လူတွေအမှတ်မှားနေတဲ့ အယူအဆအမှားတွေကို ဒီစာလေးဖတ်ပြီး အမှန်ပြင်ကြရအောင်နော်

0
359

ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် နဲ့ အမျိုးမျိုး ပြောကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် သိထားတာချင်း လည်း မတူကြဘူး။ အများအားဖြင့် တော့ မှန်ကြပါတယ်။

ဒါပေမယ့် အမှန်လိုလို၊ အမှားလိုလို ဇဝေဇဝါ ဖြစ်တတ်တဲ့ အချက်တွေ ကို ကွဲကွဲပြားပြား ဖြစ်အောင် ဒီဆောင်းပါးမှာ ဆွဲထုတ် ဖော်ပြပေးချင်လို့ပါ။

သေချာလေး ဆက်ဖတ်ပေးပြီး အမှားကို အမှန်ပြင်ကြရအောင်လား…

(၁) စိတ်ဖိစီးမှု ကြောင့် ကိုယ်ခံအား ကို ကျစေတယ်

အချိန်ကြာကြာ စိတ်ဖိစီးမှုခံစားနေရတဲ့အခါ တကယ်ပဲ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အအေးမိ၊ တုပ်ကွေး တို့လို နာမကျန်းမှုတွေ က အစ ဆီးချို သွေးချို နဲ့ နှလုံးရောဂါ တို့လို နာတာရှည်ရောဂါ တွေအထိ ဖြစ်လွယ်လာနိုင်ပါတယ်။

(၂) တုပ်ကွေး ကာကွယ်ဆေး က ကိုယ်ခံအားစနစ် ကို အားနည်းစေတယ်

တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်ရင် ကိုယ်ခံအားကို အားနည်းစေတယ် ဆိုတာ လုံးဝ မှားပါတယ်။ ကာကွယ်ဆေး ဆိုမှတော့ တုပ်ကွေးဖြစ်မလာအောင် ကိုယ်ခံအားစနစ် က ကာကွယ်နိုင်ဖို့ ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်။

(၃) ကိုယ် စားတဲ့ အစားအသောက်က ကိုယ်ခံအားအပေါ် သက်ရောက်မှု ရှိတယ်

ဒါတော့ မှန်ပါတယ်။ အာဟာရ မပြည့်စုံ၊ ကျန်းမာရေး နဲ့ မညီတဲ့ စားသောက်မှု ပုံစံက ကိုယ်ခံအားစနစ် အပေါ် သက်ရောက်မှု မကောင်းနိုင်ပါဘူး။ ဗီတာမင်၊ သတ္တုဓာတ်တွေ လို အာဟာရဓာတ်တွေ နဲ့ တခြားခန္ဓာကိုယ်က လိုအပ်သမျှ တွေကို လည်း စုံလင်အောင် စားသင့်ပါတယ်။

(၄) အသက်ကြီး လာတာနဲ့ အမျှ ကိုယ်ခံအားစနစ် က အားနည်းလာနိုင်တယ်

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်က ရောဂါပိုးတွေကို ခုခံတိုက်ထုတ်နိုင်ဖို့ ပိုခက်လာပါတယ်။ အသက်ကြီးသူတွေဟာ ရောဂါဖြစ်လွယ်၊ နေမကောင်းဖြစ်လွယ်ကြပါတယ်။ ကိုယ်ခံအားနည်းတာကြောင့် တုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါ လို ကျန်းမာရေးပြဿနာတွေမှာ ငယ်သူတွေထက် ပိုပြီး ပြင်းထန်တတ်ပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။

(၅) အစား များများ စားရင် ကိုယ်ခံအား ကောင်းတယ်

အစား များများ စား၊ အစုံစားရင် ကိုယ်ခံအားပိုကောင်းစေတယ် လို့ ထင်ကြတယ်။ တကယ်တော့ ကိုယ် စားတဲ့ အစားအသောက်က ကျန်းမာရေး နဲ့ ညီမှ အာဟာရ ဖြစ်ပြီး ကိုယ်ခံအား ကောင်းစေမှာ ဖြစ်ပါတယ်။ များများတော့ စားပါရဲ့၊ အသင့်စား တွေ၊ တာရှည်ခံ တွေ၊ ပြုပြင်ထားတာ တွေ၊ အဆီ များနေတာ တွေချည်းပဲ ဆို ကိုယ်ခံအားကောင်းမလာတဲ့ အပြင် ရောဂါ ပိုထူလာနိုင်တာ သတိထားပါနော်။

Hello ပရိသတ် တို့ရေ ကိုယ်ခံအား ကောင်းအောင် နည်းမှန်လမ်းမှန်နဲ့ ကြိုးစားကြရအောင်နော်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ကိုယ္ခံအားေကာင္းေအာင္နဲ႔ပက္သတ္ၿပီး လူေတြအမွတ္မွားေနတဲ့ အယူအဆအမွားေတြကို ဒီစာေလးဖတ္ၿပီး အမွန္ျပင္ၾကရေအာင္ေနာ္

ကိုယ္ခံအား ေကာင္းေအာင္ ဘာလုပ္ရမယ္၊ ညာလုပ္ရမယ္ နဲ႔ အမ်ိဳးမ်ိဳး ေျပာၾကတယ္၊ တစ္ေယာက္ နဲ႔ တစ္ေယာက္ သိထားတာခ်င္း လည္း မတူၾကဘူး။ အမ်ားအားျဖင့္ ေတာ့ မွန္ၾကပါတယ္။

ဒါေပမယ့္ အမွန္လိုလို၊ အမွားလိုလို ဇေဝဇဝါ ျဖစ္တတ္တဲ့ အခ်က္ေတြ ကို ကြဲကြဲျပားျပား ျဖစ္ေအာင္ ဒီေဆာင္းပါးမွာ ဆြဲထုတ္ ေဖာ္ျပေပးခ်င္လို႔ပါ။

ေသခ်ာေလး ဆက္ဖတ္ေပးၿပီး အမွားကို အမွန္ျပင္ၾကရေအာင္လား…

(၁) စိတ္ဖိစီးမႈ ေၾကာင့္ ကိုယ္ခံအား ကို က်ေစတယ္

အခ်ိန္ၾကာၾကာ စိတ္ဖိစီးမႈခံစားေနရတဲ့အခါ တကယ္ပဲ ကိုယ္ခံအားစနစ္ကို ထိခိုက္ေစနိုင္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔အမၽွ အေအးမိ၊ တုပ္ေကြး တို႔လို နာမက်န္းမႈေတြ က အစ ဆီးခ်ိဳ ေသြးခ်ိဳ နဲ႔ ႏွလုံးေရာဂါ တို႔လို နာတာရွည္ေရာဂါ ေတြအထိ ျဖစ္လြယ္လာနိုင္ပါတယ္။

(၂) တုပ္ေကြး ကာကြယ္ေဆး က ကိုယ္ခံအားစနစ္ ကို အားနည္းေစတယ္

တုပ္ေကြး ကာကြယ္ေဆး ထိုးလိုက္ရင္ ကိုယ္ခံအားကို အားနည္းေစတယ္ ဆိုတာ လုံးဝ မွားပါတယ္။ ကာကြယ္ေဆး ဆိုမွေတာ့ တုပ္ေကြးျဖစ္မလာေအာင္ ကိုယ္ခံအားစနစ္ က ကာကြယ္နိုင္ဖို႔ ျပင္ဆင္ေပးတာပဲ ျဖစ္ပါတယ္။

(၃) ကိုယ္ စားတဲ့ အစားအေသာက္က ကိုယ္ခံအားအေပၚ သက္ေရာက္မႈ ရွိတယ္

ဒါေတာ့ မွန္ပါတယ္။ အာဟာရ မျပည့္စုံ၊ က်န္းမာေရး နဲ႔ မညီတဲ့ စားေသာက္မႈ ပုံစံက ကိုယ္ခံအားစနစ္ အေပၚ သက္ေရာက္မႈ မေကာင္းနိုင္ပါဘူး။ ဗီတာမင္၊ သတၱဳဓာတ္ေတြ လို အာဟာရဓာတ္ေတြ နဲ႔ တျခားခႏၶာကိုယ္က လိုအပ္သမၽွ ေတြကို လည္း စုံလင္ေအာင္ စားသင့္ပါတယ္။

(၄) အသက္ႀကီး လာတာနဲ႔ အမၽွ ကိုယ္ခံအားစနစ္ က အားနည္းလာနိုင္တယ္

အသက္ႀကီးလာတဲ့အခါ ခႏၶာကိုယ္က ေရာဂါပိုးေတြကို ခုခံတိုက္ထုတ္နိုင္ဖို႔ ပိုခက္လာပါတယ္။ အသက္ႀကီးသူေတြဟာ ေရာဂါျဖစ္လြယ္၊ ေနမေကာင္းျဖစ္လြယ္ၾကပါတယ္။ ကိုယ္ခံအားနည္းတာေၾကာင့္ တုပ္ေကြးနဲ႔ အဆုတ္ေရာင္ေရာဂါ လို က်န္းမာေရးျပႆနာေတြမွာ ငယ္သူေတြထက္ ပိုၿပီး ျပင္းထန္တတ္ၿပီး အသက္အႏၲရာယ္အထိ ျဖစ္ေစနိုင္ပါတယ္။

(၅) အစား မ်ားမ်ား စားရင္ ကိုယ္ခံအား ေကာင္းတယ္

အစား မ်ားမ်ား စား၊ အစုံစားရင္ ကိုယ္ခံအားပိုေကာင္းေစတယ္ လို႔ ထင္ၾကတယ္။ တကယ္ေတာ့ ကိုယ္ စားတဲ့ အစားအေသာက္က က်န္းမာေရး နဲ႔ ညီမွ အာဟာရ ျဖစ္ၿပီး ကိုယ္ခံအား ေကာင္းေစမွာ ျဖစ္ပါတယ္။ မ်ားမ်ားေတာ့ စားပါရဲ့၊ အသင့္စား ေတြ၊ တာရွည္ခံ ေတြ၊ ျပဳျပင္ထားတာ ေတြ၊ အဆီ မ်ားေနတာ ေတြခ်ည္းပဲ ဆို ကိုယ္ခံအားေကာင္းမလာတဲ့ အျပင္ ေရာဂါ ပိုထူလာနိုင္တာ သတိထားပါေနာ္။

Hello ပရိသတ္ တို႔ေရ ကိုယ္ခံအား ေကာင္းေအာင္ နည္းမွန္လမ္းမွန္နဲ႔ ႀကိဳးစားၾကရေအာင္ေနာ္။

Hello Health Group သည္ ေဆးပညာအႀကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ား ႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။