ကပ်ရောဂါဖြစ်ရခြင်းအကြောင်းရင်း

0
1223

ကပ်ရောဂါဖြစ်ရခြင်းအကြောင်း

လူတို့ အသက်တမ်း ၅၀၀- တမ်း အောက်၌ လောကတွင် အယုတ်တရားကြီး ၃-မျိုး ဖြစ်ပေါ်လာ၏။

၁။ အဓမ္မရာဂ

၂။ ဝိသမလောဘ

၃။ မိစ်ဆာဓမ်မ

အဓမ္မရာဂ ဟူသည် ယောက်ျားမိန်းမတို့သည် မိမိတို့ဆိုင်ရာ အာရုံနှင့် မတင်းတိမ်နိုင်ကြဘဲ အခြားတစ်ပါး၌ စွန်းငြိကျူးလွန်သော ရာဂတရား ဖြစ်၏။ (လယ်တီဆရာတော်)

(တစ်နည်း) အမေ အဒေါ် စသော ရာဂမဖြစ်သင့်သူ၌ တပ်မက်သော ရာဂ တရားကို အဓမ္မရာဂ ဟု ခေါ်သည်။ (အဋ္ဌကထာ)

ဝိသမလောဘ ဟူသည် ပစ္စည်းဥစ္စာတို့၌ သူ့ဖို့ ကိုယ့်ဖို့ မျှတခြင်း မရှိကြဘဲ ကိုယ့်ဖို့ကိုယ်သာ လုယက်ဆွဲငင်ကြသော လောဘတရား ဖြစ်၏။

မိစ္ဆာဓမ္မ ဟူသည် တိရစ္ဆာန်ကို သတ်မှုသည် အပြစ်မရှိ၊အရက်သောက်ခြင်းသည် အပြစ်မရှိ အစရှိသဖြင့် ယူဆမှုမျိုးဖြစ်၏။ (လယ်တီဆရာတော်)

(တစ်နည်း) ယောက်ျားအချင်းချင်း တပ်မက်ခြင်း၊ မိန်းမအချင်းချင်း တပ်မက်ခြင်းသည် မိစ္ဆာဓမ္မ မည်၏။ (အဋ္ဌကထာ)

ထိုအခါ နတ်ဗြဟ္မာတို့သည် လူတို့ကို မကြည်ညိုတော့ပြီ။လူ့လောကကို မစောင့်ရှောက်ကြတော့ပြီ။နတ္ဆိုးတို့ကို ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ လွှတ်ထားကြကုန်၏။

နတ်ဆိုး သရဲ သဘက်တို့သည် လူတို့နေရာသို့ လာရောက်၍ လူတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍ အသွေးအဆီတို့ကို စားသောက်ကြကုန်၏။

လူတို့ကို မရခဲ့သော် ကျွဲ နွား မြင်း သိုးစသော သတ္တဝါတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍ အသွေး အဆီတို့ကို စားသောက်ကြကုန်၏။

ထိုကပ်ဆိုက်ရာ မြို့ရွာတို့၌ လူ ကျွဲ နွားတို့သည် ထောင်သောင်း များစွာ သေဆုံးကြကုန်တော့၏။ဤသည်မှာ ကပ်ရောဂါဆိုက်ရခြင်း အကြောင်းဖြစ်၏။

လူ့လောက၌ လူ့အသက်တမ်း ၅၀၀ အထက်တွင် အယုတ်တရားကြီး ၃~ခု မရှိသေးလျှင် နတ် သိကြား ဗြဟ္မာတို့သည်လူတို့ကို ကြည်ညို လေးစားကြကုန်၏။

လူ့လောကကို ကြည့်ရှု စောင့်ရှောက်ကြကုန်၏။ လူတို့ကိုထိပါးခြင်း မရှိရအောင် နတ်ဆိုး တို့ကို ထိန်းချုပ်ထားကြကုန်၏။

ထိုအခါ လူ့လောကတွင် မည့်သည့် ကပ်ရောဂါမျှ မရှိ။

ထို့ကြောင့် လူ့ပြည် လူ့လောကတွင် ကပ်ရောဂါများ မပေါ်ပေါက်လိုလျှင် အယုတ်တရားကြီး ၃~ခုကို ဂရုပြု ကြကုန်ရာ၏။

ကျမ်းကိုး…..

၁။ အင်္ဂုတ္တိုရ် တိကနိပါတ်၊ ပလောကသုတ်

၂။ ပါထိကဝဂ္ဂအဋ္ဌကထာ၊ ၃၆

၃။ ရောဂန္တရဒီပနီ

CREDIT, Ven Abhaya Lankara

ကပ္ေရာဂါျဖစ္ရျခင္းအေၾကာင္းရင္း

ကပ္ေရာဂါျဖစ္ရျခင္းအေၾကာင္း

လူတို့ အသက္တမ္း ၅၀၀- တမ္း ေအာက္၌ ေလာကတြင္ အယုတ္တရားႀကီး ၃-မ်ိဳး ျဖစ္ေပၚလာ၏။

၁။ အဓမၼရာဂ

၂။ ဝိသမေလာဘ

၃။ မိစ္ဆာဓမ္မ

အဓမၼရာဂ ဟူသည္ ေယာက္်ားမိန္းမတို့သည္ မိမိတို့ဆိုင္ရာ အာ႐ုံႏွင့္ မတင္းတိမ္နိုင္ၾကဘဲ အျခားတစ္ပါး၌ စြန္းၿငိက်ဴးလြန္ေသာ ရာဂတရား ျဖစ္၏။ (လယ္တီဆရာေတာ္)

(တစ္နည္း) အေမ အေဒၚ စေသာ ရာဂမျဖစ္သင့္သူ၌ တပ္မက္ေသာ ရာဂ တရားကို အဓမၼရာဂ ဟု ေခၚသည္။ (အ႒ကထာ)

ဝိသမေလာဘ ဟူသည္ ပစၥည္းဥစၥာတို့၌ သူ႔ဖို့ ကိုယ့္ဖို့ မၽွတျခင္း မရွိၾကဘဲ ကိုယ့္ဖို့ကိုယ္သာ လုယက္ဆြဲငင္ၾကေသာ ေလာဘတရား ျဖစ္၏။

မိစၧာဓမၼ ဟူသည္ တိရစၧာန္ကို သတ္မွုသည္ အျပစ္မရွိ၊အရက္ေသာက္ျခင္းသည္ အျပစ္မရွိ အစရွိသျဖင့္ ယူဆမွုမ်ိဳးျဖစ္၏။ (လယ္တီဆရာေတာ္)

(တစ္နည္း) ေယာက္်ားအခ်င္းခ်င္း တပ္မက္ျခင္း၊ မိန္းမအခ်င္းခ်င္း တပ္မက္ျခင္းသည္ မိစၧာဓမၼ မည္၏။ (အ႒ကထာ)

ထိုအခါ နတ္ျဗဟၼာတို့သည္ လူတို့ကို မၾကည္ညိဳေတာ့ၿပီ။လူ႔ေလာကကို မေစာင့္ေရွာက္ၾကေတာ့ၿပီ။နတၦိဳးတို့ကို ထိန္းခ်ဳပ္ထားျခင္း မရွိေတာ့ဘဲ လႊတ္ထားၾကကုန္၏။

နတ္ဆိုး သရဲ သဘက္တို့သည္ လူတို့ေနရာသို့ လာေရာက္၍ လူတို့အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍ အေသြးအဆီတို့ကို စားေသာက္ၾကကုန္၏။

လူတို့ကို မရခဲ့ေသာ္ ကၽြဲ ႏြား ျမင္း သိုးစေသာ သတၱဝါတို့အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍ အေသြး အဆီတို့ကို စားေသာက္ၾကကုန္၏။

ထိုကပ္ဆိုက္ရာ ၿမိဳ့ရြာတို့၌ လူ ကၽြဲ ႏြားတို့သည္ ေထာင္ေသာင္း မ်ားစြာ ေသဆုံးၾကကုန္ေတာ့၏။ဤသည္မွာ ကပ္ေရာဂါဆိုက္ရျခင္း အေၾကာင္းျဖစ္၏။

လူ႔ေလာက၌ လူ႔အသက္တမ္း ၅၀၀ အထက္တြင္ အယုတ္တရားႀကီး ၃~ခု မရွိေသးလၽွင္ နတ္ သိၾကား ျဗဟၼာတို့သည္လူတို့ကို ၾကည္ညိဳ ေလးစားၾကကုန္၏။

လူ႔ေလာကကို ၾကည့္ရွု ေစာင့္ေရွာက္ၾကကုန္၏။ လူတို့ကိုထိပါးျခင္း မရွိရေအာင္ နတ္ဆိုး တို့ကို ထိန္းခ်ဳပ္ထားၾကကုန္၏။

ထိုအခါ လူ႔ေလာကတြင္ မည့္သည့္ ကပ္ေရာဂါမၽွ မရွိ။

ထို့ေၾကာင့္ လူ႔ျပည္ လူ႔ေလာကတြင္ ကပ္ေရာဂါမ်ား မေပၚေပါက္လိုလၽွင္ အယုတ္တရားႀကီး ၃~ခုကို ဂ႐ုျပဳ ၾကကုန္ရာ၏။

က်မ္းကိုး…..

၁။ အဂၤဳတၱိဳရ္ တိကနိပါတ္၊ ပေလာကသုတ္

၂။ ပါထိကဝဂၢအ႒ကထာ၊ ၃၆

၃။ ေရာဂႏၲရဒီပနီ

CREDIT, Ven Abhaya Lankara