ကိုဗစ် ရောဂါပိုးအတည်ပြု ဓါတ်ခွဲခန်း မန္တလေးတွင်ထားရှိမည်ဖြစ်၍ မေလအတွင်း စစ်ဆေးမှုများ စတင်နိုင်မည်

0
114

ကိုဗစ် ရောဂါပိုးအတည်ပြု ဓါတ်ခွဲခန်း မန္တလေးတွင်ထားရှိမည်ဖြစ်၍ စစ်ဆေးမှုများကို မေလအတွင်း စတင်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၂၇ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရက သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဓါတ်ခွဲခန်းကို မန္တလေးမြို့ FDA ရုံးဟောင်းနေရာတွင် ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

“မန္တလေး အပါအဝင် အထက်မြန်မာပြည်က ပြည်သူတွေ ကိုဗစ် ရောဂါပိုးရှိ၊ မရှိ အတည်ပြုစစ်ဆေးပေးနိုင်မယ့် ဓါတ်ခွဲခန်း မန္တလေးမြို့မှာ ထားဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးစားဆောင်ရွက်နေပါတယ်။ FDA ရုံးဟောင်းနေရာမှာ စီစဉ်ထားတယ်။ စင်္ကာပူက လှူဒါန်းလိုက်တဲ့ စက်လည်းရောက်ပြီ။ အဆောက်အအုံပိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဓါတ်ခွဲခန်းတာဝန် ထမ်းဆောင်မယ့် ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သင်တန်း ပေးထားပါတယ်’’ ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောသည်။

လက်ရှိတွင် ကိုဗစ် ရောဂါပိုးရှိ၊ မရှိ အတည်ပြုရန် ရန်ကုန်မြို့ရှိ အမျိုးသားဓါတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေး​နေရပြီး မန္တလေးတိုင်းဒေသကြီးတွင် ဧပြီလအတွင်း နဂိုရောဂါအခံများ ပြင်းထန်မှုကြောင့် စောင့်ကြည့်လူနာ ၁၂ ဦး သေဆုံးမှုရှိပြီ ဖြစ်ကြောင်းသိရသည်။

“အခုက တစ်ပြည်လုံးက ရန်ကုန်ကို ဓါတ်ခွဲနမူနာပို့နေရတယ်။ ညကားနဲ့ ပို့တယ်။ ပြီးမှ မနက်မှ အဖြေသွားယူတယ်။ အနယ်နယ်အရပ်ရပ်က လာတာတွေကို ဓါတ်ခွဲနမူနာစုဆောင်းပြီး မန္တလေးက တစ်ဆင့်ပို့ရတာ။ တကယ်လို့ မန္တလေးမှာ လုပ်နိုင်တယ်ဆိုရင်တော့ အထက်မြန်မာပြည်က အားလုံးအတွက် စစ်ဆေးပေးနိုင်တော့မှာပါ’’ ဟု ဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ထပ်မံပြောသည်။

အကုန်သိ

ကိုဗစ္ ေရာဂါပိုးအတည္ျပဳ ဓါတ္ခြဲခန္း မႏၲေလးတြင္ထားရွိမည္ျဖစ္၍ ေမလအတြင္း စစ္ေဆးမႈမ်ား စတင္ႏိုင္မည္

ကိုဗစ္ ေရာဂါပိုးအတည္ျပဳ ဓါတ္ခြဲခန္း မႏၲေလးတြင္ထားရွိမည္ျဖစ္၍ စစ္ေဆးမႈမ်ားကို ေမလအတြင္း စတင္ႏိုင္မည္ျဖစ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ဧၿပီ ၂၇ ရက္က မႏၲေလးတိုင္းေဒသႀကီးအစိုးရက သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ ဓါတ္ခြဲခန္းကို မႏၲေလးၿမိဳ႕ FDA ႐ုံးေဟာင္းေနရာတြင္ ထားရွိသြားမည္ျဖစ္ေၾကာင္းသိရသည္။

“မႏၲေလး အပါအ၀င္ အထက္ျမန္မာျပည္က ျပည္သူေတြ ကိုဗစ္ ေရာဂါပိုးရွိ၊ မရွိ အတည္ျပဳစစ္ေဆးေပးႏိုင္မယ့္ ဓါတ္ခြဲခန္း မႏၲေလးၿမိဳ႕မွာ ထားဖို႔ မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က ႀကိဳးစားေဆာင္႐ြက္ေနပါတယ္။ FDA ႐ုံးေဟာင္းေနရာမွာ စီစဥ္ထားတယ္။ စကၤာပူက လွဴဒါန္းလိုက္တဲ့ စက္လည္းေရာက္ၿပီ။ အေဆာက္အအုံပိုင္း ျပင္ဆင္မႈေတြ လုပ္ေနပါတယ္။ ဓါတ္ခြဲခန္းတာ၀န္ ထမ္းေဆာင္မယ့္ က်န္းမာေရး၀န္ထမ္းေတြကိုလည္း သင္တန္း ေပးထားပါတယ္’’ ဟု မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ရွမ္းတိုင္းရင္းသား၀န္ႀကီး ဦးစိုင္းပန္ဆိုင္းက ေျပာသည္။

လက္ရွိတြင္ ကိုဗစ္ ေရာဂါပိုးရွိ၊ မရွိ အတည္ျပဳရန္ ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားဓါတ္ခြဲခန္းသို႔ ေပးပို႔ စစ္ေဆး​ေနရၿပီး မႏၲေလးတိုင္းေဒသႀကီးတြင္ ဧၿပီလအတြင္း နဂိုေရာဂါအခံမ်ား ျပင္းထန္မႈေၾကာင့္ ေစာင့္ၾကည့္လူနာ ၁၂ ဦး ေသဆုံးမႈရွိၿပီ ျဖစ္ေၾကာင္းသိရသည္။

“အခုက တစ္ျပည္လုံးက ရန္ကုန္ကို ဓါတ္ခြဲနမူနာပို႔ေနရတယ္။ ညကားနဲ႔ ပို႔တယ္။ ၿပီးမွ မနက္မွ အေျဖသြားယူတယ္။ အနယ္နယ္အရပ္ရပ္က လာတာေတြကို ဓါတ္ခြဲနမူနာစုေဆာင္းၿပီး မႏၲေလးက တစ္ဆင့္ပို႔ရတာ။ တကယ္လို႔ မႏၲေလးမွာ လုပ္ႏိုင္တယ္ဆိုရင္ေတာ့ အထက္ျမန္မာျပည္က အားလုံးအတြက္ စစ္ေဆးေပးႏိုင္ေတာ့မွာပါ’’ ဟု ၀န္ႀကီး ဦးစိုင္းပန္ဆိုင္းက ထပ္မံေျပာသည္။

အကုန္သိ

LEAVE A REPLY

Please enter your comment!
Please enter your name here