ကိုဗစ်-၁၉အတွက် ပရဆေးအရည်ကိုမှီဝဲကြဖို့ မာဒါဂတ်စကာသမ္မတတိုက်တွန်း၊ ပျောက်ကင်းသူများလည်း ရှိဟုဆို

0
177

မာဒါဂတ်စကာသမ္မတ အန်ဒရီရာဂျိုးလီနာကတော့ ကိုဗစ်-၁၉ကို တိုက်ဖျက်ဖို့အတွက် ရိုးရာပရဆေးရည်တစ်မျိုးကို သောက်ကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ သမ္မတဂျိုလီနာက သဘာဝသစ်ဥသစ်ဖုတွေနဲ့ ပေါင်းစပ်ထားတဲ့ ရိုးရာအရည်တစ်မျိုးဟာ ကိုဗစ်-၁၉ကို တိုက်ဖျက်ဖို့အတွက် အလွန်သင့်တော်ကြောင်း ထောက်ခံချက် ပေးခဲ့ပါတယ်။

ဒီမတိုင်ခင်ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘက်တီးရီးယားပိုးတွေ သေစေနိုင်တဲ့ ပိုးသတ်ဆေးတစ်မျိုးကို ကိုဗစ်-၁၉အတွက် ညွှန်းဆိုခဲ့ပြီး၊ သမ္မတရဲ့ ပယောဂကြောင့် ပိုးသတ်ဆေးကို လိုက်သောက်သူတွေ ရှိခဲ့ပါတယ်။ သမ္မတထရမ့်က ဒီအတွက် မိမိမှာ တာဝန်မရှိဘူးလို့ ဗြောင်ငြင်းခဲ့ပါတယ်။

အခုလည်း မာဒါဂတ်စကာသမ္မတ ဂျိုးလီနာက ဆေးဘက်ဝင်သစ်ဥသစ်ဖုတွေနဲ့ ဖော်စပ်ထားတဲ့ ရိုးရားဆေးလက်ဖက်ရည်တစ်မျိုးကို အများပြည်သူ သောက်သုံးကြဖို့ တိုက်တွန်းခဲ့ရာ၊ WHO က ကန့်ကွက်ခဲ့ပါတယ်။ WHO အနေနဲ့လည်း လက်ရှိအချိန်ထိ မည့်သည့်ဆေးကိုမှ ထောက်ခံချက် ပေးမထားဘူးလို့ ဆိုပါတယ်။

မာဒါဂတ်စကာမှာတော့ အဲဒီဆေးရည်ကို Covid Organics (CVO) လို့အမည်ပေးထားကြောင်း သိရပါတယ်။ ပြည်သူတွေကလည်း အဲဒီဆေးကို စူပါမားကတ်တွေမှာ အလုအယက်ဝယ်ယူခဲ့ပြီး၊ ဆိုင်တွေမှာလည်း ဆေးဟာ အခုရောက်အခုကုန် ဖြစ်ကြောင်း ဆိုပါတယ်။

National Academy of Medicine of Madagascar (ANAMEM) ကတော့ CVO ကို သောက်သုံးမှုအတွက် မိမိတို့ ကန့်ကွက်စရာမရှိကြောင်း၊ ဒီ CVO ကို သောက်သုံးသူတွေအနေနဲ့လည်း ကိုယ်ခံစွမ်းအားအပိုင်းမှာ အလွန်တိုးတက်မှုတွေ ရှိခဲ့လို့ ထူးခြားတဲ့ လက္ခဏာဖြစ်ကြောင်း၊ ဗိုင်းရပ်စ်တွေကိုလည်း အံ့အားသင့်ဖွယ်ရာ ဖယ်ရှားပေးနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါဆေးကို ယခင်က ရိုးရာငှက်ဖျားကုထုံးအတွက် သုံးစွဲခဲ့ကြပြီး၊ နိုင်ငံခြားဆေးကိုတောင် ယှဉ်နိုင်တယ်လို့ ဆိုပါတယ်။ Artemesia Annua (ဇီဝနာမည်) အပင်ဟာ တရုတ်မျိုးရင်း ဆူးမဲ့ခြုံနွယ်ပင်တစ်မျိုးဖြစ်ပြီး၊ မာဒါဂတ်စကာကို (၁၉၇၀)ခုနှစ် ဝန်းကျင်လောက်မှာ ရောက်ရှိလာပါတယ်။ ငှက်ဖျားကို တိုက်ဖျက်နိုင်ပါတယ်။

Alaotra Mangoro ပြည်နယ်မှာ ပထမဆုံး အမြောက်အများ စိုက်ပျိုးခဲ့ကြပြီး၊ ဆေးဘက်ဝင် လူသုံးများလာတာကြောင့် Itasy, Vakinankaratra, Amoron’i Mania နဲ့ Matsiatra Ambony တို့မှာလည်း ကျယ်ပြန့်စွာ စိုက်ပျိုးလာခဲ့ပါတယ်။ အခု အဲဒီ CVO ဆေးရည်ကို Analamanga, Haute Matsiatra နဲ့ Atsinanana နယ်မြေတွေမှာ အထူးဦးစားပေး ဖြန့်ဝေနေပါတယ်။

အဲဒီဒေသတွေမှာ မတ်လ(၁၉)ရက်ကတည်းက စံံချိန်တင် ကိုဗစ်လူနာတွေ မြင့်တက်ခဲ့တာပါ။ ထူးခြားတာက ၎င်းနိုင်ငံမှာ ဧပြီ(၂၈)ရက်အထိ အတည်ပြုလူနာ (၁၂၈)ဦးရှိခဲ့ကြောင်ပြန်လည် ကောင်းမွန်လာသူ (၈၂)ဦးရှိခဲ့ကြောင်းနဲ့ သေဆုံးသူ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာ သူတို့ဆေးရဲ့ ကောင်းကျိုးလားဆိုတာကိုတော့ သေချာတပ်အပ် ပြောဖို့ ခက်ပါတယ်။

လင်းဇော်ကို (D Nae Khit)

မာဒါဂတ္စကာသမၼတ အန္ဒရီရာဂ်ိဳးလီနာကေတာ့ ကိုဗစ္-၁၉ကို တိုက္ဖ်က္ဖို႔အတြက္ ႐ိုးရာပရေဆးရည္တစ္မ်ိဳးကို ေသာက္ၾကဖို႔ တိုက္တြန္းခဲ့ေၾကာင္း သိရပါတယ္။ သမၼတဂ်ိဳလီနာက သဘာဝသစ္ဥသစ္ဖုေတြနဲ႔ ေပါင္းစပ္ထားတဲ့ ႐ိုးရာအရည္တစ္မ်ိဳးဟာ ကိုဗစ္-၁၉ကို တိုက္ဖ်က္ဖို႔အတြက္ အလြန္သင့္ေတာ္ေၾကာင္း ေထာက္ခံခ်က္ ေပးခဲ့ပါတယ္။

ဒီမတိုင္ခင္ကလည္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ဘက္တီးရီးယားပိုးေတြ ေသေစႏိုင္တဲ့ ပိုးသတ္ေဆးတစ္မ်ိဳးကို ကိုဗစ္-၁၉အတြက္ ၫႊန္းဆိုခဲ့ၿပီး၊ သမၼတရဲ႕ ပေယာဂေၾကာင့္ ပိုးသတ္ေဆးကို လိုက္ေသာက္သူေတြ ရွိခဲ့ပါတယ္။ သမၼတထရမ့္က ဒီအတြက္ မိမိမွာ တာဝန္မရွိဘူးလို႔ ေျဗာင္ျငင္းခဲ့ပါတယ္။

အခုလည္း မာဒါဂတ္စကာသမၼတ ဂ်ိဳးလီနာက ေဆးဘက္ဝင္သစ္ဥသစ္ဖုေတြနဲ႔ ေဖာ္စပ္ထားတဲ့ ႐ိုးရားေဆးလက္ဖက္ရည္တစ္မ်ိဳးကို အမ်ားျပည္သူ ေသာက္သုံးၾကဖို႔ တိုက္တြန္းခဲ့ရာ၊ WHO က ကန္႔ကြက္ခဲ့ပါတယ္။ WHO အေနနဲ႔လည္း လက္ရွိအခ်ိန္ထိ မည့္သည့္ေဆးကိုမွ ေထာက္ခံခ်က္ ေပးမထားဘူးလို႔ ဆိုပါတယ္။

မာဒါဂတ္စကာမွာေတာ့ အဲဒီေဆးရည္ကို Covid Organics (CVO) လို႔အမည္ေပးထားေၾကာင္း သိရပါတယ္။ ျပည္သူေတြကလည္း အဲဒီေဆးကို စူပါမားကတ္ေတြမွာ အလုအယက္ဝယ္ယူခဲ့ၿပီး၊ ဆိုင္ေတြမွာလည္း ေဆးဟာ အခုေရာက္အခုကုန္ ျဖစ္ေၾကာင္း ဆိုပါတယ္။

National Academy of Medicine of Madagascar (ANAMEM) ကေတာ့ CVO ကို ေသာက္သုံးမႈအတြက္ မိမိတို႔ ကန္႔ကြက္စရာမရွိေၾကာင္း၊ ဒီ CVO ကို ေသာက္သုံးသူေတြအေနနဲ႔လည္း ကိုယ္ခံစြမ္းအားအပိုင္းမွာ အလြန္တိုးတက္မႈေတြ ရွိခဲ့လို႔ ထူးျခားတဲ့ လကၡဏာျဖစ္ေၾကာင္း၊ ဗိုင္းရပ္စ္ေတြကိုလည္း အံ့အားသင့္ဖြယ္ရာ ဖယ္ရွားေပးႏိုင္တယ္လို႔ ဆိုပါတယ္။

အဆိုပါေဆးကို ယခင္က ႐ိုးရာငွက္ဖ်ားကုထုံးအတြက္ သုံးစြဲခဲ့ၾကၿပီး၊ ႏိုင္ငံျခားေဆးကိုေတာင္ ယွဥ္ႏိုင္တယ္လို႔ ဆိုပါတယ္။ Artemesia Annua (ဇီဝနာမည္) အပင္ဟာ တ႐ုတ္မ်ိဳးရင္း ဆူးမဲ့ၿခဳံႏြယ္ပင္တစ္မ်ိဳးျဖစ္ၿပီး၊ မာဒါဂတ္စကာကို (၁၉၇၀)ခုႏွစ္ ဝန္းက်င္ေလာက္မွာ ေရာက္ရွိလာပါတယ္။ ငွက္ဖ်ားကို တိုက္ဖ်က္ႏိုင္ပါတယ္။

Alaotra Mangoro ျပည္နယ္မွာ ပထမဆုံး အေျမာက္အမ်ား စိုက္ပ်ိဳးခဲ့ၾကၿပီး၊ ေဆးဘက္ဝင္ လူသုံးမ်ားလာတာေၾကာင့္ Itasy, Vakinankaratra, Amoron’i Mania နဲ႔ Matsiatra Ambony တို႔မွာလည္း က်ယ္ျပန္႔စြာ စိုက္ပ်ိဳးလာခဲ့ပါတယ္။ အခု အဲဒီ CVO ေဆးရည္ကို Analamanga, Haute Matsiatra နဲ႔ Atsinanana နယ္ေျမေတြမွာ အထူးဦးစားေပး ျဖန္႔ေဝေနပါတယ္။

အဲဒီေဒသေတြမွာ မတ္လ(၁၉)ရက္ကတည္းက စံံခ်ိန္တင္ ကိုဗစ္လူနာေတြ ျမင့္တက္ခဲ့တာပါ။ ထူးျခားတာက ၎ႏိုင္ငံမွာ ဧၿပီ(၂၈)ရက္အထိ အတည္ျပဳလူနာ (၁၂၈)ဦးရွိခဲ့ေၾကာင္ျပန္လည္ ေကာင္းမြန္လာသူ (၈၂)ဦးရွိခဲ့ေၾကာင္းနဲ႔ ေသဆုံးသူ မရွိဘူးလို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။ ဒါဟာ သူတို႔ေဆးရဲ႕ ေကာင္းက်ိဳးလားဆိုတာကိုေတာ့ ေသခ်ာတပ္အပ္ ေျပာဖို႔ ခက္ပါတယ္။

လင္းေဇာ္ကို (D Nae Khit)