ကင်ဂျုံအန်ရဲ့အခြေအနေကို ထောက်လှမ်းဖို့ သူလျှိုလေယာဉ် (၅)စီး အမေရိကန် စေလွှတ်

0
122

ကင်ဂျုံအန်ရဲ့အခြေအနေကို ထောက်လှမ်းဖို့ သူလျှိုလေယာဉ် (၅)စီး အမေရိကန် စေလွှတ်

သတင်းတွေအရ အမေရိကန် လေတပ်ပိုင် ထောက်လှမ်းရေး လေယာဉ် (၅)စင်းဟာ ကင်ဂျုံအန်ရဲ့အခြေအနေကို သိရှိနိုင်ဖို့ အရေးပေါ် ပျံသန်းသွားခဲ့ပြီလို့ သိရပါတယ်။ ဒီအကြောင်းကို The Sun သတင်းစာကလည်း ဖော်ပြထားပြီး၊ အမေရိကန် စစ်တပ်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်း ဒီသတင်းကို အတည်ပြုထားပါတယ်။

အမေရိကန်စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းရဲ့အဆိုအရ အဲဒီထောက်လှမ်းရေး လေယာဉ်(၅)စင်းဟာ မြောက်ကိုရီးယားမြို့တော်၊ ပြုံယမ်းနဲ့ ခေါင်းဆောင်ကင် နားခိုနေထိုင်နေတယ်ဆိုတဲ့ ဝန်ဆန်မြို့အနီးတဝိုက်မှာ ထောက်လှမ်းရေးလုပ်ငန်းတွေ- လုပ်ဆောင်မှာဖြစ်ပြီး၊ အချိန်အနည်းငယ်အတွင်းမှာ အချက်အလက်တွေ စုဆောင်းနိုင်ဖွယ် ရှိပါတယ်။ တောင်ကိုရီးယားစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အမေရိကန်ဟာ ထောက်လှမ်းရေးလေယာဉ် (၅)စီးကို စေလွှတ်လိုက်ပြီဆိုတာ မှန်ကန်ကြောင်း အတည်ပြုထားပါတယ်။

စေလွှတ်လိုက်တဲ့ လေယာဉ်တွေမှာ Beechcraft RC-12 Guardrail လေယာဉ် (၃)စီးနဲ့ Northrop Grumman E-8 Joint STARS လေယာဉ်အမျိုုုးအစား တစ်စီး၊ EO-5C Crazy Hawk က တစ်စီး စေလွှတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ RC-12s နှင့် E-8C လေယာဉ်တွေဟာ မြောက်ကိုရီးယားရဲ့ ဆက်သွယ်ရေးစနစ်တွေကနေ သတင်းတွေကို စုဆောင်းရန်နဲ့ ခိုးယူနားထောင်လို့ရတဲ့ အီလက်ထရောနစ်ကိရိယာတွေ တပ်ဆင်ထားပါတယ်။ EO-5C လေယာဉ်ကတော့ လှုပ်ရှားမှုတွေကို ခြေရာခံဖို့ ထောက်လှမ်းရေး ကိရိယာများ သယ်ဆောင်လာခဲ့ပြီး၊အချိန်နဲ့တပြေးညီသတင်းတွေကို မြေပြင်စခန်းတွေဆီ အမြန်ပို့ပေးနိုင်ပါတယ်။ တောင်ကိုရီးယားကိုယ်တိုင်က လေယာဉ်တစ်စင်းနဲ့ စုံစမ်းထောက်လှမ်းနေကြောင်း ဆိုထားပြီး၊ ဘာလေယာဉ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။

လင်းဇော်ကို (D Nae Khit)

ကင္ဂ်ဳံအန္ရဲ့အေျခအေနကို ေထာက္လွမ္းဖို႔ သူလၽွိုေလယာဥ္ (၅)စီး အေမရိကန္ ေစလႊတ္

သတင္းေတြအရ အေမရိကန္ ေလတပ္ပိုင္ ေထာက္လွမ္းေရး ေလယာဥ္ (၅)စင္းဟာ ကင္ဂ်ဳံအန္ရဲ့အေျခအေနကို သိရွိနိုင္ဖို႔ အေရးေပၚ ပ်ံသန္းသြားခဲ့ၿပီလို႔ သိရပါတယ္။ ဒီအေၾကာင္းကို The Sun သတင္းစာကလည္း ေဖာ္ျပထားၿပီး၊ အေမရိကန္ စစ္တပ္နဲ႔နီးစပ္တဲ့အသိုင္းအဝိုင္း ဒီသတင္းကို အတည္ျပဳထားပါတယ္။

အေမရိကန္စစ္တပ္နဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းရဲ့အဆိုအရ အဲဒီေထာက္လွမ္းေရး ေလယာဥ္(၅)စင္းဟာ ေျမာက္ကိုရီးယားၿမိဳ႕ေတာ္၊ ျပဳံယမ္းနဲ႔ ေခါင္းေဆာင္ကင္ နားခိုေနထိုင္ေနတယ္ဆိုတဲ့ ဝန္ဆန္ၿမိဳ႕အနီးတဝိုက္မွာ ေထာက္လွမ္းေရးလုပ္ငန္းေတြ- လုပ္ေဆာင္မွာျဖစ္ၿပီး၊ အခ်ိန္အနည္းငယ္အတြင္းမွာ အခ်က္အလက္ေတြ စုေဆာင္းနိုင္ဖြယ္ ရွိပါတယ္။ ေတာင္ကိုရီးယားစစ္တပ္မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကလည္း အေမရိကန္ဟာ ေထာက္လွမ္းေရးေလယာဥ္ (၅)စီးကို ေစလႊတ္လိုက္ၿပီဆိုတာ မွန္ကန္ေၾကာင္း အတည္ျပဳထားပါတယ္။

ေစလႊတ္လိုက္တဲ့ ေလယာဥ္ေတြမွာ Beechcraft RC-12 Guardrail ေလယာဥ္ (၃)စီးနဲ႔ Northrop Grumman E-8 Joint STARS ေလယာဥ္အမ်ိဳုုးအစား တစ္စီး၊ EO-5C Crazy Hawk က တစ္စီး ေစလႊတ္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ RC-12s ႏွင့္ E-8C ေလယာဥ္ေတြဟာ ေျမာက္ကိုရီးယားရဲ့ ဆက္သြယ္ေရးစနစ္ေတြကေန သတင္းေတြကို စုေဆာင္းရန္နဲ႔ ခိုးယူနားေထာင္လို႔ရတဲ့ အီလက္ထေရာနစ္ကိရိယာေတြ တပ္ဆင္ထားပါတယ္။ EO-5C ေလယာဥ္ကေတာ့ လႈပ္ရွားမႈေတြကို ေျခရာခံဖို႔ ေထာက္လွမ္းေရး ကိရိယာမ်ား သယ္ေဆာင္လာခဲ့ၿပီး၊အခ်ိန္နဲ႔တေျပးညီသတင္းေတြကို ေျမျပင္စခန္းေတြဆီ အျမန္ပို႔ေပးနိုင္ပါတယ္။ ေတာင္ကိုရီးယားကိုယ္တိုင္က ေလယာဥ္တစ္စင္းနဲ႔ စုံစမ္းေထာက္လွမ္းေနေၾကာင္း ဆိုထားၿပီး၊ ဘာေလယာဥ္ဆိုတာကိုေတာ့ ေဖာ္ျပမထားပါဘူး။

လင္းေဇာ္ကို (D Nae Khit)

LEAVE A REPLY

Please enter your comment!
Please enter your name here