ညမထွက်ရ အမိန့်ကိုဆန့်ကျင်သောကြောင့် ထိုင်းနိုင်ငံမှကြောင်တစ်ကောင် ဖမ်းဆီးခံရ …….

0
220

ညမထွက်ရ အမိန့်ကိုဆန့်ကျင်သောကြောင့် ထိုင်းနိုင်ငံမှကြောင်တစ်ကောင် ဖမ်းဆီးခံရ …….

ထိုင်းနိုင်ငံရှိ ကိုရိုနာဗိုင်းရပ်ခံစားနေရသော ဒေသများမှာ ညမထွက်ရ(ကာဖူး)အမိန့်ကို ထုတ်ပြန်ထားပြီး လိုက်နာခြင်းမရှိသော ကြောင်တစ်ကောင်အား ဖမ်းဆီး၍ မှုခင်းစာရင်သွင်းကာ မှုခင်းဓာတ်ပုံလည်းရိုက်ယူခဲ့ကြောင်းသိရပါတယ်။

ထိုင်းနိုင်ငံဟာ ကာဖူးအမိန့်ကိုအလေးနက်ထားကာ လုက်ဆောင်နေပြီး ရဲတပ်ဖွဲ့ အင်အားကို ကိုသုံး‌ကာ ချိုးဖောက်သူ မရှိရအောင် ကျယ်ကျယ်ပြန့်ပြန့် ကိုသတိထားလုပ်ဆောင်လျက်ရှိပါတယ်။

ထိုညမထွက်ရအမိန့်ကိုတော့ ည၁ဝနာရီကနေ မနက်၄နာရီထိသတ်မှတ်ထားပြီး အာဏာပိုင်များက တင်းကြပ်စွာ လုပ်ဆောင်နေပါတယ်။ညမထွက်ရ အမိန့်ကိုစတင်ထုတ်ပြန်သော ဧပြီလ၃ရက်နေ့မှာတော့ ထိုင်းတစ်နိုင်ငံလုံးမှာ ချိုးဖောက်မှုပေါင်း ၁၅၇ မှုထိဖြစ်ပွားခဲ့ပါတယ်။

ထိုညမထွက်အမိန့်ဟာသတ်မှတ် ထားသော ည၁ဝနာရီ မှ မနက်၄နာရီအချိန်ကလွဲ၍ ကျန်အချိန်တွေမှာတော့သက်ရောက်ခြင်းမရှိပါဘူး။

ထိုင်းနိုင်ငံရဲ့ တရားရေးဟာ မှန်ကန်မှုနဲ့ တရားမျှတမှုကို အလွန်အလေးအနက်ထားကာ ထိုအမိန့်ကိုချိုးဖောက်သူတွေအတွက် အပြစ်ဟာလည်း အချိန်ကြာကြာ အပြစ်ခံရခြင်းမျိုး မရှိပါဘူး။

ဒါပေမယ့်လို့ ဧပြီလ၅ ရက်နေ့တွင် ချင်းနတ်မြို့မှ ထိုအမိန့်ကို ဆန့်ကျင်ဆန္ဒပြ သူ ၄ပုံတစ်ပုံလောက်ကိုတော့ ပြည်နယ်တရားရုံးမှ ထောင်ဒဏ်၁၅ရက်ချမှတ်ကာ ဒဏ်ငွေ ဘတ် ၁၅ဝဝဝဒဏ်ရိုက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ဥပဒေကို ပြတ်ပြတ်သားသားဆုံးဖြတ်တဲ့ နိုင်ငံပီသစွာဘဲ ညမထွက်ရအမိန့်ကိုဆန့်ကျင်သော ကြောင်တစ်ကောင်ကိုလည်းဖမ်းဆီးခဲ့ပါတယ်။

ဒါကြောင့်မို့ သူငယ်ချင်းတွေနဲ့ challenge ခေါ်ပြီး ထိုင်းရဲတွေ့နဲ့ ထိပ်တိုက်တွေ့မယ့်လုပ်ရပ်မျိုးတွေမပြုလုပ်ကြပါနဲ့။ Thai Chicken Noodle News ဖေ့ဘွတ် အကောင့်နဲ့ ဂျပန်တွစ်တာအကောင့်ဖြစ်တဲ့ @nisizawa ရဲ့ ဖော်ပြချက်အရ ထိုကြောင်လေးဟာ ည၁ဝနာရီနောက်ပိုင်းမှာ အမိန့်ကိုချိုးဖောက်ကာ အိမ်ကနေထွက်ခွာသွားတယ်လို့သိရပါတယ်။

ဒါဖြစ်ရပ်ကိုတော့ သင့်တို့အနေနဲ့ ယုံကြည်နိုင်ဖို့ခက်ခဲနေပေမယ့် ထိုင်းနိုင်ငံမှာအမှန်တကယ်ဖြစ်ပွားခဲ့ကာ ကြောင်အနေနဲ့ ကတော့ ထိုကိစ္စအတွက် နောင်တရနေမှာတော့ မဟုတ်ပါဘူး။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

ညမထြက္ရ အမိန္႔ကိုဆန္႔က်င္ေသာေၾကာင့္ ထိုင္းနိုင္ငံမွေၾကာင္တစ္ေကာင္ ဖမ္းဆီးခံရ …….

ထိုင္းနိုင္ငံရွိ ကိုရိုနာဗိုင္းရပ္ခံစားေနရေသာ ေဒသမ်ားမွာ ညမထြက္ရ(ကာဖူး)အမိန့္ကို ထုတ္ျပန္ထားၿပီး လိုက္နာျခင္းမရွိေသာ ေၾကာင္တစ္ေကာင္အား ဖမ္းဆီး၍ မႈခင္းစာရင္သြင္းကာ မႈခင္းဓာတ္ပုံလည္းရိုက္ယူခဲ့ေၾကာင္းသိရပါတယ္။

ထိုင္းနိုင္ငံဟာ ကာဖူးအမိန့္ကိုအေလးနက္ထားကာ လုက္ေဆာင္ေနၿပီး ရဲတပ္ဖြဲ႕ အင္အားကို ကိုသုံး‌ကာ ခ်ိဳးေဖာက္သူ မရွိရေအာင္ က်ယ္က်ယ္ျပန့္ျပန့္ ကိုသတိထားလုပ္ေဆာင္လ်က္ရွိပါတယ္။

ထိုညမထြက္ရအမိန့္ကိုေတာ့ ည၁၀နာရီကေန မနက္၄နာရီထိသတ္မွတ္ထားၿပီး အာဏာပိုင္မ်ားက တင္းၾကပ္စြာ လုပ္ေဆာင္ေနပါတယ္။ညမထြက္ရ အမိန့္ကိုစတင္ထုတ္ျပန္ေသာ ဧၿပီလ၃ရက္ေန႕မွာေတာ့ ထိုင္းတစ္နိုင္ငံလုံးမွာ ခ်ိဳးေဖာက္မႈေပါင္း ၁၅၇ မႈထိျဖစ္ပြားခဲ့ပါတယ္။

ထိုညမထြက္အမိန့္ဟာသတ္မွတ္ ထားေသာ ည၁၀နာရီ မွ မနက္၄နာရီအခ်ိန္ကလြဲ၍ က်န္အခ်ိန္ေတြမွာေတာ့သက္ေရာက္ျခင္းမရွိပါဘူး။

ထိုင္းနိုင္ငံရဲ႕ တရားေရးဟာ မွန္ကန္မႈနဲ႕ တရားမွ်တမႈကို အလြန္အေလးအနက္ထားကာ ထိုအမိန့္ကိုခ်ိဳးေဖာက္သူေတြအတြက္ အျပစ္ဟာလည္း အခ်ိန္ၾကာၾကာ အျပစ္ခံရျခင္းမ်ိဳး မရွိပါဘူး။

ဒါေပမယ့္လို႔ ဧၿပီလ၅ ရက္ေန႕တြင္ ခ်င္းနတ္ၿမိဳ႕မွ ထိုအမိန့္ကို ဆန့္က်င္ဆႏၵျပ သူ ၄ပုံတစ္ပုံေလာက္ကိုေတာ့ ျပည္နယ္တရား႐ုံးမွ ေထာင္ဒဏ္၁၅ရက္ခ်မွတ္ကာ ဒဏ္ေငြ ဘတ္ ၁၅၀၀၀ဒဏ္ရိုက္ခဲ့ပါတယ္။

ထိုင္းနိုင္ငံဟာ ဥပေဒကို ျပတ္ျပတ္သားသားဆုံးျဖတ္တဲ့ နိုင္ငံပီသစြာဘဲ ညမထြက္ရအမိန့္ကိုဆန့္က်င္ေသာ ေၾကာင္တစ္ေကာင္ကိုလည္းဖမ္းဆီးခဲ့ပါတယ္။

ဒါေၾကာင့္မို႔ သူငယ္ခ်င္းေတြနဲ႕ challenge ေခၚၿပီး ထိုင္းရဲေတြ႕နဲ႕ ထိပ္တိုက္ေတြ႕မယ့္လုပ္ရပ္မ်ိဳးေတြမျပဳလုပ္ၾကပါနဲ႕။ Thai Chicken Noodle News ေဖ့ဘြတ္ အေကာင့္နဲ႕ ဂ်ပန္တြစ္တာအေကာင့္ျဖစ္တဲ့ @nisizawa ရဲ႕ ေဖာ္ျပခ်က္အရ ထိုေၾကာင္ေလးဟာ ည၁၀နာရီေနာက္ပိုင္းမွာ အမိန့္ကိုခ်ိဳးေဖာက္ကာ အိမ္ကေနထြက္ခြာသြားတယ္လို႔သိရပါတယ္။

ဒါျဖစ္ရပ္ကိုေတာ့ သင့္တို႔အေနနဲ႕ ယုံၾကည္နိုင္ဖို႔ခက္ခဲေနေပမယ့္ ထိုင္းနိုင္ငံမွာအမွန္တကယ္ျဖစ္ပြားခဲ့ကာ ေၾကာင္အေနနဲ႕ ကေတာ့ ထိုကိစၥအတြက္ ေနာင္တရေနမွာေတာ့ မဟုတ္ပါဘူး။

ေန႕စဥ္သတင္းႏွင့္သုတရသအျဖာျဖာ