အသင့်စားခေါက်ဆွဲပြုတ်တွေကို စားဖြစ်ရင် အန္တရာယ်ကင်းအောင် ဒါလေးသိထားပါ

0
247

အသင့်စားခေါက်ဆွဲထုပ်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အစားအများဆုံး အစားအစာတစ်မျိုးဖြစ်ပြီး လူကြိုက်လည်းများ၊ အရသာလည်းရှိတဲ့ အစားအစာဖြစ်ပါတယ်။

ချက်ပြုတ်ရ လွယ်ကူသလို၊ အရသာလည်း မျိုးစုံရှိတာကြောင့် အစားကောင်းကြိုက်တဲ့သူတွေအတွက်တော့ ခေါက်ဆွဲပြုတ်က မပါမဖြစ်ပါပဲ။

အသင့်စားခေါက်ဆွဲပြုတ်တွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိကြပေမယ့် မစားဘဲနဲ့လည်း မနေနိုင်ကြပြန်ပါဘူး။

ရေနွေးဆူဆူထဲမှာ ထည့်၊ အရသာတွေကို ရောပြီး ၃ မိနစ်လောက် ပြုတ်ပြီးတာနဲ့ စားလိုက်တတ်ကြတာဟာ မှားယွင်းတဲ့ စားသုံးနည်းဖြစ်ပါတယ်။

ခေါက်ဆွဲထဲမှာ MSG လို့ ခေါ်တဲ့ အမယ်တစ်မျိုးပါဝင်ပြီး အရသာမှုန့်တွေနဲ့ ထိတွေ့သွားတဲ့အခါ ဓာတ်ပြုပြီး ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေဖြစ်စေနိုင်ပါတယ်။

အသင့်စား ခေါက်ဆွဲတွေကို စားသုံးရ လွယ်ကူစေဖို့အတွက် ဖယောင်းတွေ သုတ်လိမ်းထားတာဖြစ်ပြီး ခန္ဓာကိုယ်က အဲဒီ့ဖယောင်းတွေကို ချေဖျက်ဖို့အတွက် ၅ ရက်ခန့် အချိန်ယူရပါတယ်။

အသင့်စားခေါက်ဆွဲထုပ်တွေကို စားသုံးတော့မယ်ဆိုရင် အန္တရာယ်ကင်းကင်းနဲ့ ကျန်းမာရေးကို မထိခိုက်အောင် စားသုံးနိုင်တဲ့ နည်းလမ်း အဆင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

လုံးဝမဟုတ်ရင်တောင် တစ်ဝက်လောက်တော့ ထိခိုက်မှုနှုန်း နည်းပါးသွားစေတာကြောင့် ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး စားသုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ရေနွေးဆူဆူထဲကို ခေါက်ဆွဲခြောက်ထည့်လိုက်ပါ။

ခေါက်ဆွဲကျက်ခါနီးအချိန်မှာ ခေါက်ဆွဲကို ထုတ်လိုက်ပြီး ခေါက်ဆွဲပြုတ်ရည်ကို သွန်လိုက်ပါ။

ခေါက်ဆွဲဖတ်တွေထဲကို ရေနွေးအသစ်ထပ်ထည့်ပြီး အရသာမှုန့်ကို ထည့်ကာ စားသုံးပါ။

ဒီနည်းလမ်းကို အသုံးပြုခြငး်ဖြင့် အသင့်စားခေါက်ဆွဲထုပ် စားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ၈၀% လောက်တော့ လျှော့ချနိုင်မှာဖြစ်ပါတယ်။

Em Em













ဒီနည်းလမ်းကို အသုံးပြုခြင်းဖြင့် အသင့်စားခေါက်ဆွဲထုပ် စားခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေကို ၈၀% လောက်တော့ လျှော့ချနိုင်မှာဖြစ်ပါတယ်။

Em Em