ကိုဗစ်၁၉ကပ်ရောဂါ ပြီးဆုံးရန် အဝေးကြီးလိုသေးဟု WHO ပြော

0
152

ကိုဗစ်၁၉ကပ်ရောဂါ ပြီးဆုံးရန် အဝေးကြီးလိုသေးဟု WHO ပြော

ကိုဗစ်၁၉ ကပ်ရောဂါ ပြီးဆုံးဖို့ အဝေးကြီး လိုသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက ဧပြီ ၂၇ ရက်မှာ သတိပေးလိုက်ပါတယ်။

ဒီကပ်ရောဂါကြောင့် ကလေးတွေရဲ့ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု ထိခိုက်တာကို အလွန် စိုးရိမ်မိတယ်လို့လည်း WHO အကြီးအကဲ ဂတ်ဘရီအီးဆပ်စ်က ပြောဆိုပါတယ်။ ဒါ့အပြင် အာဖရိက၊ အရှေ့ဥရောပ၊ လက်တင်အမေရိကနဲ့ တချို့အာရှနိုင်ငံတွေမှာ ကပ်ရောဂါကူးစက်မှု တိုးလာတာကို စိုးရိမ်မိတယ်လို့လည်း သူက ပြောပါတယ်။

ကပ်ရောဂါနဲ့ဆက်နွှယ်တဲ့ နယ်စပ်ကန့်သတ်ချက်တွေကြောင့် နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ တခြားရောဂါကာကွယ်ဆေး ပြတ်လပ်တာတွေ ဖြစ်နေတယ်လို့လည်း WHO အကြီးအကဲက ပြောပါတယ်။

ဒီအတွက် ဆာဟာရအောက်ပိုင်း အာဖရိကနိုင်ငံတွေမှာ ငှက်ဖျားဖြစ်ပွားသူ အရေအတွက် နှစ်ဆ ရှိလာနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။

အရေးပေါ်စီမံခန့်ခွဲရေးဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ မိုက်ရိုင်ယန်ကလည်း ကန့်သတ်ချက်တွေကို အမြန်ဖြေလျှော့နေတာမျိုး မလုပ်ဖို့ WHO ရဲ့ ကနဦးသတိပေးချက်ကို ထပ်မံပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

DVB TV News

ကိုဗစ္၁၉ကပ္ေရာဂါ ၿပီးဆုံးရန္ အေဝးႀကီးလိုေသးဟု WHO ေျပာ

ကိုဗစ္၁၉ ကပ္ေရာဂါ ၿပီးဆုံးဖို႔ အေဝးႀကီး လိုေသးတယ္လို႔ ကမၻာ့က်န္းမာေရးအဖြဲ႕ WHO အႀကီးအကဲက ဧၿပီ ၂၇ ရက္မွာ သတိေပးလိုက္ပါတယ္။

ဒီကပ္ေရာဂါေၾကာင့္ ကေလးေတြရဲ့ ပုံမွန္က်န္းမာေရး ေစာင့္ေရွာက္မႈ ထိခိုက္တာကို အလြန္ စိုးရိမ္မိတယ္လို႔လည္း WHO အႀကီးအကဲ ဂတ္ဘရီအီးဆပ္စ္က ေျပာဆိုပါတယ္။ ဒါ့အျပင္ အာဖရိက၊ အေရွ႕ဥေရာပ၊ လက္တင္အေမရိကနဲ႔ တခ်ိဳ႕အာရွနိုင္ငံေတြမွာ ကပ္ေရာဂါကူးစက္မႈ တိုးလာတာကို စိုးရိမ္မိတယ္လို႔လည္း သူက ေျပာပါတယ္။

ကပ္ေရာဂါနဲ႔ဆက္ႏႊယ္တဲ့ နယ္စပ္ကန႔္သတ္ခ်က္ေတြေၾကာင့္ နိုင္ငံေပါင္း ၂၁ နိုင္ငံမွာ တျခားေရာဂါကာကြယ္ေဆး ျပတ္လပ္တာေတြ ျဖစ္ေနတယ္လို႔လည္း WHO အႀကီးအကဲက ေျပာပါတယ္။

ဒီအတြက္ ဆာဟာရေအာက္ပိုင္း အာဖရိကနိုင္ငံေတြမွာ ငွက္ဖ်ားျဖစ္ပြားသူ အေရအတြက္ ႏွစ္ဆ ရွိလာနိုင္တယ္လို႔လည္း သူက သတိေပးခဲ့ပါတယ္။

အေရးေပၚစီမံခန႔္ခြဲေရးဆိုင္ရာ ထိပ္တန္းကၽြမ္းက်င္သူ မိုက္ရိုင္ယန္ကလည္း ကန႔္သတ္ခ်က္ေတြကို အျမန္ေျဖေလၽွာ့ေနတာမ်ိဳး မလုပ္ဖို႔ WHO ရဲ့ ကနဦးသတိေပးခ်က္ကို ထပ္မံေျပာဆိုခဲ့တယ္လို႔ ရိုက္တာသတင္းက ေဖာ္ျပပါတယ္။

DVB TV News