၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူလေးကို နေ့တိုင်း ငါးထောင်ပေးမယ်ဆိုပြီး သားမယားပြုကျင့်

0
11961

၁၄ နှစ်အရွယ် ၇ တန်းကျောင်းသူလေးကို နေ့တိုင်း ငါးထောင်ပေးမယ်ဆိုပြီး သားမယားပြုကျင့်ရန်ကြံစည်

“အမေစုရော အထက်က လူကြီးပုဂ္ဂိုလ် ရှိသမျှအကုန်လုံး သိစေချင်ပါတယ်ခင်ဗျ။ ဒီလူကိုဖမ်းပေးပါခင်ဗျ” ဟု ဖခင်ဖြစ်သူမှ တောင်းဆို.. ဧပြီ (၁၁) AlinnMyay(အလင်းမြေ)

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာအုပ်စု ရဲဘော်ကြီး ကျေးရွာနေ ဦးဟိန်းမင်းဇာမှ တစ်ရွာတည်းနေ ၁၄ နှစ်အရွယ် ၇ တန်း ကျောင်းသူ (မ. ..)ကို မတ်လ ၂၆ ရက်နေ့က သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်ခံခဲ့ရတဲ့အပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာကျောက်ဆည်မြို့နယ်ရဲစခန်းကို မတ်လ ၂၉ရက်နေ့က တိုင်တန်းခဲ့ပေမယ့် သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်သူ ဦးဟိန်းမင်းဇာကို ဧပြီလ ၁၀ ရက်နေ့အထိ အရေးယူဆောင်ရွက်ခြင်းမရှိတာကြောင့် မိဘများက သမ္မတကြီးဦးဝင်းမြင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့နဲ့အတူ သက်ဆိုင်ရာဌာနအသီးသီးတို့သိရှိစေပြီး တရားခံကို အမြန်ဆုံးဖမ်းဆီး အရေးယူပေးနိုင်ရန် ဧပြီလ ၁၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

မန္တလေးရင်ခတ်သံ #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ




