ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ နံနက် (၇:၀၀)နာရီ သတင်းထုတ်ပြန်ခြင်း

0
220

(၃၀-၄-၂၀၂၀) ရက်နေ့၊ နံနက် (၇:၀၀)နာရီ

၁။ (၃၀-၄-၂၀၂၀) ရက်နေ့၊ နံနက်အစောပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ (ဒုတိယအသုတ်) အဖြစ် စစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၁၈၄) ခုတွင် –

• ကိုဗစ် ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

၂။ သို့ဖြစ်ပါ၍ (၃၀-၄-၂၀၂၀)ရက်နေ့၊ နံနက် (၇:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ (၁၅၀) ဦးရှိပြီဖြစ်ပါသည်။

၃။ (၂၉-၄-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများကို –

• ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၁) ခုအားလည်းကောင်း၊

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၂၇၃) ခုအား (၂) သုတ်ခွဲ၍လည်းကောင်း စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

၄။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) အနေဖြင့် စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် ကိုဗစ် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ရောဂါပိုးကင်းစင်လာမှု အခြေအနေအား ပုံမှန်စစ်ဆေးလျက်ရှိပါသည်။

ကိုဗစ္ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ နံနက္ (၇:၀၀)နာရီ သတင္းထုတ္ျပန္ျခင္း

(၃၀-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၇:၀၀)နာရီ

၁။ (၃၀-၄-၂၀၂၀) ရက္ေန႔၊ နံနက္အေစာပိုင္း၌ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္)မွ (ဒုတိယအသုတ္) အျဖစ္ စစ္ေဆးၿပီးစီးခဲ့သည့္ ဓာတ္ခြဲနမူနာ (၁၈၄) ခုတြင္ –

• ကိုဗစ္ ေရာဂါဓာတ္ခြဲအတည္ျပဳ လူနာသစ္ မေတြ႕ရွိပါ။

၂။ သို႔ျဖစ္ပါ၍ (၃၀-၄-၂၀၂၀)ရက္ေန႔၊ နံနက္ (၇:၀၀)နာရီအထိ ျမန္မာနိုင္ငံတြင္ ကိုဗစ္ ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာ (၁၅၀) ဦးရွိၿပီျဖစ္ပါသည္။

၃။ (၂၉-၄-၂၀၂၀) ရက္ေန႔အတြက္ ဓာတ္ခြဲစစ္ေဆးမႈမ်ားကို –

• ေဆးသုေတသနဦးစီးဌာန (DMR) မွ ဓာတ္ခြဲနမူနာ (၂၁) ခုအားလည္းေကာင္း၊

• အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ ဓာတ္ခြဲနမူနာ (၂၇၃) ခုအား (၂) သုတ္ခြဲ၍လည္းေကာင္း စစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။

၄။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) အေနျဖင့္ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန႔္သတ္ထားရွိသူမ်ား၏ ဓာတ္ခြဲနမူနာမ်ားအျပင္ ကိုဗစ္ ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာမ်ားအားလည္း ရယူကာ ေရာဂါပိုးကင္းစင္လာမႈ အေျခအေနအား ပုံမွန္စစ္ေဆးလ်က္ရွိပါသည္။