ဒေးဗစ်လား အပါအဝင် လေးဦးကို ရန်ကုန်တိုင်း အစိုးရက တရားစွဲဆိုမည့်နေ ့ထုတ်ပြန်ကြေငြာ . .

0
158

ဒေးဗစ်လား အပါအဝင် လေးဦးကို ရန်ကုန်တိုင်း အစိုးရက တရားစွဲဆိုမည့်နေ ့ထုတ်ပြန်ကြေငြာ . .

ဒေးဗစ်လားအပါအဝင် လေးဦးကို ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုမည့်နေ ့ထုတ်ပြန်ကြေငြာပြီ။

ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်ထားသည့် ဒေးဗစ်လား အပါအဝင် လေးဦး ဆေးရုံဆင်းခဲ့ပါက Home Quarantine ခုနစ်ရက်ပြီးနောက် အမှုဆက်လက်ရင်ဆိုင်ရမည်ဟု ရန်ကုန်တိုင်း လူဝင်မှု/လူ့စွမ်းအားဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှုဖွင့်ထားသည့် ဒေဗစ်လားအပါအဝင် လေးဦးမှာ ဆေးရုံမှ ဆင်းပါက Home Quarantine ခုနစ်ရက်နေရမည်ဖြစ်ပြီ

အဆိုပါကာလအပြီးတွင် အမှုအား ဆက် လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မူကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်

“သူတို့ဆေးရုံကဆင်းရရင် Home Quarantine ခုနစ်ရက်နေရဦးမယ်။ ဆေးရုံက ဆင်း မဆင်းကတော့ သေချာမသိရသေးဘူး။ ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ မပါဘူး“ဟု ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ဒေးဗစ်လားအပါအဝင် သင်းအုပ်ဆရာ အမှုတော်ဆောင်နှင့် နဝရတ်တေးသံသွင်းမှ ဦးဝေထွန်းတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး- ၂ ဦးမိုးဟိန်းကပြောကြားထားသည်။

“အဲဒါကို ဥပဒေအတိုင်းဆက်လက် ဆောင်ရွက်သွားမှာ။ ဥပဒေနဲ့အညီဆောင် ရွက်သွားမှာ။ ဆေးရုံဆင်းပြီဆိုရင် သူ့အိမ်သူ ပြန်ပါလိမ့်မယ်။ ပြီးရင်တော့ တရားဥပဒေကို ရင်ဆိုင်ဖြေရှင်းရပါမယ်။

သူတို့အိမ်ကို ပြန် ရောက်လို့ပြီးလို့ ဥပဒေကြောင်းအရ ဆောင် ရွက်တဲ့အခါ ဥပဒေနဲ့အညီဆောင်ရွက်သွား မှာပါ။ ဒါတွေကချက်ချင်း အချုပ်ကျတဲ့ အမှု ဖြစ်ခြင်း မဖြစ်ခြင်းထက် အခုလောလော ဆယ်မှာ ကျန်းမာရေးကိုဦးစားပေးရပါလိမ့်မယ်။

ဒါကြောင့်မို့လို့ ကျန်းမာရေးကောင်းပြီး ဆေးရုံကဆင်းတယ် ဆိုသော်ငြားလည်း သူ တို့ရဲ့ကျန်းမာရေးအရ အိမ်မှာစောင့်ကြပ် ကြည့်ရှုရမယ့်အခြေအနေမျိုးလည်း ရှိနိုင်ပါ သေးတယ်း ဥပဒေကြောင်းအရ သေချာစိစစ် ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ် ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ညွှန် ကြားချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့ သည့် သင်းအုပ်ဆရာအပါအဝင် လူလေးဦး အား အင်းစိန်မြို့မရဲစခန်းနှင့် မရမ်းကုန်း မြို့မရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ရော ဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဧပြီ ၁၄ရက်တွင် ကြေညာထား သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင် ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ် စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အ ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

EMG

ေဒးဗစ္လား အပါအဝင္ ေလးဦးကို ရန္ကုန္တိုင္း အစိုးရက တရားစြဲဆိုမည့္ေန ့ထုတ္ျပန္ေၾကျငာ . .

ေဒးဗစ္လားအပါအဝင္ ေလးဦးကို ရန္ကုန္တိုင္းအစိုးရက တရားစြဲဆိုမည့္ေန ့ထုတ္ျပန္ေၾကျငာျပီ။

ရန္ကုန္တိုင္းအစိုးရက အမွုဖြင့္ထားသည့္ ေဒးဗစ္လား အပါအဝင္ ေလးဦး ေဆး႐ုံဆင္းခဲ့ပါက Home Quarantine ခုနစ္ရက္ၿပီးေနာက္ အမွုဆက္လက္ရင္ဆိုင္ရမည္ဟု ရန္ကုန္တိုင္း လူဝင္မွု/လူ႔စြမ္းအားဝန္ႀကီး ေျပာၾကား

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕မွ အမွုဖြင့္ထားသည့္ ေဒဗစ္လားအပါအဝင္ ေလးဦးမွာ ေဆး႐ုံမွ ဆင္းပါက Home Quarantine ခုနစ္ရက္ေနရမည္ျဖစ္ၿပီ

အဆိုပါကာလအၿပီးတြင္ အမွုအား ဆက္ လက္ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူဝင္မူႀကီးၾကပ္ ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က ေျပာၾကားသည္

“သူတို့ေဆး႐ုံကဆင္းရရင္ Home Quarantine ခုနစ္ရက္ေနရဦးမယ္။ ေဆး႐ုံက ဆင္း မဆင္းကေတာ့ ေသခ်ာမသိရေသးဘူး။ ဒီေန႔ထုတ္ျပန္ခ်က္ထဲမွာေတာ့ မပါဘူး“ဟု ေဒၚမိုးမိုးစုၾကည္က ေျပာၾကားသည္။

ေဒးဗစ္လားအပါအဝင္ သင္းအုပ္ဆရာ အမွုေတာ္ေဆာင္ႏွင့္ နဝရတ္ေတးသံသြင္းမွ ဦးေဝထြန္းတို့အား သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ကာကြယ္ေရးဥပေဒပုဒ္မ ၂၅ ျဖင့္ အမွုဖြင့္ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီ အတြင္းေရးမွူး- ၂ ဦးမိုးဟိန္းကေျပာၾကားထားသည္။

“အဲဒါကို ဥပေဒအတိုင္းဆက္လက္ ေဆာင္ရြက္သြားမွာ။ ဥပေဒနဲ႔အညီေဆာင္ ရြက္သြားမွာ။ ေဆး႐ုံဆင္းၿပီဆိုရင္ သူ႔အိမ္သူ ျပန္ပါလိမ့္မယ္။ ၿပီးရင္ေတာ့ တရားဥပေဒကို ရင္ဆိုင္ေျဖရွင္းရပါမယ္။

သူတို့အိမ္ကို ျပန္ ေရာက္လို့ၿပီးလို့ ဥပေဒေၾကာင္းအရ ေဆာင္ ရြက္တဲ့အခါ ဥပေဒနဲ႔အညီေဆာင္ရြက္သြား မွာပါ။ ဒါေတြကခ်က္ခ်င္း အခ်ဳပ္က်တဲ့ အမွု ျဖစ္ျခင္း မျဖစ္ျခင္းထက္ အခုေလာေလာ ဆယ္မွာ က်န္းမာေရးကိုဦးစားေပးရပါလိမ့္မယ္။

ဒါေၾကာင့္မို့လို့ က်န္းမာေရးေကာင္းၿပီး ေဆး႐ုံကဆင္းတယ္ ဆိုေသာ္ျငားလည္း သူ တို့ရဲ့က်န္းမာေရးအရ အိမ္မွာေစာင့္ၾကပ္ ၾကည့္ရွုရမယ့္အေျခအေနမ်ိဳးလည္း ရွိနိုင္ပါ ေသးတယ္း ဥပေဒေၾကာင္းအရ ေသခ်ာစိစစ္ ေဆာင္ရြက္သြားမွာျဖစ္တယ္” ဟု ေဒၚမိုးမိုးစုၾကည္က ေျပာၾကားသည္။

ရန္ကုန္တိုင္းအတြင္း ကိုဗစ္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္ၿပီး ညႊန္ ၾကားခ်က္မ်ားအား လိုက္နာရန္ပ်က္ကြက္ခဲ့ သည့္ သင္းအုပ္ဆရာအပါအဝင္ လူေလးဦး အား အင္းစိန္ၿမိဳ့မရဲစခန္းႏွင့္ မရမ္းကုန္း ၿမိဳ့မရဲစခန္းတို့တြင္ အမွုဖြင့္ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္ ေရာ ဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရး ေကာ္မတီက ဧၿပီ ၁၄ရက္တြင္ ေၾကညာထား သည္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံ ခန႔္ခြဲမွုဥပေဒ ပုဒ္မ ၂၅ သည္ မည္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲ ေပါ့ဆစြာ ေဆာင္ ရြက္မွု တစ္ခုခုေၾကာင့္ျဖစ္ေစ၊ သဘာဝေဘး အႏၲရာယ္ျဖစ္ေပၚလၽွင္ သို့မဟုတ္ျဖစ္ေပၚ ေစရန္ အေၾကာင္းရွိလၽွင္ ထိုသူကို သုံးႏွစ္ ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အ ျပင္ ေငြဒဏ္ကိုလည္း ခ်မွတ္နိုင္သည္ဟု ဥပေဒတြင္ ေဖာ္ျပထားသည္။

EMG