အခုအချိန ကြက်ဥတွေပေါ‌နေတုန်း တော်ဝင်နန်းသုံး ခနုံထုပ်လုပ်‌နည်းလေး

0
177

အခုအချိန်မှာ ကြက်ဥတွေပေါ‌နေတုန်း

တော်ဝင်နန်းသုံး ခနုံထုပ်လေးတွေလုပ်စားကြရအောင်

ဆရာကြီးတော့မဟုတ်ပေမယ့် လုပ်‌နည်းလေးရေးပေးမယ်နော်

Coverလုပ်ဖို ့ ကြက်ဥ၊ဂျုံ၊ သကြား၊ဆား တို့ကိုရောပြီး မွှေပါ

ဖူးကတော့ ဒယ်နီနဲ့လုပ်တယ် မကပ်တဲ့အိုးလေးရှိရင်တော့ပိုအဆင်ပြေတာပေါ့ ဒယ်နီမှာ ဆီလေးပါးပါးလေးသုတ်ပြီး ရောမွှေထားတဲ့ ကြက်ဥကို ပါးပါးလေး(ခေါက်မုန့်လို)ထည့်လိုက်ပါ

အပူအရမ်းမပြင်းစေနဲ့နော် မီးမီးအေးအေးနဲ့ပဲ ခဏလေးထားပြီး အပေါ်အောက်လှန်ပေးလိုက်ပါ ကဲ Coverလေးရပြီဆိုရင် ဖူးတို့ အထဲမှာအစာသွတ်တာလေးကိုဆက်ပြောရအောင်

အစာသွတ်ဖို့က ကြက်သား၊

ကြက်သွန်နီ‌ကြော်၊

ဂျ ူးမြစ်(ဖူးကတော့ ဥနီထည့်တယ်)၊

ကြက်သွန်မြိတ်လေး လိုပါတယ်

ကြက်သားကိုပြုတ်ပြီး တောက်တောက်စင်း ပြီးရင်

ကြက်သွန်ကြော် ဂျ ူးမြစ်(ဖူးကတော့ ဥနီ‌ သေးသေးလေးလှီး)၊ကြက်သွန်မြိတ်လေး(ပါးပါးလေးလှီး) အားလုံးကို ရောကြော်လိုက်ပါ

ကဲ ကြက်ဥCoverလေး ထဲ အစာလေးထည့်ပြီး ကော်ပြန် ့လေးလို လိပ်လိုက်ရင် တော်ဝင်နန်းသုံး ခနုံထုပ်ရပါပြီရှင့်

မရေးတတ်ရေးတတ်မို့ အမှားပါရင် ခွင့်လွှတ်ပေးပါရှင့်

လေးစားစွာဖြင့် ခရက်ဒစ် Yuki Hana

အခုအချိန် ကြက်ဥတွေပေါ‌နေတုန်း တော်ဝင်နန်းသုံး ခနုံထုပ် လုပ်‌နည်းလေး







အစာသွတ်ဖို့က ကြက်သား၊

ကြက်သွန်နီ‌ကြော်၊






