ဘော်လီဘောပုတ် တော်တဲ့ ဆရာဝန်ကြီးနဲ့ဆရာဝန်မလေး…
0
131
ဘော်လီဘောပုတ် တော်တဲ့ ဆရာဝန်ကြီးနဲ့ဆရာဝန်မလေး…
29.4.2020 ယင်းမာပင်မြို့နယ် မဲဆန္ဒရှင်ပြည်သူများရှင့်….ကျမပြည်သူများ သိအောင်ပြောပါရစေရှင့်….
ယင်းမာပင်မြို့နယ်က တဦးသမီး 6 လအရွယ် Babyလေး ကို သားသမီးချင်းကိုယ်ချင်းစာပေးကြပါရှင့်….မနေ့က 1 နာရီလောက်က အကြောတက်တက်နေလို့ ဆေးရုံလာတက်တယ်။
ဆေးရုံကို ညအိပ်ရုံ လာအိပ်နေရသလို Baby လေးကို လက်ထောက်ဆရာဝန်မကလည်းဘာမှမဖြစ်ပါဘူး မဖျားပါဘူးဆိုပြီး အသေအချာ ကုသမှု့ မပြုပဲ 24 နာရီ စောင့်ကြည့်ရမယ် ….
ကလေးက အိပ်ချင်လို့မှေးနေတာ ဘာမှမဖြစ်ပါဘူးဆိုပြီး ခုလိုလေးပက်လက်ပြစ်ထားတယ်လို့ Baby လေးရဲ့ အမေကပြောပြတယ်။
ကျမ ကို ညီမလေး မအေးစန္ဒါကျော်က အမဆေးရုံကို လိုက်ကြည့်ပေးပါအုံးဆိုလို့ညနေ 4:30နာရီမှ လိုက်သွားခဲ့တော့ ပုံမှာ မြင်တဲ့အတိုင်း Babyလေးက မျေ့ာနေရှာတယ်။
ကျမလည်း ဆရာဝန်ကြီး စီ ဖုန်းဆက်ဖို့က နံပါတ်ကမယူထားဘူး။ကျမ လ/ထ ဆရာဝန်မလေးကို ဖုန်းဆက်ခေါ်တယ် သူက ကျမ ဂျူတီ မဟုတ်ပါဘူးတဲ့ ။ဒါဆို ဘယ်သူ့ ဂျူတီလည်းဆိုတော့ ဆရာဝန်ကြီး ဂျူတီတဲ့….
ဆရာဝန်ကြီးဂျူတီ ဆိုလည်း ဆရာဝန်မကနေ ဖုန်းဆက်ပေးပါ ဆိုတော့ သူနာပြုတယောက်ယောက်ကို ဆက်ခိုင်းပါလားတဲ့ ….ဘော်လီဘောပုတ် တော်ချက်…
ကျမကဆေးရုံကဖုန်းတွေ အားလုံးယူထားရမလို ပြောပုံက ဆရာဝန်မပဲတဆင့်ဆက်ပေးပါ လူနာကုတင်မှာ ကျမ ရောက်နေတယ်လို့ ဆိုသော်လည်း တယောက်မှ လူနာအခန်းရောက်မလာကြပါဘူး။
ကျမလည်း ညီမလေး အေးစန္ဒါကျော် သွားသွား အမရောက်နေတယ်လို့ သတင်းပို့ပေးပါဆိုမှ အပြာဝတ်တယောက်နဲ့ ဆရာတယောက် လိုက်လာတယ်။
ဆရာမတို့ Baby လေးကို ဘာလို့ပြစ်ထားကြတာလည်းလို့မေးတော့ မပြစ်ထားပါဘူး ဆေးတွေလုပ်ပေးထားပါတယ်တဲ့ ….တခါ Baby လေးအမေက ဘာမှလုပ်မပေးပါဘူးတဲ့ ….
ကဲရှေ့ကဖုံး နောက်ကပေါ်ဆိုသလို ကျမ နာရီကြည့်လိုက်တော့ညနေ 4:30နာရီ ထိုးပြီ ကျမ ကိုယ်တိုင်သင်္ဂဟကား နဲ့ စီစဉ်ပြီး ယင်းမာပင်ပြည်သူ့ဆေးရုံကြီးက Babyလေးရဲ့ ကျန်းမာရေးကို ဂရုမစိုက်ကြောင်း ….
မျက်မြင်ကိုယ်တွေ့ ဖြစ်ကြောင်း ထောက်ခံစာ ရေးပြီး မုံရွာ ပြည်သူ့ဆေးရုံကြီးကို သွားဖို့ စီစဉ်ပေးလိုက်ပါတယ်။ည7နာရီကျ Baby လေးရဲ့အခြေအနေကို ဖုန်းဆက်လှမ်းမေးရာမှာ Babyက ဦးနှောက်အမှေးရောင်ပြီး သွေးလွန်တုတ်ကွေးလို့ ယူဆထားကြောင်း ….
မနက်မှသာအဖြေသိရမည်ဖြစ်ကြောင်း ယခု အောက်ဆီဂျင်ပေးရတော့မည်ဖြစ်ကြောင်း သိရပါတယ်။Baby လေး ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေပါတယ်….။Credit : Original
ကျမ ကို ညီမလေး မအေးစန္ဒါကျော်က အမဆေးရုံကို လိုက်ကြည့်ပေးပါအုံးဆိုလို့ညနေ 4:30နာရီမှ လိုက်သွားခဲ့တော့ ပုံမှာ မြင်တဲ့အတိုင်း Babyလေးက မျော့နေရှာတယ်။
LEAVE A REPLY
Please enter your comment!
Please enter your name here