ပေါင်းတလည် ကိုဗစ္ ရောဂါ စောင့်ကြည့်ရေးစခန်းတွင် စောင့်ကြည့်ခံလူတစ်ဦး သေဆုံး

0
155

ပေါင်းတလည် ကိုဗစ္ ရောဂါ စောင့်ကြည့်ရေးစခန်းတွင် စောင့်ကြည့်ခံလူတစ်ဦး သေဆုံး

မေ(၁) AlinnMyay(အလင်းမြေ)

ပြည်မြို့နယ်၊ ပေါင်းတလည်းတိုက်နယ်က ပေါင်းတလည်အထက မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ္ စောင့်ကြည့်ထိန်းချုပ်ရေးစခန်းက စောင့်ကြည့်ခံတစ်ဦးဟာ ဧပြီလ ၃ဝရက်ည ၁ဝနာရီခန့်က ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူဟာ ပေါင်းတလည်တိုက်နယ်၊ သူဌေးရွာမှာနေတဲ့ အသက် ၄၉နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လောက်ကိုင်မှာ ကြံခုတ်လုပ်သားအဖြစ်သွားရောက်လုပ်ကိုင်နေရာကနေ ပြန်လာသူဖြစ်ပါတယ်။ သူဟာ ပေါင်းတလည်အထက စောင့်ကြည့်ရေးစခန်းကို ဧပြီလ ၁၇ ရက်နေ့မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်လောက်တည်းက ဗိုက်အောင့်တဲ့ဝေဒနာခံစားနေရပြီး ဧပြီလ ၃ဝရက်ညကတော့ အောင့်တယ်၊ အန်ချင်တယ်ဆိုပြီး ထသွားရာကနေ ရုတ်တရက်လဲကျ သေဆုံးသွားခဲ့တာပါ။

သေဆုံးသူဟာ လောက်ကိုင်ကနေ ပြန်လာတဲ့လမ်းခရီးမှာ ၇ ရက်လောက်လမ်းလျှောက်ပြန်ခဲ့ရပြီး မကြာခန ဗိုက်အောင့်နေတဲ့အတွက် ဆေးသောက်နေရသူလည်းဖြစ်ပါတယ်။ ဘာကြောင့်သေဆုံးတယ်ဆိုတာကို ရင်ခွဲစစ်ဆေးပြီးမှ သိရမယ်လို့ ပေါင်းတလည်ဆေးရုံက ဆရာဝန်ကြီးက ပြောပါတယ်။

သေဆုံးသူကို ညတွင်းခြင်း ပြည်မြို့က ကုတင်၅၀၀ အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်ထားရှိပြီး မေလ ၁ရက်နေ့လည်ပိုင်းမှာ လည်ချောင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူတာတွေ ရင်ခွဲစစ်ဆေးတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဝေဖုန်းစံ(ပြည်) #AlinnMyay(အလင်းမြေ)

ေပါင္းတလည္ ကိုဗစ္ေရာဂါ ေစာင့္ၾကည့္ေရးစခန္းတြင္ ေစာင့္ၾကည့္ခံလူတစ္ဦး ေသဆုံး

ေမ(၁) AlinnMyay(အလင္းေျမ)

ျပည္ၿမိဳ႕နယ္၊ ေပါင္းတလည္းတိုက္နယ္က ေပါင္းတလည္အထက မွာ ဖြင့္လွစ္ထားတကိုဗစ္ ေစာင့္ၾကည့္ထိန္းခ်ဳပ္ေရးစခန္းက ေစာင့္ၾကည့္ခံတစ္ဦးဟာ ဧၿပီလ ၃ဝရက္ည ၁ဝနာရီခန႔္က ႐ုတ္တရက္ေသဆုံးသြားခဲ့ပါတယ္။ ေသဆုံးသူဟာ ေပါင္းတလည္တိုက္နယ္၊ သူေဌးရြာမွာေနတဲ့ အသက္ ၄၉ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေလာက္ကိုင္မွာ ႀကံခုတ္လုပ္သားအျဖစ္သြားေရာက္လုပ္ကိုင္ေနရာကေန ျပန္လာသူျဖစ္ပါတယ္။ သူဟာ ေပါင္းတလည္အထက ေစာင့္ၾကည့္ေရးစခန္းကို ဧၿပီလ ၁၇ ရက္ေန႔မွာ ေရာက္ရွိလာခဲ့သူျဖစ္ၿပီး လြန္ခဲ့တဲ့ တစ္ပတ္ေလာက္တည္းက ဗိုက္ေအာင့္တဲ့ေဝဒနာခံစားေနရၿပီး ဧၿပီလ ၃ဝရက္ညကေတာ့ ေအာင့္တယ္၊ အန္ခ်င္တယ္ဆိုၿပီး ထသြားရာကေန ႐ုတ္တရက္လဲက် ေသဆုံးသြားခဲ့တာပါ။

ေသဆုံးသူဟာ ေလာက္ကိုင္ကေန ျပန္လာတဲ့လမ္းခရီးမွာ ၇ ရက္ေလာက္လမ္းေလၽွာက္ျပန္ခဲ့ရၿပီး မၾကာခန ဗိုက္ေအာင့္ေနတဲ့အတြက္ ေဆးေသာက္ေနရသူလည္းျဖစ္ပါတယ္။ ဘာေၾကာင့္ေသဆုံးတယ္ဆိုတာကို ရင္ခြဲစစ္ေဆးၿပီးမွ သိရမယ္လို႔ ေပါင္းတလည္ေဆး႐ုံက ဆရာဝန္ႀကီးက ေျပာပါတယ္။

ေသဆုံးသူကို ညတြင္းျခင္း ျပည္ၿမိဳ႕က ကုတင္၅၀၀ အေထြေထြေရာဂါကုေဆး႐ုံႀကီးကို ပို႔ေဆာင္ထားရွိၿပီး ေမလ ၁ရက္ေန႔လည္ပိုင္းမွာ လည္ေခ်ာင္းတို႔ဖတ္၊ အာေခါင္တို႔ဖတ္ယူတာေတြ ရင္ခြဲစစ္ေဆးတာေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ေဝဖုန္းစံ(ျပည္) #AlinnMyay(အလင္းေျမ)