ကိုဗစ်-၁၉ ကပ်ရောဂါအား အနိုင်ရလိုက်ပြီဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ ကြေငြာ

0
237

ကိုဗစ်-၁၉ ကပ်ရောဂါအား အနိုင်ရလိုက်ပြီဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ ကြေငြာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ရောဂါ ကာကွယ်တားဆီးရေးအတွက် အမြင့်ဆုံးကန့်သတ်ချက် အဆင့် ၄ အဖြစ် ရက်သတ္တ ၅-ပတ်နီးပါးကြာမျှ တင်းကြပ်ခဲ့ရသော နယူးဇီလန်နိုင်ငံသည် တနင်္လာနေ့နှောင်းပိုင်းမှစတင်ကာ ကန့်သတ်ချက် အဆင့် ၃- သို့ လျှော့ချလိုက်သည်ဟု AFP က ရေးသားထားသည်။လတ်တလော ကမ္ဘာကြီးတစ်ခွင်လုံးတွင် Covid- 19 ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိသည်။ နိုင်ငံတိုင်း ကူးစက်ရောဂါဒါဏ်ခဲ့စားခဲ့ကြရာ၌ နိုင်ငံသားတို့ ဖျားနာပျက်စီးရခြင်းဦးရေကို အနည်းဆုံးဖြစ်အောင်နှင့် နိုင်ငံ့စီးပွားရေးအရင်းအမြစ်များအား ထိရောက်စွာ အချိန်ကိုက်ဆောင်ရွက်ရာတွင်မူ နိုင်ငံအနည်းငယ်၌သာ တုန့်ပြန်နိုင်ကြောင်း တွေ့ရှိရသည်။ ဤတွင် ကပ်ရောဂါကို ကာကွယ်တားဆီးပေးနိုင်ယုံမက အသက်သွေးကြောလုပ်ငန်းများအား နိုင်နင်းစွာ စီမံခန့်ခွဲ ခဲ့သူများမှာမူ အမျိုးသမီး ခေါင်းဆောင်များဖြစ်နေသည်။ ဥရောပမှ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အင်ဂျလာမာကယ်နှင့် နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒမ်းတို့မှာ အကောင်းဆုံး ဦးဆောင်ခဲ့သူများအဖြစ် ဂုဏ်သတင်းမွှေးပျံ့ လျှက်ရှိသည်။

နယူးဇီလန်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကျယ်ကျယ်ပြန့်ပြန့် မရှိတော့တဲ့အပြင်၊ လူမှုအသိုင်းအဝိုင်းကြား ကူးစက်မှု မတွေ့ရတော့ပါဘူး” ” ဒီစစ်ပွဲမှာ ကျွန်မတို့ အနိုင်ရရှိခဲ့ပါပြီ။ .. ” ဟု ဝန်ကြီးချုပ်ဂျာဆင်ဒါအာဒမ်းက ပြောဆိုသည်။သို့သော်လည်း နေ့စဉ်လူနေမှုဘဝသို့ ပြန်လည်ရောက်ရှိသည်အထိ ရောဂါပိုးကို အပြီးတိုင်ချေ မှုန်းနိုင်မည့် အချိန်ကာလမှာ မသေချာသေးကြောင်း ဆက်လက် သတိပေးသည်။အမြင့်ဆုံး ကန့်သတ်ချက် အဆင့် ၄- တွင် ၅-ပတ်နီးပါးကြာပြီး အဆင့် ၃- သို့ လျှော့ချသော်လည်း နိုင်ငံအတွင်း မရှိမဖြစ် စီးပွားရေးလုပ်ငန်းများ၊ ပါဆယ်ဆွဲ စားသောက်ဆိုင်များနှင့် စာသင်ကျောင်းများသာ စတင်ဖွင့်လှစ်မည်ဖြစ်သည်။“ကျွန်မတို့အကြားမှာ ပျောက်ဆုံးနေခဲ့တဲ့ လူချင်းထိတွေ့ဆက်သွယ်မှုတွေကို လူတိုင်းက ပြန်လိုချင်ကြပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ သတိကြီးကြီးထားပြီး ဖြည်းဖြည်းချင်း ဆောင်ရွက်ယူမှ ရပါလိမ့်မယ်၊ နယူးဇီလန်နိုင်ငံသားတွေရဲ့ ကောင်းလာပြီးသား ကျန်းမာရေးကို ပြန်ပြီး ထိခိုက်အောင် မလုပ်သင့်ပါဘူး၊ ဒါကြောင့် ကန့်သတ်ချက် အဆင့် ၃- မှာ ဆက်နေဖို့ လိုအပ်ပါတယ် .. “ ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကာကွယ်တားဆီးရေး ကန့်သတ်ချက်အဆင့် လျှော့ချလိုက်သော နယူးဇီလန်တွင် လူဦးရေ ၅-သန်းခန့်နေထိုင်ပြီး လွန်ခဲ့သည့် ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၁-ဦးသာလျှင် တွေ့ရှိရသည်။ ကူးစက်ခံရသူ ၁,၄၇၂-ဦး ရှိခဲ့ရာတွင် ၁,၂၁၄-ဦးကို သက်သာပျောက်ကင်းအောင် ဆေးဝါးကုသပေးနိုင်ခဲ့ပြီး ၁၉-ဦး သေဆုံးသည်။တစ်နိုင်ငံလုံးလျှင် ကိုရိုနာဗိုင်းရပ်စ်ပိုးစွဲကပ်ခံရခြင်း ရှိ-မရှိ အကြိမ်ပေါင်း တစ်သိန်းနှစ်သောင်း ကျော် စစ်ဆေးနိုင်ခဲ့သဖြင့် လူ ၁-သန်းလျှင် ၂၆,၁၄၃-ဦးနှုန်းဖြစ်ကြောင်း worldometer ၏ မှတ်တမ်းများအရ သိရှိရသည်။ကိုရိုနာဗိုင်းရပ်စွဲ ကပ်ရောဂါကျရောက်လျှက်ရှိသော ကမ္ဘာကြီးတွင် လူဦးရေများသော နိုင်ငံကြီးများမှာ ဒုက္ခတစ်မျိုးဖြစ်၍ လူဦးရေနည်းသော နိုင်ငံများမှာလည်း ဒုက္ခ တစ်ဖုံရင်ဆိုင်နေကြရသည်။ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်တို့သည် လူဦးရေများပြီး လူနေသိပ်သည်းသဖြင့် ကူးစက်ကပ်ရောဂါပျံ့ပွားမှုကို အချိန်မီ မထိန်းနိုင်လျှင် မတွေးဝံ့စရာဖြစ်နေသည်။ နယူးဇီလန်၊ စင်္ကာပူ၊ ဆွစ်ဇာလန်ကဲ့သို့ နိုင်ငံများမှာ လူဦးရေနည်းလွန်းရသည့်အထဲ နိုင်ငံသား ၄၀% လောက် ဖျားနာ၍ ၃% လောက် အသက်ဆုံးရှုံးရမည့်အရေးမှာ တကယ့် စွန့်စားရမည့် ပြဿနာကြီးတစ်ရပ် ဖြစ်နေလေသည်။

ကိုဗစ္-၁၉ ကပ္ေရာဂါအား အနိုင္ရလိုက္ၿပီျဖစ္ေၾကာင္း နယူးဇီလန္နိုင္ငံ ေၾကျငာ

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ကပ္ေရာဂါ ကာကြယ္တားဆီးေရးအတြက္ အျမင့္ဆုံးကန႔္သတ္ခ်က္ အဆင့္ ၄ အျဖစ္ ရက္သတၱ ၅-ပတ္နီးပါးၾကာမၽွ တင္းၾကပ္ခဲ့ရေသာ နယူးဇီလန္နိုင္ငံသည္ တနလၤာေန႔ေႏွာင္းပိုင္းမွစတင္ကာ ကန႔္သတ္ခ်က္ အဆင့္ ၃- သို႔ ေလၽွာ့ခ်လိုက္သည္ဟု AFP က ေရးသားထားသည္။လတ္တေလာ ကမၻာႀကီးတစ္ခြင္လုံးတြင္ Covid- 19 ကူးစက္ကပ္ေရာဂါက်ေရာက္လၽွက္ရွိသည္။ နိုင္ငံတိုင္း ကူးစက္ေရာဂါဒါဏ္ခဲ့စားခဲ့ၾကရာ၌ နိုင္ငံသားတို႔ ဖ်ားနာပ်က္စီးရျခင္းဦးေရကို အနည္းဆုံးျဖစ္ေအာင္ႏွင့္ နိုင္ငံ့စီးပြားေရးအရင္းအျမစ္မ်ားအား ထိေရာက္စြာ အခ်ိန္ကိုက္ေဆာင္ရြက္ရာတြင္မူ နိုင္ငံအနည္းငယ္၌သာ တုန႔္ျပန္နိုင္ေၾကာင္း ေတြ႕ရွိရသည္။ ဤတြင္ ကပ္ေရာဂါကို ကာကြယ္တားဆီးေပးနိုင္ယုံမက အသက္ေသြးေၾကာလုပ္ငန္းမ်ားအား နိုင္နင္းစြာ စီမံခန႔္ခြဲ ခဲ့သူမ်ားမွာမူ အမ်ိဳးသမီး ေခါင္းေဆာင္မ်ားျဖစ္ေနသည္။ ဥေရာပမွ ဂ်ာမနီနိုင္ငံ ဝန္ႀကီးခ်ဳပ္ အင္ဂ်လာမာကယ္ႏွင့္ နယူးဇီလန္ဝန္ႀကီးခ်ဳပ္ ဂ်ာဆင္ဒါအာဒမ္းတို႔မွာ အေကာင္းဆုံး ဦးေဆာင္ခဲ့သူမ်ားအျဖစ္ ဂုဏ္သတင္းေမႊးပ်ံ႕ လၽွက္ရွိသည္။

နယူးဇီလန္မွာ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားမႈ က်ယ္က်ယ္ျပန႔္ျပန႔္ မရွိေတာ့တဲ့အျပင္၊ လူမႈအသိုင္းအဝိုင္းၾကား ကူးစက္မႈ မေတြ႕ရေတာ့ပါဘူး” ” ဒီစစ္ပြဲမွာ ကၽြန္မတို႔ အနိုင္ရရွိခဲ့ပါၿပီ။ .. ” ဟု ဝန္ႀကီးခ်ဳပ္ဂ်ာဆင္ဒါအာဒမ္းက ေျပာဆိုသည္။သို႔ေသာ္လည္း ေန႔စဥ္လူေနမႈဘဝသို႔ ျပန္လည္ေရာက္ရွိသည္အထိ ေရာဂါပိုးကို အၿပီးတိုင္ေခ် မႈန္းနိုင္မည့္ အခ်ိန္ကာလမွာ မေသခ်ာေသးေၾကာင္း ဆက္လက္ သတိေပးသည္။အျမင့္ဆုံး ကန႔္သတ္ခ်က္ အဆင့္ ၄- တြင္ ၅-ပတ္နီးပါးၾကာၿပီး အဆင့္ ၃- သို႔ ေလၽွာ့ခ်ေသာ္လည္း နိုင္ငံအတြင္း မရွိမျဖစ္ စီးပြားေရးလုပ္ငန္းမ်ား၊ ပါဆယ္ဆြဲ စားေသာက္ဆိုင္မ်ားႏွင့္ စာသင္ေက်ာင္းမ်ားသာ စတင္ဖြင့္လွစ္မည္ျဖစ္သည္။“ကၽြန္မတို႔အၾကားမွာ ေပ်ာက္ဆုံးေနခဲ့တဲ့ လူခ်င္းထိေတြ႕ဆက္သြယ္မႈေတြကို လူတိုင္းက ျပန္လိုခ်င္ၾကပါတယ္။ ဒါေပမဲ့ ခိုင္မာတဲ့ ယုံၾကည္ခ်က္နဲ႔ သတိႀကီးႀကီးထားၿပီး ျဖည္းျဖည္းခ်င္း ေဆာင္ရြက္ယူမွ ရပါလိမ့္မယ္၊ နယူးဇီလန္နိုင္ငံသားေတြရဲ့ ေကာင္းလာၿပီးသား က်န္းမာေရးကို ျပန္ၿပီး ထိခိုက္ေအာင္ မလုပ္သင့္ပါဘူး၊ ဒါေၾကာင့္ ကန႔္သတ္ခ်က္ အဆင့္ ၃- မွာ ဆက္ေနဖို႔ လိုအပ္ပါတယ္ .. “ ဟု ဝန္ႀကီးခ်ဳပ္က ဆက္လက္ေျပာဆိုသည္။

ကိုဗစ္-၁၉ ကူးစက္ကပ္ေရာဂါ ကာကြယ္တားဆီးေရး ကန႔္သတ္ခ်က္အဆင့္ ေလၽွာ့ခ်လိုက္ေသာ နယူးဇီလန္တြင္ လူဦးေရ ၅-သန္းခန႔္ေနထိုင္ၿပီး လြန္ခဲ့သည့္ ၂၄-နာရီအတြင္း ကူးစက္ခံရသူ ၁-ဦးသာလၽွင္ ေတြ႕ရွိရသည္။ ကူးစက္ခံရသူ ၁,၄၇၂-ဦး ရွိခဲ့ရာတြင္ ၁,၂၁၄-ဦးကို သက္သာေပ်ာက္ကင္းေအာင္ ေဆးဝါးကုသေပးနိုင္ခဲ့ၿပီး ၁၉-ဦး ေသဆုံးသည္။တစ္နိုင္ငံလုံးလၽွင္ ကိုရိုနာဗိုင္းရပ္စ္ပိုးစြဲကပ္ခံရျခင္း ရွိ-မရွိ အႀကိမ္ေပါင္း တစ္သိန္းႏွစ္ေသာင္း ေက်ာ္ စစ္ေဆးနိုင္ခဲ့သျဖင့္ လူ ၁-သန္းလၽွင္ ၂၆,၁၄၃-ဦးႏႈန္းျဖစ္ေၾကာင္း worldometer ၏ မွတ္တမ္းမ်ားအရ သိရွိရသည္။ကိုရိုနာဗိုင္းရပ္စြဲ ကပ္ေရာဂါက်ေရာက္လၽွက္ရွိေသာ ကမၻာႀကီးတြင္ လူဦးေရမ်ားေသာ နိုင္ငံႀကီးမ်ားမွာ ဒုကၡတစ္မ်ိဳးျဖစ္၍ လူဦးေရနည္းေသာ နိုင္ငံမ်ားမွာလည္း ဒုကၡ တစ္ဖုံရင္ဆိုင္ေနၾကရသည္။ပါကစၥတန္၊ အိႏၵိယ၊ ဘဂၤလားဒက္ရွ္တို႔သည္ လူဦးေရမ်ားၿပီး လူေနသိပ္သည္းသျဖင့္ ကူးစက္ကပ္ေရာဂါပ်ံ႕ပြားမႈကို အခ်ိန္မီ မထိန္းနိုင္လၽွင္ မေတြးဝံ့စရာျဖစ္ေနသည္။ နယူးဇီလန္၊ စကၤာပူ၊ ဆြစ္ဇာလန္ကဲ့သို႔ နိုင္ငံမ်ားမွာ လူဦးေရနည္းလြန္းရသည့္အထဲ နိုင္ငံသား ၄၀% ေလာက္ ဖ်ားနာ၍ ၃% ေလာက္ အသက္ဆုံးရႈံးရမည့္အေရးမွာ တကယ့္ စြန႔္စားရမည့္ ျပႆနာႀကီးတစ္ရပ္ ျဖစ္ေနေလသည္။