ကိုရိုနာရောဂါ ပျောက်ကင်းပြီး ပြန်ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကို တရုတ်သိပ္ပံပညာရှင်များ ပြောကြား

0
119

ကိုရိုနာရောဂါ ပျောက်ကင်းပြီး ပြန်ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကို တရုတ်သိပ္ပံပညာရှင်များ ပြောကြား

တစ်ကမ္ဘာလုံးကို ကြောက်ရွံ့မှုတွေ ပေးနေတဲ့ ကိုရိုနာဗိုင်းရပ် ဟာ ဆိုရင် ကမ္ဘာမြေက ဘယ်အချိန်မှ ချုပ်ငြိမ်းမလဲဆိုတာကို မည်သည့် ပညာရှင်မှ မခန့်မှန်းနိုင်ကြဘူးဖြစ်နေပါတယ်။ အဓိက အချက်ကတော့ ဗိုင်းရပ်စ်ရဲ့အမူအကျင့် လက္ခဏာတွေဟာ တည်ငြိမ်မှုမရှိပဲနဲ့ ပညာရှင်တွေ အနေနဲ့လည်း ခန့်မှန်းရခက်နေကြပါတယ်။

အထူးသဖြင့် ရောဂါပိုးဟာ တိုက်ဖျက်တဲ့ဆေး မရှိပေမယ့်လည်း ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားနဲ့ တိုက်ထုတ်နိုင်တဲ့အတွက်လည်း ရောဂါကူးစက်ပေမယ့် ပြန်လည်ကောင်းမွန်သူတွေလည်း အများအပြားရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း လက်ရှိမှာ ဖြစ်ပွားသူရဲ့ ၅ ပုံ တစ်ပုံ ပြန်လည်ကောင်းမွန်လို့ ဆေးရုံဆင်းကြသူများလည်းရှိပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံမှာလည်း ရောဂါပျောက်ပြီဆိုတဲ့လူတွေမှာ ဗိုင်းရပ်စ်ပိုးကို ပြန်လည်တွေ့ခဲ့ချိန်မှာ ဆရာဝန်နဲ့ သုတေသနဆေးပညာရှင်တွေကို ခေါင်းကိုက်စေခဲ့ပါတယ်။ ဘာကြောင့် ဗိုင်းရပ်စ် Positive ပြန်ဖြစ်တာလဲ။ဒီအဖြေကို အားလုံးက မှန်းဆချက်တွေမျိုးစုံနဲ့သာ ဒွိဟဖြစ်နေကြတာပါ။

ဒီအတွက် Call Research အမည်ရှိတဲ့အဖွဲ့ က တိကျတဲ့ လေ့လာတွေ့ရှိချက်တစ်ခုကို အများအတွက် ထုတ်ပြန်ပေးလိုက်ပါတယ်။ အဲ့တာကတော့ COVID_19 ဟာ အပြီးပျောက်ကင်းမဟုတ်ပဲနဲ့ လူတွေရဲ့ အဆုတ်အတိုင်းပိုင်းထဲမှာ ပုန်းအောင်နေနိုင်နေတာကို တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီ စမ်းသပ်မှုကို ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ အဖွားအိုရဲ့ အဆုတ်အတွင်းပိုင်းအသားစတွေကိုယူပြီး စစ်ဆေးခဲ့ချိန်မှာတော့ ဗိုင်းရပ်စ်ပိုးဟာ အထိအခိုက်မရှိပဲ အကောင်းအတိုင်း ပုန်းအောင်နေတာကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပျောက်ကင်းပြီးဆိုတဲ့လူတွေမှာ ပိုးက ပြန်ပေါ်လာပြီး ပိုးပြန်တွေ့တာဖြစ်ပါတယ်။ဒါဟာ ဆေးပညာရှင်တွေကို အခက်တွေ့စေတာဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အခု ရောဂါစမ်းသပ်မှုတွေဟာ ခံတွင်းတို့ပတ်ကိုယူပြီး စစ်ဆေးတာ ၊ သွေးကိုစစ်ဆေး တာတွေသာ လုပ်နိုင်ပြီးတော့ ခန္ဓာကိုယ်အတိုင်းပိုင်းက အသားစတွေကို စစ်ဆေးကြည့်ဖို့ဆိုတာတော့ စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနေပါတယ်။

ဒါကြောင့် ရောဂါပိုးပျောက်ပြီဆိုပြီး ဆေးရုံဆင်းသွားပြီး ပိုးဟာ ပုန်းအောင်နေရာက ပြန်လည်ထွက်ပေါ်လာပြီးတော့ အသံတိတ်ပိုးသယ်ဆောင်သူအဖြစ် ရှိနေနိုင်တယ်ဆိုတဲ့ အချက်ဟာလည်း မေ့ထားလို့ မရဘူးဆိုတာ အားလုံး သိကြစေချင်ပါတယ်။ဒါကြောင့် ပေါ့ပေါ့ဆဆ မနေကြစေဖို့အတွက် သတိပေးတင်ဆက်လိုက်ရပါတယ်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

ကိုရိုနာေရာဂါ ေပ်ာက္ကင္းၿပီး ျပန္ျဖစ္ရတဲ့ အဓိက အေၾကာင္းရင္းကို တ႐ုတ္သိပၸံပညာရွင္မ်ား ေျပာၾကား

တစ္ကမၻာလုံးကို ေၾကာက္႐ြံ႕မႈေတြ ေပးေနတဲ့ ကိုရိုနာဗိုင္းရပ္ ဟာ ဆိုရင္ ကမၻာေျမက ဘယ္အခ်ိန္မွ ခ်ဳပ္ၿငိမ္းမလဲဆိုတာကို မည္သည့္ ပညာရွင္မွ မခန့္မွန္းနိုင္ၾကဘူးျဖစ္ေနပါတယ္။ အဓိက အခ်က္ကေတာ့ ဗိုင္းရပ္စ္ရဲ႕အမူအက်င့္ လကၡဏာေတြဟာ တည္ၿငိမ္မႈမရွိပဲနဲ႕ ပညာရွင္ေတြ အေနနဲ႕လည္း ခန့္မွန္းရခက္ေနၾကပါတယ္။

အထူးသျဖင့္ ေရာဂါပိုးဟာ တိုက္ဖ်က္တဲ့ေဆး မရွိေပမယ့္လည္း ခႏၶာကိုယ္ရဲ႕ကိုယ္ခံအားနဲ႕ တိုက္ထုတ္နိုင္တဲ့အတြက္လည္း ေရာဂါကူးစက္ေပမယ့္ ျပန္လည္ေကာင္းမြန္သူေတြလည္း အမ်ားအျပားရွိေနပါတယ္။ ျမန္မာနိုင္ငံမွာ ဆိုရင္လည္း လက္ရွိမွာ ျဖစ္ပြားသူရဲ႕ ၅ ပုံ တစ္ပုံ ျပန္လည္ေကာင္းမြန္လို႔ ေဆး႐ုံဆင္းၾကသူမ်ားလည္းရွိပါတယ္။

ဒါေပမယ့္ တ႐ုတ္နိုင္ငံမွာလည္း ေရာဂါေပ်ာက္ၿပီဆိုတဲ့လူေတြမွာ ဗိုင္းရပ္စ္ပိုးကို ျပန္လည္ေတြ႕ခဲ့ခ်ိန္မွာ ဆရာဝန္နဲ႕ သုေတသနေဆးပညာရွင္ေတြကို ေခါင္းကိုက္ေစခဲ့ပါတယ္။ ဘာေၾကာင့္ ဗိုင္းရပ္စ္ Positive ျပန္ျဖစ္တာလဲ။ဒီအေျဖကို အားလုံးက မွန္းဆခ်က္ေတြမ်ိဳးစုံနဲ႕သာ ဒြိဟျဖစ္ေနၾကတာပါ။

ဒီအတြက္ Call Research အမည္ရွိတဲ့အဖြဲ႕ က တိက်တဲ့ ေလ့လာေတြ႕ရွိခ်က္တစ္ခုကို အမ်ားအတြက္ ထုတ္ျပန္ေပးလိုက္ပါတယ္။ အဲ့တာကေတာ့ COVID_19 ဟာ အၿပီးေပ်ာက္ကင္းမဟုတ္ပဲနဲ႕ လူေတြရဲ႕ အဆုတ္အတိုင္းပိုင္းထဲမွာ ပုန္းေအာင္ေနနိုင္ေနတာကို ေတြ႕ခဲ့တာပဲ ျဖစ္ပါတယ္။

ဒီ စမ္းသပ္မႈကို ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးခဲ့သူ အဖြားအိုရဲ႕ အဆုတ္အတြင္းပိုင္းအသားစေတြကိုယူၿပီး စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဗိုင္းရပ္စ္ပိုးဟာ အထိအခိုက္မရွိပဲ အေကာင္းအတိုင္း ပုန္းေအာင္ေနတာကို ေတြ႕ခဲ့ရတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေပ်ာက္ကင္းၿပီးဆိုတဲ့လူေတြမွာ ပိုးက ျပန္ေပၚလာၿပီး ပိုးျပန္ေတြ႕တာျဖစ္ပါတယ္။ဒါဟာ ေဆးပညာရွင္ေတြကို အခက္ေတြ႕ေစတာျဖစ္လာပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အခု ေရာဂါစမ္းသပ္မႈေတြဟာ ခံတြင္းတို႔ပတ္ကိုယူၿပီး စစ္ေဆးတာ ၊ ေသြးကိုစစ္ေဆး တာေတြသာ လုပ္နိုင္ၿပီးေတာ့ ခႏၶာကိုယ္အတိုင္းပိုင္းက အသားစေတြကို စစ္ေဆးၾကည့္ဖို႔ဆိုတာေတာ့ စိန္ေခၚမႈ တစ္ရပ္ ျဖစ္လာေနပါတယ္။

ဒါေၾကာင့္ ေရာဂါပိုးေပ်ာက္ၿပီဆိုၿပီး ေဆး႐ုံဆင္းသြားၿပီး ပိုးဟာ ပုန္းေအာင္ေနရာက ျပန္လည္ထြက္ေပၚလာၿပီးေတာ့ အသံတိတ္ပိုးသယ္ေဆာင္သူအျဖစ္ ရွိေနနိုင္တယ္ဆိုတဲ့ အခ်က္ဟာလည္း ေမ့ထားလို႔ မရဘူးဆိုတာ အားလုံး သိၾကေစခ်င္ပါတယ္။ဒါေၾကာင့္ ေပါ့ေပါ့ဆဆ မေနၾကေစဖို႔အတြက္ သတိေပးတင္ဆက္လိုက္ရပါတယ္။

ေန႕စဥ္သတင္းႏွင့္သုတရသအျဖာျဖာ