေးရုံနာမည်မတပ်လိုပါ) ဆေးရုံက ဆရာဝန်ညွှန်ကြားသလို ကျွန်တော်အပါဝင် သူရဲကောင်း ၄ဦးကို သီးခြားခွဲထားပါပြီ။

လူနာဆီမှာသာ ပိုးတွေ့ရှိတာသေချာလျှင် ကျွန်တော်တို့ကယ်ဆယ်ရေးသမား ၄ဦး Qဝင်ရပါတော့မယ်။ ခုတော့ သီးခြားနေရာလေးတစ်ခုမှာ သီးသန့်နေနေရပါပြီ။ သူ့ဆီမှာ ပိုးမတွေ့ပါစေနဲ့သာ ဆုတောင်းနေရပါသည်။ အလုပ်တွေ လုပ်စရာတွေ အများကြီးရှိနေ ကျန်နေချိန်မှာ ဘာမှ မလုပ်နိုင်တော့မှာကို စိုးရိမ်ပါတယ်။

မိမိကိုယ်မိမိ စိတ်မပူပါ။ ဒီအခြေနေမျိုးတွေ ကြုံတွေ့ရင်ဆိုင်ရမယ်ဆိုတာကို ကြိုတွေးထားပြီးသားပါ။ ကယ်ဆယ်ရေးသမားဘဝကို စတင်မိချိန်ကတည်းက မိမိကိုယ်မိမိ သရဏဂုံ တင်ထားပြီးသားပါ။ အလုပ်တွေ မလုပ်နိုင်ပဲ အချိန်တွေကုန်ဆုံးရမှာကိုသာ နှမျောမိတာပါ။

တစ်ခုပဲစိတ်မကောင်းဖြစ်တယ်။ ခေါင်းကိုက်တယ်။ ကိုယ်တွေလက်တွေကိုက် တယ်။ ဆေးခန်းပို့ပေးပါဆိုပြီး လိမ်ခေါ်တဲ့ လူနာကိုပဲ တစ်ခုပြောချင်တယ်။ ကယ်ဆယ်ရေးသမားတွေအပေါ် ဘယ်နှလုံးသားနဲ့ ရက်စက်လိုက်တာလဲဗျာ။ ဆေးရုံရောက်မှ အဖြစ်မှန်ကို ပြောရသလားဗျာ ဖုန်းဆက်ခေါ်ကတည်းက အမှန်တိုင်းပြောရင် ဘယ်သူမှ မထိခိုက်ဘူးလေဗျာ။ ခင်ဗျားတို့ ကြောက်လို့ Stay Homeနေချိန်မှာ ကျွန်တော်တို့ကယ်ဆယ်ရေးသမား သူနာပြုတွေဟာ အကာလိကော အချိန်ခါမရွေး လမ်းတွေပေါ်မှာ လူနာတွေကြားမှာ လူနာတင်ကားတစ်စီးနဲ့ ပြေးလွှား လှုပ်ရှားနေကြပြီး ပြည်သူလူထုကို ကူညီနေတာလေဗျာ။

ကျွန်တော်တို့က ကိုယ့်အသက်တောင် မငဲ့ညှာပဲ အားလုံးကို အခမဲ့ ကူညီပေးနေတာလေဗျာ။ ခင်ဗျားရက်စက်တယ်ဗျာ။ ကျွန်တော်တို့ ၄ ယောက်ရဲ့အစား ဘယ်သူက အလုပ်ဆက်လုပ်မလဲ ခင်ဗျားမတွေးဘူးလားဗျာ။ ပုဏ္ဏကအသည်းများ ပိုင်ဆိုင်ထားလေသလား။ ခုတော့ အားလုံးကို မေတ္တာရပ်ခံပါတယ်။ မရှက်ပါနဲ့ မကြောက်ပါနဲ့ မသိမ်ငယ်ပါနဲ့ မိမိအခြေနေကို အမှန်တိုင်း ပြောပြကြပါ။ ဒါဟာ လူတွေကို ကူညီခြင်းတစ်မျိုးပါပဲဗျာ လူနာအဖြေကောင်းပါစေလို့ ကြိတ်ဆုတောင်းနေတဲ့ သူရဲကောင်းပြန်လာခဲ့ပါ့မယ်။

ဘုန်းလက်ရုံး

26.04.2020/03:31

လိမ္ေျပာတဲ့ သံသယလူနာတေယာက္ေၾကာင့္ ဒုကၡေရာက္သြားရတဲ့ ပရဟိတသူရဲေကာင္း (၄)ဦး

ခတ္ကၽြဲမွန္ရင္ေတာ့ ဂ်ိဳရာမကင္းပါဘူး။ သူရဲေကာင္းမဲေပါက္ပါၿပီ။ ဒါေပမဲ့ ဆုေတာင္းေနပါတယ္ ဆုေတာင္းေပးၾကပါ။ ကၽြန္ေတာ္တို႔ သြားေရာက္ သယ္ေဆာင္ကူညီေပးခဲ့ေသာ {ၿမိဳ႕နယ္ႏွင့္ လူနာနာမည္ မေျပာလိုပါ} လူနာ၌ ကုိဗစ္ လကၡဏာ၅ခ်က္ေတြ႕ရွိရပါသည္။ ေဆး႐ုံမွာပါ (ေဆး႐ုံနာမည္မတပ္လိုပါ) ေဆး႐ုံက ဆရာဝန္ညႊန္ၾကားသလို ကၽြန္ေတာ္အပါဝင္ သူရဲေကာင္း ၄ဦးကို သီးျခားခြဲထားပါၿပီ။

လူနာဆီမွာသာ ပိုးေတြ႕ရွိတာေသခ်ာလၽွင္ ကၽြန္ေတာ္တို႔ကယ္ဆယ္ေရးသမား ၄ဦး Qဝင္ရပါေတာ့မယ္။ ခုေတာ့ သီးျခားေနရာေလးတစ္ခုမွာ သီးသန႔္ေနေနရပါၿပီ။ သူ႔ဆီမွာ ပိုးမေတြ႕ပါေစနဲ႔သာ ဆုေတာင္းေနရပါသည္။ အလုပ္ေတြ လုပ္စရာေတြ အမ်ားႀကီးရွိေန က်န္ေနခ်ိန္မွာ ဘာမွ မလုပ္နိုင္ေတာ့မွာကို စိုးရိမ္ပါတယ္။

မိမိကိုယ္မိမိ စိတ္မပူပါ။ ဒီအေျခေနမ်ိဳးေတြ ၾကဳံေတြ႕ရင္ဆိုင္ရမယ္ဆိုတာကို ႀကိဳေတြးထားၿပီးသားပါ။ ကယ္ဆယ္ေရးသမားဘဝကို စတင္မိခ်ိန္ကတည္းက မိမိကိုယ္မိမိ သရဏဂုံ တင္ထားၿပီးသားပါ။ အလုပ္ေတြ မလုပ္နိုင္ပဲ အခ်ိန္ေတြကုန္ဆုံးရမွာကိုသာ ႏွေမ်ာမိတာပါ။

တစ္ခုပဲစိတ္မေကာင္းျဖစ္တယ္။ ေခါင္းကိုက္တယ္။ ကိုယ္ေတြလက္ေတြကိုက္ တယ္။ ေဆးခန္းပို႔ေပးပါဆိုၿပီး လိမ္ေခၚတဲ့ လူနာကိုပဲ တစ္ခုေျပာခ်င္တယ္။ ကယ္ဆယ္ေရးသမားေတြအေပၚ ဘယ္ႏွလုံးသားနဲ႔ ရက္စက္လိုက္တာလဲဗ်ာ။ ေဆး႐ုံေရာက္မွ အျဖစ္မွန္ကို ေျပာရသလားဗ်ာ ဖုန္းဆက္ေခၚကတည္းက အမွန္တိုင္းေျပာရင္ ဘယ္သူမွ မထိခိုက္ဘူးေလဗ်ာ။ ခင္ဗ်ားတို႔ ေၾကာက္လို႔ Stay Homeေနခ်ိန္မွာ ကၽြန္ေတာ္တို႔ကယ္ဆယ္ေရးသမား သူနာျပဳေတြဟာ အကာလိေကာ အခ်ိန္ခါမေရြး လမ္းေတြေပၚမွာ လူနာေတြၾကားမွာ လူနာတင္ကားတစ္စီးနဲ႔ ေျပးလႊား လႈပ္ရွားေနၾကၿပီး ျပည္သူလူထုကို ကူညီေနတာေလဗ်ာ။

ကၽြန္ေတာ္တို႔က ကိုယ့္အသက္ေတာင္ မငဲ့ညႇာပဲ အားလုံးကို အခမဲ့ ကူညီေပးေနတာေလဗ်ာ။ ခင္ဗ်ားရက္စက္တယ္ဗ်ာ။ ကၽြန္ေတာ္တို႔ ၄ ေယာက္ရဲ့အစား ဘယ္သူက အလုပ္ဆက္လုပ္မလဲ ခင္ဗ်ားမေတြးဘူးလားဗ်ာ။ ပုဏၰကအသည္းမ်ား ပိုင္ဆိုင္ထားေလသလား။ ခုေတာ့ အားလုံးကို ေမတၱာရပ္ခံပါတယ္။ မရွက္ပါနဲ႔ မေၾကာက္ပါနဲ႔ မသိမ္ငယ္ပါနဲ႔ မိမိအေျခေနကို အမွန္တိုင္း ေျပာျပၾကပါ။ ဒါဟာ လူေတြကို ကူညီျခင္းတစ္မ်ိဳးပါပဲဗ်ာ လူနာအေျဖေကာင္းပါေစလို႔ ႀကိတ္ဆုေတာင္းေနတဲ့ သူရဲေကာင္းျပန္လာခဲ့ပါ့မယ္။

ဘုန္းလက္႐ုံး

26.04.2020/03:31