ကိုဗစ် ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးမှု အတည်ပြုလူနာ (၁)ဦး

0
147

ဧပြီ (၂၉) AlinnMyay(အလင်းမြေ)

ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (၂၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီ
သတင်းထုတ်ပြန်ခြင်း

၁။ (၂၉-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (၂၈-၄-၂၀၂၀ ရက် အတွက် ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သော စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာ (၂၆၈) ခု၏ ဓာတ်ခွဲအဖြေများအနက်

• ကိုဗစ် ရောဂါပိုးတွေ့ရှိ (လူနာသစ်) = (၁) ဦး တွေ့ရှိခဲ့ပါသည်။

၂။ သို့ဖြစ်ပါ၍ (၂၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၀) ဦး တွေ့ရှိခဲ့ပြီဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် ထိုသို့ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား ပုံမှန် စစ်ဆေးလျက်ရှိပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit

ကိုဗစ္ ေရာဂါ ဓာတ္ခြဲနမူနာ စစ္ေဆးမႈ အတည္ျပဳလူနာ (၁)ဦး

ဧၿပီ (၂၉) AlinnMyay(အလင္းေျမ)

ကိုဗစ္ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန (၂၉-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၇:၀၀) နာရီ
သတင္းထုတ္ျပန္ျခင္း

၁။ (၂၉-၄-၂၀၂၀) ရက္ေန႔၊ နံနက္အေစာပိုင္းတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (၂၈-၄-၂၀၂၀ ရက္ အတြက္ ဒုတိယအသုတ္) ဓာတ္ခြဲစစ္ေဆးၿပီးစီးခဲ့ေသာ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန႔္သတ္ထားရွိသူမ်ား၏ ဓာတ္ခြဲနမူနာ (၂၆၈) ခု၏ ဓာတ္ခြဲအေျဖမ်ားအနက္

• ကိုဗစ္ ေရာဂါပိုးေတြ႕ရွိ (လူနာသစ္) = (၁) ဦး ေတြ႕ရွိခဲ့ပါသည္။

၂။ သို႔ျဖစ္ပါ၍ (၂၉-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၇:၀၀) နာရီအခ်ိန္အထိ ျမန္မာနိုင္ငံတြင္ ကိုဗစ္ ေရာဂါဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း (၁၅၀) ဦး ေတြ႕ရွိခဲ့ၿပီျဖစ္ပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) အေနျဖင့္ ထိုသို႔ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန႔္သတ္ထားရွိသူမ်ား၏ ဓာတ္ခြဲနမူနာမ်ားအျပင္ ကိုဗစ္ ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာမ်ားအားလည္း ရယူကာ ပိုးကင္းစင္လာမႈ အေျခအေနအား ပုံမွန္ စစ္ေဆးလ်က္ရွိပါသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန #AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

Credit