ချစ်သူတွေကြားမှာ ဒီအိပ်မက်တွေ မက်ရင်တော့ သတိထားတော့
0
80
ချစ်သူတွေကြားမှာ စိတ်ထဲမှာ မသိစိတ်ကနေ နှစ်ယောက်ကြားမှာ ဖြစ်နေသောပြသာနာတွေက အိပ်မက်မှာ ပေါ်လာလိမ့်ပါမယ် … ။ ဘယ်လို အိပ်မက်တွေဖြစ်မှာလဲ … ။ အိပ်မက်တွေကို သတိထားကြည့်လိုက်ပါနော် … ။
( 1 ) ချစ်သူနဲ့ပျော်ရွှင်သာယာနေသော အိပ်မက်
ချစ်သူနဲ့ကွဲရန် နီးစပ်နေလို့မြင်ရသော အိပ်မက်ဖြစ်ပါလိမ့်မယ်။ အိပ်မက်ဆိုတာ ပြောင်းပြန် စဉ်းစားကြည့်ရပါတယ်။ ကိုယ်က ချစ်သူအပေါ်မှာ တကိုယ်ကောင်းဆန်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း အနိုင်ယူနေတာတွေက ပြသာနာဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ချစ်သူအပေါ်မှာ ကောင်းကောင်းပြန်ဆက်ဆံရင်တော့ အချိန်မနှောင်းသေးပါ။ ချစ်သူတွေမဟုတ်ပဲ တဖက်သတ်ချစ်နေသူတွေ မပါဘူးနော် … ။
( 2 ) အိပ်ယာက မီးလောင်ကျွမ်းနေသော အိပ်မက်
ဒီအိပ်မက်ဟာလည်း ကွဲနိုင်ချေရှိပါတယ်။ သူ့မှာ တစ်ခုခုပြသာနာတတ်နေပြီဆိုတာကို အိပ်မက်မှာ ပေါ်လာတာပါ။ပြသာနာက အချစ်ကြောင့်မဟုတ်ပဲ အချစ်နှင့်မဆိုင်သော အခြားသော ကိစ္စတွေကြောင့် ဒီအိပ်မက်ကို မက်တာပါ။ သူနဲ့ဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်ပြီး သေသေချာချာ တိုင်ပင်သင့်ပါတယ်။
( 3 ) ဝမ်းသာစရာကောင်းသော Message ရတယ်ဆိုသော အိပ်မက်
ဒီအိပ်မက်ဟာလည်း သူနဲ့လမ်းခွဲရန် အတော်ကိုသေချာနေပြီဆိုသော အိပ်မက်ပါ။ အခြေအနေက အတော့်ကို ဆိုးဝါးနေတယ်လို့ထင်ရပါတယ်။ သူနဲ့ချစ်သူတွေ ပြန်ဖြစ်ဖို့ဆိုတာ မလွယ်ကူတော့ပါ။ တဖက်သတ်ချစ်နေသောသူမှာလည်း ချစ်သူတွေ မဖြစ်ပဲ ပွဲသိမ်းသွားပါလိမ့်မယ်။
( 4 ) ဘူတာမှာ လမ်းခွဲသော အိပ်မက်
ဘူတာမှာ နှစ်ယောက်ဟာ လမ်းခွဲသော အိပ်မက်ကိုမက်ရင်တော့ ချစ်သူဘဝပြီးဆုံးသွားရန် နီးကပ်လာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ဘဝခံယူချက်တွေက မတူညီသောကြောင့်လမ်းခွဲတာဟာ အကောင်းဆုံးသော ရွေးချယ်မူတစ်ခုအဖြစ် ခံယူလိုက်လို့သာ ဒီအိပ်မက်ကို မက်ခြင်းဖြစ်ပါတယ်။ လမ်းခွဲလိုက်ခြင်းသာလျှင် နှစ်ယောက်စလုံးအတွက် ကောင်းပါတယ်။
( 5 ) ချစ်ရသောသူက ကိုယ့်အနားက ထွက်သွားသော အိပ်မက်
ချစ်သူ၊ ရည်းစားက ကိုယ့်ကိုစိတ်မဝင်စားတော့လို့ ခံယူလို့ရသော အိပ်မက်ပါ။ သူကတော့ ကိုယ့်ကို မကြိုက်နှစ်သက်ဘူးဆိုတာတော့ အမှန်ပါ။ အိပ်မက်မှာ ဖြစ်ပေါ်လာသော အကြောင်းအရာတွေက ချစ်သူတွေ အဖြစ်ကနေ လမ်းခွဲရမည့်အဆင့်ကို ရောက်နေချိန် ဖြစ်နိုင်သလို၊ လမ်းခွဲသင့်တယ်ဆိုတာကို တွေးသင့်သော အဆင့်ဖြစ်ပါလိမ့်မယ်။
အိပ်မက်ဖြစ်တာကြောင့် အမှန်တကယ် အတည်ယူရမည်ဟု မဆိုလိုပါ။ မိမိကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါလို့ အသိပေးပါရစေ .. ။။
crd
crd
LEAVE A REPLY
Please enter your comment!
Please enter your name here