ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံး ဘုရား (အရှင်ဆန္ဒာဓိက)

0
169

၁။ သည်ဘုရားက။

သည်ဘုရားက တန်ခိုး ကြီးတယ်၊ ဆုတောင်းပြည့််တယ် ဆိုရင် လူအများက စဉ်းစားမ နေတော့ပဲ၊ ဝိုင်းအုံ သွားလေ့ ရှိကြ ပါတယ်။ ဘုရား အားလုံးက ဂေါတမမြတ်စွာ ဘုရားကို ရည်စူးတည် ထားကြ တာဖြစ်ပါတယ်။

၂။ကွဲပြားတဲ့ ကိုးကွယ်မှု။

ပုထုဇဉ်တွေက စေတီကို ကိုးကွယ်ကြ ပါတယ်။ တရားအသိ ရရှိ လာကြတော့ ဂုဏ်တော်ကို ကိုးကွယ်ကြပါတယ်။ အရိယာ များက သစ္စာ၄ပါး တရားကို ကိုးကွယ်ကြ ပါတယ်။

၃။ဘယ်လို စေတီတည်ကြမလဲ?

အရဟံ ဂုဏ်တော် ကိုပွားများနေလျှင် နှလုံးသားတောင် ထိပ်ပေါ်မှာ အရဟံစေတီ တည်နေခြင်း ပါပဲ။

သဒ္ဓါဆိုတဲ့ မြေသားကျောက်သားတွေနဲ.ပြည့်စုံ ရပါမ ယ်။ အရဟံံ၏ အနက် အဓိပ္ပါယ်ကို သေသေချာချာ သိရ ပါမယ်။ ပွားများခြင်းရဲ.တန်ခိုးသတ္တိတွေ အပေါ်မှာ ယုံကြည် ရမယ်။

ယုံကြည်တဲ့ သဒ္ဓါ၊သိမြင်တဲ့ ပညာနဲ. အထပ်ထပ် ပွားများနေရင် နှလုံးသားမှာ အရဟံ စေတီတော်မြတ်ကြီး တဖြည်းဖြည်းမြင် တက်လာမှာ ဖြစ်ပါတယ်။

၄။အထူး သတိထားဖွယ်။

ကျနော်တို.တတွေက ပါဠိ လူမျိုးတွေ မဟုတ်တဲ့ အတွက် အရဟံ၊ အရဟံလို. ပါဠိသက်သက် ချည်းရွတ်ရမှာ မဟုတ် ပါဘူး။” အရဟံ – ကိလေသာ ကင်းစင်တော် မူသောမြတ်စွာဘုရား ” မြန်မာ အနက်နဲ.တွဲရွတ်ရပါမယ်။

၅. ဆရာတော်ကြီး များရှင်းလင်းချက်။

ဥပမာ

” အရဟံ”လို.ပုတီးတစ်ပတ် ၁၀၈ လုံး ရွတ် နေတဲ့အခါ ကိလေသာ ကင်းစင်တော် မူသော မြတ်စွာဘုရား ဆိုတဲ့

အဓိပ္ပါယ်ပေါ်မှာ အာရုံမရောက်တော့ ပါဘူး။ ဒါကြောင့် ကိလေသာ ကင်းခြင်းဆိုတဲ့ စိတ်အရည် အသွေးပေါ်မှာ အာရုံ မရှိတဲ့ အတွက် မိမိရဲ. အရဟံစေတီဟာ သိပ်ပြီးကြည်ညိုဖွယ် မရှိ၊ မသပ္ပါယ်တော့ပါဘူး။

၆. တန်ခိုးသတ္တိ။

ဘာဝနာဆိုတာက စိတ်၏ အလုပ်ပါ။ စိတ်၏ စွမ်းရည် မပြည့်ဝသေးရင် တန်ခိုး သတ္တိတွေ ကလည်း မစွမ်းနိုင်တော့ ပါဘူး။ ဂုဏ်တော် အပေါ်မှာကြည်ညိုနှစ်သက် ဝမ်းသာ ငြိမ်းအေး ပီတိ အားကောင်းနေဖို.က အလွန် အရေးကြီး ပါတယ်။

၇. တန်ခိုးအကြီးဆုံး ဘုရား။

ပြင်ပမှာတည်ထားတဲ့ ဘုရားက အလကားနေရင်း အလိုအလျောက် ကိုယ့့်ကို လာပြီး အကျိုးမပေးပါဘူး။ ကိုယ့်နှလုံးသားမှာ တည်တဲ့ ဘုရားက သာ တန်ခိုးအကြီးဆုံး ပါပဲ။

သန်းဝင်း

CREDIT

ကမာၻေပၚမွာ တန္ခိုးအႀကီးဆုံး ဘုရား (အရွင္ဆႏၵာဓိက)

၁။ သည္ဘုရားက။

သည္ဘုရားက တန္ခိုး ႀကီးတယ္၊ ဆုေတာင္းျပည့္္တယ္ ဆိုရင္ လူအမ်ားက စဥ္းစားမ ေနေတာ့ပဲ၊ ဝိုင္းအုံ သြားေလ့ ရွိၾက ပါတယ္။ ဘုရား အားလုံးက ေဂါတမျမတ္စြာ ဘုရားကို ရည္စူးတည္ ထားၾက တာျဖစ္ပါတယ္။

၂။ကြဲျပားတဲ့ ကိုးကြယ္မႈ။

ပုထုဇဥ္ေတြက ေစတီကို ကိုးကြယ္ၾက ပါတယ္။ တရားအသိ ရရွိ လာၾကေတာ့ ဂုဏ္ေတာ္ကို ကိုးကြယ္ၾကပါတယ္။ အရိယာ မ်ားက သစၥာ၄ပါး တရားကို ကိုးကြယ္ၾက ပါတယ္။

၃။ဘယ္လို ေစတီတည္ၾကမလဲ?

အရဟံ ဂုဏ္ေတာ္ ကိုပြားမ်ားေနလွ်င္ ႏွလုံးသားေတာင္ ထိပ္ေပၚမွာ အရဟံေစတီ တည္ေနျခင္း ပါပဲ။

သဒၶါဆိုတဲ့ ေျမသားေက်ာက္သားေတြနဲ.ျပည့္စုံ ရပါမ ယ္။ အရဟံံ၏ အနက္ အဓိပၸါယ္ကို ေသေသခ်ာခ်ာ သိရ ပါမယ္။ ပြားမ်ားျခင္းရဲ.တန္ခိုးသတၱိေတြ အေပၚမွာ ယုံၾကည္ ရမယ္။

ယုံၾကည္တဲ့ သဒၶါ၊သိျမင္တဲ့ ပညာနဲ. အထပ္ထပ္ ပြားမ်ားေနရင္ ႏွလုံးသားမွာ အရဟံ ေစတီေတာ္ျမတ္ႀကီး တျဖည္းျဖည္းျမင္ တက္လာမွာ ျဖစ္ပါတယ္။

၄။အထူး သတိထားဖြယ္။

က်ေနာ္တို.တေတြက ပါဠိ လူမ်ိဳးေတြ မဟုတ္တဲ့ အတြက္ အရဟံ၊ အရဟံလို. ပါဠိသက္သက္ ခ်ည္း႐ြတ္ရမွာ မဟုတ္ ပါဘူး။” အရဟံ – ကိေလသာ ကင္းစင္ေတာ္ မူေသာျမတ္စြာဘုရား ” ျမန္မာ အနက္နဲ.တြဲ႐ြတ္ရပါမယ္။

၅. ဆရာေတာ္ႀကီး မ်ားရွင္းလင္းခ်က္။

ဥပမာ

” အရဟံ”လို.ပုတီးတစ္ပတ္ ၁၀၈ လုံး ႐ြတ္ ေနတဲ့အခါ ကိေလသာ ကင္းစင္ေတာ္ မူေသာ ျမတ္စြာဘုရား ဆိုတဲ့

အဓိပၸါယ္ေပၚမွာ အာ႐ုံမေရာက္ေတာ့ ပါဘူး။ ဒါေၾကာင့္ ကိေလသာ ကင္းျခင္းဆိုတဲ့ စိတ္အရည္ အေသြးေပၚမွာ အာ႐ုံ မရွိတဲ့ အတြက္ မိမိရဲ. အရဟံေစတီဟာ သိပ္ၿပီးၾကည္ညိဳဖြယ္ မရွိ၊ မသပၸါယ္ေတာ့ပါဘူး။

၆. တန္ခိုးသတၱိ။

ဘာဝနာဆိုတာက စိတ္၏ အလုပ္ပါ။ စိတ္၏ စြမ္းရည္ မျပည့္ဝေသးရင္ တန္ခိုး သတၱိေတြ ကလည္း မစြမ္းႏိုင္ေတာ့ ပါဘူး။ ဂုဏ္ေတာ္ အေပၚမွာၾကည္ညိဳႏွစ္သက္ ဝမ္းသာ ၿငိမ္းေအး ပီတိ အားေကာင္းေနဖို.က အလြန္ အေရးႀကီး ပါတယ္။

၇. တန္ခိုးအႀကီးဆုံး ဘုရား။

ျပင္ပမွာတည္ထားတဲ့ ဘုရားက အလကားေနရင္း အလိုအေလ်ာက္ ကိုယ့့္ကို လာၿပီး အက်ိဳးမေပးပါဘူး။ ကိုယ့္ႏွလုံးသားမွာ တည္တဲ့ ဘုရားက သာ တန္ခိုးအႀကီးဆုံး ပါပဲ။

သန္းဝင္း

CREDIT