မေလ ၅ ရက်နှင့် ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်အားလုံး မီးပျက်မည်

0
198

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များအားလုံးတွင် မေလ ၅ ရက်နေ့ (အင်္ဂါနေ့) နှင့် မေလ ၇ ရက်နေ့ (ကြာသပတေးနေ့ ) တွင် မနက် (၉) နာရီမှ နေ့လည် (၁၂ ) နာရီ အချိန်အထိ ယာယီ ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။

(၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများ၊ ရေရှည် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက်

ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ် အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက်

သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အတွက်ကြောင့် ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း…

ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း/ တောင်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ တောင်ဉက္ကလာပ၊

ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေပေါက္ကံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ စမ်းချောင်း၊ လမ်းမတော်၊

ကမာရွတ်၊ လှိုင်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ သန်လျင်၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြိးခနောင်တို၊ ကျိုက်ထော်၊ တွံတေး၊ အေးရွာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊

ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဥက္ကံ၊ တိုက်ကြီး၊ အဖျောက်၊ ဒလ၊ လက်ခုပ်ကုန်း မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိမည် ဖြစ်သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်သောကြောင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် နားလည်ခွင့်လွှတ်ပေးပါရန်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။

Su Mon Oo ( Mine )













Su Mon Oo ( Mine )