လားရှိုးတွင် ယာဉ်မောင်းအပါအဝင် ၄ ဦးထက်မပိုဘဲ ခရီးသွားခွင့် ခွင့်ပြုချက်ယူရန် မလိုတော့

0
157

လားရှိုးတွင် ယာဉ်မောင်းအပါအဝင် ၄ ဦးထက်မပိုဘဲ ခရီးသွားခွင့် ခွင့်ပြုချက်ယူရန် မလိုတော့

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ အခြားမြို့တွေကို ယာဉ်မောင်းအပါအဝင် ၄ ဦးထက်မပိုဘဲ တင်ဆောင်ကာ ကားနဲ့ ခရီးသွားပါက လမ်းပိုင်းအတွက် ခွင့်ပြုချက်စာရွက်(စလစ်)ယူစရာမလိုတော့ဘဲ သွားလာနိုင်ပြီလို့ သိရပါတယ်။

ယခင်က မူဆယ်မြို့ကဖြစ်စေ၊ လားရှိုးမြို့ကဖြစ်စေ သက်ဆိုင်ရာ ကျန်းမာရေးစစ်တဲ့နေရာတွေမှာ သတင်းပို့ပြီး ထွက်ခွာခွင့်လက်မှတ်ရရှိမှသာ မန္တလေးမြို့ကို သွားရောက်ရတာကြောင့် လားရှိုးမြို့ရှောင်လမ်း တိုးဂိတ်အနီးမှာ အချိန်ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အခုလိုဖြစ်ရတာ ခွင့်ပြုချက်ရရှိဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ရတာကြောင့်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ မန္တလေးတိုင်းရဲ့ အခြေအနေပေါ် မူတည်ပြီး ဖြတ်သန်းသွားလာနိုင်တော့မှာပါ။

ကုန်တင်ယာဉ်ငယ်တွေဖြစ်တဲ့ ၆ ဘီးယာဉ်နဲ့ ကုန်ကားကြီးတွေ ၁၂ ဘီး၊ ၂၂ ဘီး စတဲ့ယာဉ်တွေဟာ ကျန်းမာရေးစစ်ဆေးချက်ကိုသာ လက်ခံဆောင်ရွက်ရမှာဖြစ်ပြီး လမ်းကြောတလျှောက် အချိန်မတုံ့ဆိုင်းဘဲ မောင်းနှင်သွားလာနိုင်ဖို့ ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

လားရှိုးမြို့ကနေ မန္တလေးမြို့ကို ဆင်းမယ်ဆိုပါက ကိုဗစ် ရောဂါထိန်းချုပ်ရေး ကာကွယ်ရေးဆောင်ရွက်နေတဲ့ ကျန်းမာရေးစစ်ဆေးတဲ့ နေ‌ရာ ၄ ခုကို ဖြတ်ကျော်ရမှာပါ။ လားရှိုးမြို့ (ခေးနင်းတိုးဂိတ်)၊ ကျောက်မဲမြို့၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း ဝက်ဝံကျေးရွာအနီးတို့မှာ ကျန်းမာရေးစစ်ဆေးတဲ့ နေရာတွေ အသီးသီးထားရှိ ဆောင်ရွက်နေပါတယ်။

Photo – Thein Min Tun / MPA/DVB TV News

လားရွိုးတြင္ ယာဥ္ေမာင္းအပါအဝင္ ၄ ဦးထက္မပိုဘဲ ခရီးသြားခြင့္ ခြင့္ျပဳခ်က္ယူရန္ မလိုေတာ့

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရွိုးၿမိဳ႕ကေန အျခားၿမိဳ႕ေတြကို ယာဥ္ေမာင္းအပါအဝင္ ၄ ဦးထက္မပိုဘဲ တင္ေဆာင္ကာ ကားနဲ႔ ခရီးသြားပါက လမ္းပိုင္းအတြက္ ခြင့္ျပဳခ်က္စာရြက္(စလစ္)ယူစရာမလိုေတာ့ဘဲ သြားလာနိုင္ၿပီလို႔ သိရပါတယ္။

ယခင္က မူဆယ္ၿမိဳ႕ကျဖစ္ေစ၊ လားရွိုးၿမိဳ႕ကျဖစ္ေစ သက္ဆိုင္ရာ က်န္းမာေရးစစ္တဲ့ေနရာေတြမွာ သတင္းပို႔ၿပီး ထြက္ခြာခြင့္လက္မွတ္ရရွိမွသာ မႏၲေလးၿမိဳ႕ကို သြားေရာက္ရတာေၾကာင့္ လားရွိုးၿမိဳ႕ေရွာင္လမ္း တိုးဂိတ္အနီးမွာ အခ်ိန္ၾကန႔္ၾကာမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

အခုလိုျဖစ္ရတာ ခြင့္ျပဳခ်က္ရရွိဖို႔ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕နဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့ရတာေၾကာင့္ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ မႏၲေလးတိုင္းရဲ့ အေျခအေနေပၚ မူတည္ၿပီး ျဖတ္သန္းသြားလာနိုင္ေတာ့မွာပါ။

ကုန္တင္ယာဥ္ငယ္ေတြျဖစ္တဲ့ ၆ ဘီးယာဥ္နဲ႔ ကုန္ကားႀကီးေတြ ၁၂ ဘီး၊ ၂၂ ဘီး စတဲ့ယာဥ္ေတြဟာ က်န္းမာေရးစစ္ေဆးခ်က္ကိုသာ လက္ခံေဆာင္ရြက္ရမွာျဖစ္ၿပီး လမ္းေၾကာတေလၽွာက္ အခ်ိန္မတုံ႔ဆိုင္းဘဲ ေမာင္းႏွင္သြားလာနိုင္ဖို႔ ခြင့္ျပဳထားၿပီး ျဖစ္ပါတယ္။

လားရွိုးၿမိဳ႕ကေန မႏၲေလးၿမိဳ႕ကို ဆင္းမယ္ဆိုပါက ကိုဗစ္ ေရာဂါထိန္းခ်ဳပ္ေရး ကာကြယ္ေရးေဆာင္ရြက္ေနတဲ့ က်န္းမာေရးစစ္ေဆးတဲ့ ေန‌ရာ ၄ ခုကို ျဖတ္ေက်ာ္ရမွာပါ။ လားရွိုးၿမိဳ႕ (ေခးနင္းတိုးဂိတ္)၊ ေက်ာက္မဲၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕နဲ႔ မႏၲေလးတိုင္း ဝက္ဝံေက်းရြာအနီးတို႔မွာ က်န္းမာေရးစစ္ေဆးတဲ့ ေနရာေတြ အသီးသီးထားရွိ ေဆာင္ရြက္ေနပါတယ္။

Photo – Thein Min Tun / MPA/DVB TV News