မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ ပြည်တော်ပြန်များ ပြန်လည်ဝင်ရောက်လာ

0
107

(1.5.2020)ရက်နေ့ နံနက်ပိုင်းမှစ၍ မြဝတီမြို့ မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားမှ ပြည်တော်ပြန်များ ပြန်လည်ဝင်ရောက်လာပြီး

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များအား တာဝန်ရှိသူများမှ နွေးထွေးစွာကြိုဆိုပေးခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှု များ ပြုလုပ်ပေး၍ လိုအပ်သည်များအား ဖြည့်ဆည်းကူညီပေးကာ

၎င်းတို့၏ နေရပ်ဒေသများသို့ ပြည်နည်/တိုင်း အသီးသီးမှ လာရောက်ကြိုဆိုကြသော Express ကားကြီးများဖြင့် အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။

၎င်း ပြည်တော်ပြန်များသည် သတ်မှတ်ထားသည့် နေရာဒေသ အသီးသီးရှိ Quarantine Centre များတွင် ၂၁ ရက်တာ စောင့်ကြည့်နေထိုင်ပြီး နေအိမ် Quarantine အဖြစ် (၇)ရက်ပေါင်း(၂၈)ရက် နေထိုင်ရမည် ဖြစ်ပါသည်။

Zin Moe

ကူးယူဖော်ပြထားသော မူရင်းဓါတ်ပုံပိုင်ရှင်များ အားလုံးအား Credit ပေးပါသည်။






Zin Moe
