ရုရှားမှာကျောင်းတက်နေတဲ့ မြန်မာ့တပ်မတော်သား ၃ ဦး ကိုဗစ်၁၉ ကူးစက်နေ

0
188

ရုရှားမှာကျောင်းတက်နေတဲ့ မြန်မာ့တပ်မတော်သား ၃ ဦး ကိုဗစ်၁၉ ကူးစက်နေ

မြန်မာ့တပ်မတော်က ရုရှားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သင်တန်းသား ၃ ဦး ကိုဗစ်၁၉ ကူးစက်နေကြောင်း ရုရှားမှာရှိတဲ့ စစ်သံရုံးရဲ့ တင်ပြချက်ကို ကိုးကားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂၉ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။ကိုဗစ်၁၉ ကူးစက်နေတဲ့ ၃ ဦးထဲက ၂ ဦးကတော့ မော်စကိုမြို့က Russia University of Transport (MIIT/RUT) မှာ တက်နေကြတဲ့ သင်တန်းသားတွေဖြစ်ပြီး ကျန်တဦးကတော့ Moscow Power Engineering Institute (MPEI) မှာ တက်နေတဲ့ သင်တန်းသားဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံမှာ ကိုဗစ်၁၉ ကူးစက် ပြန့်နှံ့နေတာကြောင့် မြန်မာစစ်တပ်ကစေလွတ်ထားတဲ့ သင်တန်းသား အရာရှိတွေအပါအင် ကျောင်းသားအားလုံးဟာ မတ်လ ၁၉ ရက်နေ့ကစပြီး သက်ဆိုင်ရာအဆောင်တွေကနေ အဝေးရောက်သင်ကြားမှုစံနစ်နဲ့ သင်ယူနေကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဒါပေမယ့် MIIT/RUT ကျောင်းသားတွေနေတဲ့အဆောင်က နိုင်ဂျီးရီးယားကျောင်းသားတဦးမှာ ကိုဗစ်၁၉ ကူးစက်နေတာကို ဧပြီလ ၈ ရက်နေ့မှာ တွေ့ရှိခဲ့ရာက Lockdown – အဝင်အထွက်မလုပ်ရ အမိန့်ထုတ်ပြန်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ကြောင်း၊ အဲဒီနောက် တဆောင်ထဲနေကျောင်းသားတွေအားလုံးကိုလည်း ကျန်းမာရေး စစ်ဆေးမှုတွေလုပ်ခဲ့တာမှာ ဧပြီလ ၂၇ ရက်နေ့မှာ မြန်မာသင်တန်းသား ၂ ဦးမှာ ကိုဗစ်၁၉ ကူးစက်နေတာကို စမ်းသပ် တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အလားတူဘဲ MPEI ကျောင်းမှာတက်နေတဲ့ ရုရှားကျောင်းသားတဦးမှာ ဧပြီလ ၁၂ ရက်နေ့က ကိုဗစ်၁၉ ကူးစက်နေတာကို စတင်တွေ့ရှိခဲ့ရာက Lockdown လုပ်တာ၊ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ဧပြီလ ၂၇ ရက်နေ့မှာ အဲဒီ ရုရှားကျောင်းသားနဲ့တဆောင်ထဲနေ မြန်မာကျောင်းသား တဦးမှာပါ ကိုဗစ်၁၉ ကူးစက်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ သူတို့ ၃ ဦးစလုံးဟာ ထူးခြားပြီး ဖျားနာတဲ့အနေအထား မရှိကြောင်းနဲ့ ရုရှားကျန်းမာရေးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ အဆောင်မှာဘဲ သီးခြားခွဲပြီး နေထိုင်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

VOA Burmese News

႐ုရွားမွာေက်ာင္းတက္ေနတဲ့ ျမန္မာ့တပ္မေတာ္သား ၃ ဦး ကိုဗစ္၁၉ ကူးစက္ေန

ျမန္မာ့တပ္မေတာ္က ႐ုရွားနိုင္ငံမွာ ပညာသင္ၾကားေနတဲ့ သင္တန္းသား ၃ ဦး ကိုဗစ္၁၉ ကူးစက္ေနေၾကာင္း ႐ုရွားမွာရွိတဲ့ စစ္သံ႐ုံးရဲ့ တင္ျပခ်က္ကို ကိုးကားၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဧၿပီလ ၂၉ ရက္ေန႔ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ပါတယ္။ကိုဗစ္၁၉ ကူးစက္ေနတဲ့ ၃ ဦးထဲက ၂ ဦးကေတာ့ ေမာ္စကိုၿမိဳ႕က Russia University of Transport (MIIT/RUT) မွာ တက္ေနၾကတဲ့ သင္တန္းသားေတြျဖစ္ၿပီး က်န္တဦးကေတာ့ Moscow Power Engineering Institute (MPEI) မွာ တက္ေနတဲ့ သင္တန္းသားျဖစ္တယ္လို႔ ဆိုပါတယ္။

႐ုရွားနိုင္ငံမွာ ကိုဗစ္၁၉ ကူးစက္ ျပန႔္ႏွံ့ေနတာေၾကာင့္ ျမန္မာစစ္တပ္ကေစလြတ္ထားတဲ့ သင္တန္းသား အရာရွိေတြအပါအင္ ေက်ာင္းသားအားလုံးဟာ မတ္လ ၁၉ ရက္ေန႔ကစၿပီး သက္ဆိုင္ရာအေဆာင္ေတြကေန အေဝးေရာက္သင္ၾကားမႈစံနစ္နဲ႔ သင္ယူေနၾကတယ္လို႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ဒါေပမယ့္ MIIT/RUT ေက်ာင္းသားေတြေနတဲ့အေဆာင္က နိုင္ဂ်ီးရီးယားေက်ာင္းသားတဦးမွာ ကိုဗစ္၁၉ ကူးစက္ေနတာကို ဧၿပီလ ၈ ရက္ေန႔မွာ ေတြ႕ရွိခဲ့ရာက Lockdown – အဝင္အထြက္မလုပ္ရ အမိန႔္ထုတ္ျပန္ၿပီး က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ခဲ့ေၾကာင္း၊ အဲဒီေနာက္ တေဆာင္ထဲေနေက်ာင္းသားေတြအားလုံးကိုလည္း က်န္းမာေရး စစ္ေဆးမႈေတြလုပ္ခဲ့တာမွာ ဧၿပီလ ၂၇ ရက္ေန႔မွာ ျမန္မာသင္တန္းသား ၂ ဦးမွာ ကိုဗစ္၁၉ ကူးစက္ေနတာကို စမ္းသပ္ ေတြ႕ရွိခဲ့ရေၾကာင္း ေဖာ္ျပထားပါတယ္။

အလားတူဘဲ MPEI ေက်ာင္းမွာတက္ေနတဲ့ ႐ုရွားေက်ာင္းသားတဦးမွာ ဧၿပီလ ၁၂ ရက္ေန႔က ကိုဗစ္၁၉ ကူးစက္ေနတာကို စတင္ေတြ႕ရွိခဲ့ရာက Lockdown လုပ္တာ၊ က်န္းမာေရးစစ္ေဆးတာေတြ လုပ္ေဆာင္ခဲ့ၿပီးတဲ့ေနာက္ ဧၿပီလ ၂၇ ရက္ေန႔မွာ အဲဒီ ႐ုရွားေက်ာင္းသားနဲ႔တေဆာင္ထဲေန ျမန္မာေက်ာင္းသား တဦးမွာပါ ကိုဗစ္၁၉ ကူးစက္ေနတာကို ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။လက္ရွိမွာေတာ့ သူတို႔ ၃ ဦးစလုံးဟာ ထူးျခားၿပီး ဖ်ားနာတဲ့အေနအထား မရွိေၾကာင္းနဲ႔ ႐ုရွားက်န္းမာေရးဌာနရဲ့ ညြန္ၾကားခ်က္နဲ႔အညီ အေဆာင္မွာဘဲ သီးျခားခြဲၿပီး ေနထိုင္ေနတယ္လို႔ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

VOA Burmese News