တုပ်ကွေးရာသီအစတွင် ဖျားနာချောင်းဆိုးဖြစ်ရုံနှင့် ကိုဗစ် သံသယလူနာအဖြစ်စစ်ဆေးသွားမည်

0
254

ယခုကဲ့သို့ တုပ်ကွေး ရာသီအစတွင် ဖျားနာ၊ ချောင်းဆိုးဖြစ်ရုံနှင့် ကိုဗစ်-၁၉ သံသယလူနာအဖြစ် သတ်မှတ်ပြီး စစ်ဆေး မှုများ လုပ်ဆောင်သွားရန် ရှိသည်ဟု

ကိုဗစ် ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်(NHL)က ပြောသည်။ တုပ်ကွေးရာသီအစဆိုသည်မှာ မည်သည့် အချိန်ကာလကို ရည်ညွန်းသည်ကိုတော့ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်က ထည့်သွင်း ပြောသွားခြင်း မရှိပေ။

“ အခု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကွာရန်တင်းကို စစ်မယ်၊ နောက်တစ်ခုက ထိတွေ့လူနာ မှန်သမျှကို စစ်မယ်။ ဆေးရုံတတ်တဲ့ လူနာမှန်သမျှရော၊

အခုလို ဖျားနာလာတဲ့ တုပ်ကွေးရာသီအစမှာ ဖျားတယ်၊ ချောင်းဆိုးတယ်ဆို သံသယရှိ လူနာအဖြစ် သတ်မှတ်ပြီး စစ်မယ်ဆိုတော့ ပိုမိုတိုးချဲ့ပြီး စစ်လာနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်က နိုင်ငံတော၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုဗစ် ရောဂါရှာဖွေ၊ ပြင်ဆင်၊ ကုသခြင်း ဆိုင်ရာ တာဝန်ခံ ဆရာဝန် သုံးဦး၏

အပြန်အလှန် ဆွေးနွေးခြင်း တိုက်ရိုက်ထုတ်လွှင့်မှုတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် ရောဂါရှာဖွေရေးတွင် ပမာဏများများ မစစ်နိုင်သေး၍

မိမိကိုယ်ကိုယ် ရောဂါ ကူးစက်နေသည်ကို မသိနိုင်ဘဲ ဗိုင်းရစ် ဖြန့်ဝေမိမည်ကို ပြည်သူများအကြား စိုးရိမ်စိတ်များ ရှိနေခြင်းကို မည်သို့ ဖြေ ရှင်းနိုင်မလဲ အတိုင်ပင်ခံပုဂ္ဂိုလ်က မေးမြန်းရာ

ကိုဗစ် ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်(NHL)က အထက်ပါ အတိုင်းတင်ပြခဲ့ခြင်း ဖြစ်သည်။

ကိုဗစ် ရောဂါရှာဖွေရေးတာဝန်ခံ ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်(NHL)က “ အလျှင်အမြန် စမ်းလို့ရတဲ့ နည်းပညာလည်း ရှိနေ ပါပြီ။ အဲ့ဒီ စက်ကလေးတွေကို ဝယ်ယူဖို့အတွက် ပရိုပိုဆယ်တွေ တင် ထားပြီး ဖြစ်ပါတယ်။

မှန်းထားတာကတော့ ခရိုင် အဆင့်နဲ့ တိုင်းနဲ့ပြည်နယ် ဆေးရုံကြီးတွေမှာ လူ ၃၀၀၊ ၄၀၀ တပြိုင်ထဲ မထွက်ပေမယ့်လို့ သူသည် တစ်နေ့ကို လူ ၂၀၊ ၂၅ ယောက် လောက်တော့ စစ်နိုင်ပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲခန်း(NHL)၌ စစ်ဆေး အတည်ပြုပေး လျက်ရှိရာ ယူနန်ပြည်နယ်အစိုးရ၏ စက်ပစ္စည်းထောက်ပံ့မှုကြောင့်

မန္တလေးမြို့တွင်လည်း မေလ ၁၅ ရက်မှ စတင်၍ စစ်ဆေး နိုင်ဖွယ် ရှိသည်ဟု ပါမောက္ခ ဋ္ဌေးဋ္ဌေးတင်က ပြောသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးနှင့် မွန်ပြည်နယ်၊ မော်လမြိုင်ရှိ ဇီဝလုံခြုံရေးအဆင့် (၃) ရှိ ဓာတ်ခွဲခန်းများတွင်လည်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး စစ်ဆေးနိုင်ရန် စီစဉ်နေကြောင်း ဆိုသည်။

ထို့အပြင် ကိုဗစ် ရောပျောက်ကင်းသွားပါကလည်း တစ်ကျော့ ပြန်လာနိုင်သည့်အတွက် မျိုးရိုးဗီဇ ပြောင်းလဲမှု ရှိ/မရှိ ကို သုတေသနများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ၁၅၀ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိ သလို ပြန်လည်သက်သာသူ ၁၆ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မဇ္ဇျိမ

တုပ္ေကြးရာသီအစတြင္ ဖ်ားနာ ေခ်ာင္းဆိုးျဖစ္႐ုံႏွင့္ ကိုဗစ္ သံသယလူနာအျဖစ္ စစ္ေဆးသြားမည္

ယခုကဲ့သို႔ တုပ္ေကြး ရာသီအစတြင္ ဖ်ားနာ၊ ေခ်ာင္းဆိုးျဖစ္႐ုံႏွင့္ ကိုဗစ္-၁၉ သံသယလူနာအျဖစ္ သတ္မွတ္ၿပီး စစ္ေဆး မႈမ်ား လုပ္ေဆာင္သြားရန္ ရွိသည္ဟု

ကိုဗစ္ ေရာဂါရွာေဖြေရးတာဝန္ခံ ပါေမာကၡ ေ႒းေ႒းတင္(NHL)က ေျပာသည္။ တုပ္ေကြးရာသီအစဆိုသည္မွာ မည္သည့္ အခ်ိန္ကာလကို ရည္ၫြန္းသည္ကိုေတာ့ ပါေမာကၡ ေ႒းေ႒းတင္က ထည့္သြင္း ေျပာသြားျခင္း မရွိေပ။

“ အခု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ကြာရန္တင္းကို စစ္မယ္၊ ေနာက္တစ္ခုက ထိေတြ႕လူနာ မွန္သမွ်ကို စစ္မယ္။ ေဆး႐ုံတတ္တဲ့ လူနာမွန္သမွ်ေရာ၊

အခုလို ဖ်ားနာလာတဲ့ တုပ္ေကြးရာသီအစမွာ ဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္ဆို သံသယရွိ လူနာအျဖစ္ သတ္မွတ္ၿပီး စစ္မယ္ဆိုေတာ့ ပိုမိုတိုးခ်ဲ႕ၿပီး စစ္လာႏိုင္မွာျဖစ္ပါတယ္” ဟု ၎က ေျပာသည္။

ယေန႔ နံနက္က ႏိုင္ငံေတာ၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကိုဗစ္ ေရာဂါရွာေဖြ၊ ျပင္ဆင္၊ ကုသျခင္း ဆိုင္ရာ တာဝန္ခံ ဆရာဝန္ သုံးဦး၏

အျပန္အလွန္ ေဆြးေႏြးျခင္း တိုက္႐ိုက္ထုတ္လႊင့္မႈတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ကိုဗစ္ ေရာဂါရွာေဖြေရးတြင္ ပမာဏမ်ားမ်ား မစစ္ႏိုင္ေသး၍

မိမိကိုယ္ကိုယ္ ေရာဂါ ကူးစက္ေနသည္ကို မသိႏိုင္ဘဲ ဗိုင္းရစ္ ျဖန႔္ေဝမိမည္ကို ျပည္သူမ်ားအၾကား စိုးရိမ္စိတ္မ်ား ရွိေနျခင္းကို မည္သို႔ ေျဖ ရွင္းႏိုင္မလဲ အတိုင္ပင္ခံပုဂၢိဳလ္က ေမးျမန္းရာ

ကိုဗစ္ ေရာဂါရွာေဖြေရးတာဝန္ခံ ပါေမာကၡ ေ႒းေ႒းတင္(NHL)က အထက္ပါ အတိုင္းတင္ျပခဲ့ျခင္း ျဖစ္သည္။

ကိုဗစ္ ေရာဂါရွာေဖြေရးတာဝန္ခံ ပါေမာကၡ ေ႒းေ႒းတင္(NHL)က “ အလွ်င္အျမန္ စမ္းလို႔ရတဲ့ နည္းပညာလည္း ရွိေန ပါၿပီ။ အဲ့ဒီ စက္ကေလးေတြကို ဝယ္ယူဖို႔အတြက္ ပ႐ိုပိုဆယ္ေတြ တင္ ထားၿပီး ျဖစ္ပါတယ္။

မွန္းထားတာကေတာ့ ခ႐ိုင္ အဆင့္နဲ႔ တိုင္းနဲ႔ျပည္နယ္ ေဆး႐ုံႀကီးေတြမွာ လူ ၃၀၀၊ ၄၀၀ တၿပိဳင္ထဲ မထြက္ေပမယ့္လို႔ သူသည္ တစ္ေန႔ကို လူ ၂၀၊ ၂၅ ေယာက္ ေလာက္ေတာ့ စစ္ႏိုင္ပါတယ္”ဟု ေျပာသည္။

လက္ရွိတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ရွိ/မရွိကို ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသားဓာတ္ခြဲခန္း(NHL)၌ စစ္ေဆး အတည္ျပဳေပး လ်က္ရွိရာ ယူနန္ျပည္နယ္အစိုးရ၏ စက္ပစၥည္းေထာက္ပံ့မႈေၾကာင့္

မႏၲေလးၿမိဳ႕တြင္လည္း ေမလ ၁၅ ရက္မွ စတင္၍ စစ္ေဆး ႏိုင္ဖြယ္ ရွိသည္ဟု ပါေမာကၡ ေ႒းေ႒းတင္က ေျပာသည္။

ထို႔ျပင္ ရွမ္းျပည္နယ္၊ ေတာင္ႀကီးႏွင့္ မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ရွိ ဇီဝလုံၿခဳံေရးအဆင့္ (၃) ရွိ ဓာတ္ခြဲခန္းမ်ားတြင္လည္း ကိုဗစ္-၁၉ ေရာဂါႏွင့္ပတ္သက္ၿပီး စစ္ေဆးႏိုင္ရန္ စီစဥ္ေနေၾကာင္း ဆိုသည္။

ထို႔အျပင္ ကိုဗစ္ ေရာေပ်ာက္ကင္းသြားပါကလည္း တစ္ေက်ာ့ ျပန္လာႏိုင္သည့္အတြက္ မ်ိဳး႐ိုးဗီဇ ေျပာင္းလဲမႈ ရွိ/မရွိ ကို သုေတသနမ်ား ဆက္လက္ လုပ္ေဆာင္သြားမည္ဟု ဆိုသည္။

ျမန္မာႏိုင္ငံတြင္ ဧၿပီ ၃၀ ရက္ နံနက္ပိုင္းအထိ ကိုဗစ္-၁၉ ေရာဂါပိုး အတည္ျပဳလူနာ ၁၅၀ ဦးရွိၿပီး ေသဆုံးသူ ေျခာက္ဦးရွိ သလို ျပန္လည္သက္သာသူ ၁၆ ဦးရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

မဇၨ်ိမ