ကပ်ရောဂါကြီး ပြီးဆုံးသွားတော့မယ့်အချိန်

0
162

ကပ်ကြီးပြီးသွားတဲ့အခါ

ကပ်ကြီးပြီးသွားတဲ့အခါ ပြန်တွေ့ကြမယ် သူငယ်ချင်း ခုတော့ မင်းရော ငါရော ကမ္ဘာကြီးရော အနားယူကြတာပေါ့။

ထင်သလိုဖြစ်မလာတဲ့ နွေဦးတစ်ခုပေမယ့် ဒီနွေဦးကို ငါတို့အကောင်းဆုံး ကျော်ဖြတ်ကြရမှာပဲ။

ကံဆိုးလိုက်တာလို့ ညည်းနေမယ့်အစား မိသားစုနဲ့အတူ ရက်ကြာကြာ နေခွင့်ရတာကို တန်ဖိုးထားဖို့၊

ရက်စက်လိုက်တာလို့ ညည်းနေမယ့်အစား လူသားဆန်မှုတွေကို ကိုယ်တတ်နိုင်သလောက် မျှဝေဖေးကူပေးဖို့၊

အစားအသောက်ရှားပါးလိုက်တာလို့ ညည်းနေမယ့်အစား ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ရင်း စားနပ်ရိက္ခာ ငတ်မွတ်နေသူတွေကို ကိုယ်ချင်းစာတတ်ဖို့

ဒါတွေဟာ ဒီရောဂါပိုးကြီးက ယူဆောင်လာပေးတဲ့ သင်ခန်းစာတွေပေါ့။

ကမ္ဘာမြေမိခင်ကြီး စိတ်ဆိုးနေတုန်း ငါတို့တွေ လိမ်လိမ်မာမာနေမှဖြစ်မယ် သူငယ်ချင်းရေ

လက်ကိုပုံမှန်ဆေးပါ အစာအာဟာရပြည့်ဝအောင်စားပါ အိပ်ရေးဝဝအိပ်ပါ ကိုယ်ခံအားကောင်းအောင်နေပါ တတ်နိုင်သမျှ အိမ်ထဲ မှာပဲနေပါ

ဒီထက်တော့ ဘာမှပိုမတတ်နိုင်တော့ပေမယ့် ဒီလိုပြောခွင့်ရဖို့ နားထောင်ပေးမယ့်သူ ရှိနေတာကိုပဲ ကိုယ့်မှာ ကျေနပ်ရတာပါ။

ဒီမိုးကောင်းကင်အောက်မှာ ကိုယ်တို့လို ဘဝတူတွေလည်း အများကြီးပဲမဟုတ်လား။

မကြောက်နဲ့နော်သူငယ်ချင်း ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ပါ။

မစိုးရိမ်နဲ့နော် သူငယ်ချင်း တစ်ကမ္ဘာလုံးအတူတူ ဒီရောဂါကြီးကို အတူရင်ဆိုင်ကြမှာ။

အားမငယ်နဲ့နော် သူငယ်ချင်း တိုက်ပွဲကခုမှစတာ။

ဒီကပ်ကြီးပြီးတဲ့အခါ ငါတို့ အရင်လိုပဲ လမ်းတွေအတူထွက်လျှောက်ကြဦးမှာ…

ငါတို့အရင်လိုပဲ ခရီးတွေ အတူထွက်ကြဦးမှာ.

ကပ်ကြီးပြီးတဲ့အထိ ကျန်းကျန်းမာမာ အသက်ရှည်ရှည်နေပေးပါ သူငယ်ချင်း

အဲ့ဒီ အချိန်ကျ တို့အတူတူ ကမ္ဘာမြေကြီးရဲ့ အလှဆုံးပန်းတွေဖူးပွင့်လာတာကို တို့အတူ သွားကြည့်ကြရအောင်ပါ။

Credit

လေးစားစွာဖြင့် #ဘဝမှစာမေဦး

ကပ္ေရာဂါၾကီး ျပီးဆံုးသြားေတာ့မယ့္အခ်ိန္

ကပ္ႀကီးၿပီးသြားတဲ့အခါ

ကပ္ႀကီးၿပီးသြားတဲ့အခါ ျပန္ေတြ႕ၾကမယ္ သူငယ္ခ်င္း ခုေတာ့ မင္းေရာ ငါေရာ ကမၻာႀကီးေရာ အနားယူၾကတာေပါ့။

ထင္သလိုျဖစ္မလာတဲ့ ေႏြဦးတစ္ခုေပမယ့္ ဒီေႏြဦးကို ငါတို႔အေကာင္းဆုံး ေက်ာ္ျဖတ္ၾကရမွာပဲ။

ကံဆိုးလိုက္တာလို႔ ညည္းေနမယ့္အစား မိသားစုနဲ႔အတူ ရက္ၾကာၾကာ ေနခြင့္ရတာကို တန္ဖိုးထားဖို႔၊

ရက္စက္လိုက္တာလို႔ ညည္းေနမယ့္အစား လူသားဆန္မႈေတြကို ကိုယ္တတ္နိုင္သေလာက္ မၽွေဝေဖးကူေပးဖို႔၊

အစားအေသာက္ရွားပါးလိုက္တာလို႔ ညည္းေနမယ့္အစား ရွိတာေလးနဲ႔ ေရာင့္ရဲတင္းတိမ္ရင္း စားနပ္ရိကၡာ ငတ္မြတ္ေနသူေတြကို ကိုယ္ခ်င္းစာတတ္ဖို႔

ဒါေတြဟာ ဒီေရာဂါပိုးႀကီးက ယူေဆာင္လာေပးတဲ့ သင္ခန္းစာေတြေပါ့။

ကမၻာေျမမိခင္ႀကီး စိတ္ဆိုးေနတုန္း ငါတို႔ေတြ လိမ္လိမ္မာမာေနမွျဖစ္မယ္ သူငယ္ခ်င္းေရ

လက္ကိုပုံမွန္ေဆးပါ အစာအာဟာရျပည့္ဝေအာင္စားပါ အိပ္ေရးဝဝအိပ္ပါ ကိုယ္ခံအားေကာင္းေအာင္ေနပါ တတ္နိုင္သမၽွ အိမ္ထဲ မွာပဲေနပါ

ဒီထက္ေတာ့ ဘာမွပိုမတတ္နိုင္ေတာ့ေပမယ့္ ဒီလိုေျပာခြင့္ရဖို႔ နားေထာင္ေပးမယ့္သူ ရွိေနတာကိုပဲ ကိုယ့္မွာ ေက်နပ္ရတာပါ။

ဒီမိုးေကာင္းကင္ေအာက္မွာ ကိုယ္တို႔လို ဘဝတူေတြလည္း အမ်ားႀကီးပဲမဟုတ္လား။

မေၾကာက္နဲ႔ေနာ္သူငယ္ခ်င္း ကိုယ္လုပ္စရာရွိတာ ကိုယ္လုပ္ပါ။

မစိုးရိမ္နဲ႔ေနာ္ သူငယ္ခ်င္း တစ္ကမၻာလုံးအတူတူ ဒီေရာဂါႀကီးကို အတူရင္ဆိုင္ၾကမွာ။

အားမငယ္နဲ႔ေနာ္ သူငယ္ခ်င္း တိုက္ပြဲကခုမွစတာ။

ဒီကပ္ႀကီးၿပီးတဲ့အခါ ငါတို႔ အရင္လိုပဲ လမ္းေတြအတူထြက္ေလၽွာက္ၾကဦးမွာ…

ငါတို႔အရင္လိုပဲ ခရီးေတြ အတူထြက္ၾကဦးမွာ.

ကပ္ႀကီးၿပီးတဲ့အထိ က်န္းက်န္းမာမာ အသက္ရွည္ရွည္ေနေပးပါ သူငယ္ခ်င္း

အဲ့ဒီ အခ်ိန္က် တို႔အတူတူ ကမၻာေျမႀကီးရဲ့ အလွဆုံးပန္းေတြဖူးပြင့္လာတာကို တို႔အတူ သြားၾကည့္ၾကရေအာင္ပါ။

Credit

ေလးစားစြာျဖင့္ #ဘဝမွစာေမဦး