ခန္ဓာကိုယ်အတွက် အလျင်အမြန် ထိရောက်မှုရှိတဲ့ လမ်းလျှောက်လေ့ကျင့်ခန်း (၄) ခု
0
182
ခုကာလတွေ တဖြည်းဖြည်း တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ သွားလာလှုပ်ရှားမှုတွေဟာလည်း အရင်ကထက် တဖြည်းဖြည်း နည်းပါးလာပါတယ်။ အထိုင်များတဲ့ အလုပ်တွေနဲ့ တစ််ချိန်လုံး သယ်ယူပို့ဆောင်ရေးယဉ်တွေကိုပဲ အားကိုးလာရတဲ့အခါ တစ်နေ့တစ်နေ့ လမ်းတောင်ကောင်းကောင်း မလျှောက်ဖြစ်တော့ပါဘူး။ တကယ်တော့ ဒါဟာ ယနေ့ခေတ်မှာ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဓိကအချက်ဖြစ်လာပါတယ်။ ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်အောင် လမ်းလျှောက်တဲ့အလေ့အကျင့်လေးတွေကို လုပ်ယူသင့်ပါတယ်နော်။ ဒါကြောင့် တကယ့်ကိုထိရောက်တဲ့ လမ်းလျှောက်လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Walking Workout 1
ပထဆုံးဆုံးတစ်ခုကတော့ တစ်နေ့ကို ခြေလှမ်းပေါင်း 10,000 လှမ်းနိုင်မယ့် စိန်ခေါ်မှုကို ပြုလုပ်ပါ။ ဒီလို နေ့စဉ်ခြေလှမ်းပေါင်း တစ််သောင်း လှမ်းခြင်းက သင့်ရဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ဝိတ်ကိုထိန်းပေးပါတယ်။ ဒီစိန်ခေါ်မှုကို လုပ်ဆောင်သွားနိုင်ပြီဆိုရင်တော့ တဖြည်းဖြည်း ခြေလှမ်းအရေအတွက်ကို 15,000 , 20,000 စသဖြင့် တိုးသွားရင်း ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေပြီး လန်းဆန်းပြီး ကျန်းမာရေးကို ကောင်းလာစေပါတယ်။
Walking Workout 2
နောက်ထပ် နည်းလမ်းကတော့ တစ်နေ့ကို မိနစ်သုံးဆယ် လမ်းလျှောက်တဲ့ စိန်ခေါ်မှုကို ပြုလုပ်ပါ။ တစ်နေ့ထက်တစ်နေ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ခြေလှမ်းတွေကို ပိုပိုပြီးမြန်လာအောင် လျှောက်နိုင်အောင် ကြိုးစားပါ။ ဒီလေ့ကျင့်ခန်းကလည်း ဝိ်တ်ကိုကျစေပြီးတော့ မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးတဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
Walking Workout 3
ဒီလေ့ကျင့်ခန်းကတော့ အားသုံးပြီး လျှောက်ရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ခြေထောင်တွေကို ခပ်ပြင်းပြင်းဖိနင်းပြီး မြန်မြန်တွန်းကန်သလို လျှောက်ပေးရမှာပါ။ ပထမဆုံးစလျှောက်မယ့်သူတွေအတွက် မိနစ်နှစ်ဆယ်လောက်သာ လျှောက်သင့်ပြီးတော့ နောက်မှ မိနစ်သုံးဆယ်၊ လေးဆယ်စသဖြင့် တိုးသွားလို့ ရပါတယ်။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ််က ချွေးပုပ်တွေကို ထွွက်စေပြီး အဆစ်တွေအတွက် ကောင်းမွန်စေပါတယ်။
Walking Workout 4
ဒီနည်းလမ်းကတော့ ခြေထောက်ကို မြင့်မြင့်ထားပြီး ဝမ်းဗိုက်တွေနဲ့ ထိအောင်လောက်ထိ လျှောက်ပေးရမှာ ဖြစ်ပါတယ်။ နောက်ပြီး လမ်းလျှောက်နေစဉ်မှာ လက်တွေကိုလွဲပေးထားရမှာပါ။ မိနစ်နှစ်ဆယ်လောက်လျှောက်ပေးရမှာဖြစ်ပြီးတော့ အသက်ကိုပုံမှန်ရှုပေးဖို့ လိုအပ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အဆီတွေကို အလျင်အမြန်ကျစေပြီးတော့ အထူးသဖြင့် ဝမ်းဗိုက်နဲ့ ခါးအဆီတွေကို ကျစေမယ့် လေ့ကျင့်ခန်း ဖြစ်ပါတယ်။
Khin(Aunty May)
Walking Workout 1
Walking Workout 2
Walking Workout 3
Walking Workout 4
Khin(Aunty May)
LEAVE A REPLY
Please enter your comment!
Please enter your name here