လမ်းဘေးခွေးတွေကိုဆိတ်သား လို့ပြောပြီးရောင်းနေကြတဲ့ မြန်မာနိုင်ငံက လင်မယား

0
168

ယခု သတင်းကို ( Vidya Local News ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် လမ်းဘေးခွေး -သ-တ်ဖြ- တ်သူများ အား မေ ၁ ရက်နေ့ ည ၆နာရီခန့်ကဖမ်းမိခဲ့သဖြင့် ရဲစခန်းသို့အပ်နှံကာ အမှုဖွင့်နိုင်ရေး ဆောင်ရွက်နေကြောင်း ညောင်ရွှေမြို့နယ် ခွေးချစ်သူများအဖွဲ့မှ သိရသည်။

အဆိုပါ ဖမ်းမိသူ ၂ ဦးကို မသင်္ကာသဖြင့် စုံစမ်းနေသည်မှာ ရက်ပိုင်းကြာခဲ့ပြီဖြစ်ပြီး မေလ ၁ရက် ညတွင်မူ သက်သေခံခွေးသေနှင့်အတူ လက်ရဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ခွေးချစ်သူများ(Dog Shelter-DHT)အဖွဲ့ဥက္ကဌ ဦးသန်းလှိုင်က ပြောသည်။

“အသားကင်ဆိုင်မှာ စောင့်ကြည့်နေတာ။ မကင်ဘဲ အစိမ်းလိုက် ၁၅၀၀ ဖိုး ဝယ်သွားတယ်ဆိုတော့ သေချာပြီဆိုပြီးလိုက်တာမှာ ခွေးအသေကောင်နဲ့အတူ ဖမ်းမိလို့ ရဲစခန်းကို အပ်ခဲ့ပါတယ်။ လတ်တလော ရဲစခန်းက ခံဝန်ပေးထားကြောင်းသိရပါတယ်။ တရားလိုအနေနဲ့ အမှုဖွင့်ပြီး ဒီခွေးတွေကို ဘာလုပ်ဖို့သ- တ်- တယ်။ ပြီးတော့ ဘယ်သူ့ကိုရောင်းတယ်ဆိုတာတွေ၊ ဆိတ်သားခြောက် ဆတ်သားခြောက်ဆိုပြီး အသားတုလုပ်တာတွေ၊ တိရိစ္ဆာန်ညှဉ်းပန်း နှိပ်-စက် မှုတွေ၊ ကျန်းမာရေးနဲ့မညီမညွတ်လုပ်ပြီး လိမ်-ရောင်းတာတွေကို သက်ဆိုင်ရာစစ်ဆေးပြီး ပေါ်လွင်စေချင်တယ်။ ဒါကို လူထုသိစေချင်ပါတယ်” ဟု ဦးသန်းလှိုင်က ပြောသည်။

မေလ ၁ရက် ညေန ၆ နာရီခန့်တွင် တွန်းလှည်းအကင်ဆိုင်မှ ကြက်သားကင် ၁၅၀၀ ဖိုးဝယ်ယူသည့် စုံတွဲတစ်တွဲကို မသင်္ကာ၍ နောက်ယောင်ခံစောင့်ကြည့်ပြီးနောက် ညောင်ရွှေမြို့၏ဝင်ပေါက် မြို့ဦးစေတီအနီးတွင် ခွေး(အ-သေ- ကောင်အမဲရောင်)တစ်ကောင်နှင့်အတူ လက်ပူးလက်ကြပ်တွေ့ရှိရပြီး ရဲစခန်းသို့အကြောင်းကြားကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ခွေးအ-သေ-ကောင်နှင့်အတူ တွေ့ရှိရသည့် စုံတွဲမှာ ညောင်ရွှေမြို့မှ ၇ မိုင်အကွာတွင် တည်ရှိသည့် ရွှေညောင်မြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် နေတိုင်သူများဖြစ်ကြောင်းသိရသည်။

၎င်းတို့၏ ပြောကြားချက်အရ ဝယ်ယူသူရှိ၍ ဖမ်း-ဆီး-သ.. ‘တ်ဖြ တ်ရခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်၍ ဘာလုပ်သည်ကိုမသိရကြောင်း ပြောကြားသည်။ ၎င်းတို့မှ ဝယ်ယူလာသည့် ကြက်သားများနှင့်ခွေးကို မြူဆွယ်ဖမ်းဆီးကာ အိတ်အတွင်းထည့်၍ ခွေး၏ လည်ပင်း ကို သံနန်းကြိုးဖြင့် ရစ်ပတ်– သ-..တ်ဖြ-တ်ခဲ့ ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

“မနေ့ညက စခန်းမှူးလည်းတင်ပြထားပါတယ်။ တရားလိုအနေနဲ့ခွေးချစ်သူများအဖွဲ့က လုပ်မယ်ဆိုရင် လာမယ့်ရုံးဖွင့်ရက်မှာ အမှုဖွင့်ဆောင်ရွက်သွားဖို့ရှိပါ့မယ်” ဟု ညောင်ရွှေမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မြင့်ဇော်ဦး ကပြောသည်။

ဦးပေါက် ( Vidya Local News )

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ Page က စာဖတ်သူများခင်ဗျာ …. အခုလို ထူးခြားသတင်းများကို ဖတ်ရှုလိုပါက Vidya Local News စာမျက်နှာကို လည်း သွားရောက်ကာ Like ပြုလုပ်ထားဖို့ ညွှန်းဆိုအကြုံပြုလိုက်ပါတယ်….

Credit and Thanks > Vidya

လမ္းေဘးေခြးေတြကိုဆိတ္သား လို႔ေျပာၿပီးေရာင္းေနၾကတဲ့ ျမန္မာနိုင္ငံက လင္မယား

ယခု သတင္းကို ( Vidya Local News ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မၽွေဝ တင္ဆက္ျခင္း ျဖစ္ပါသည္ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ႕တြင္ လမ္းေဘးေခြး -သ-တ္ျဖ- တ္သူမ်ား အား ေမ ၁ ရက္ေန႔ ည ၆နာရီခန္႔ကဖမ္းမိခဲ့သျဖင့္ ရဲစခန္းသို႔အပ္ႏွံကာ အမႈဖြင့္နိုင္ေရး ေဆာင္ရြက္ေနေၾကာင္း ေညာင္ေရႊၿမိဳ႕နယ္ ေခြးခ်စ္သူမ်ားအဖြဲ႕မွ သိရသည္။

အဆိုပါ ဖမ္းမိသူ ၂ ဦးကို မသကၤာသျဖင့္ စုံစမ္းေနသည္မွာ ရက္ပိုင္းၾကာခဲ့ၿပီျဖစ္ၿပီး ေမလ ၁ရက္ ညတြင္မူ သက္ေသခံေခြးေသႏွင့္အတူ လက္ရဖမ္းမိခဲ့ျခင္းျဖစ္သည္ဟု ေခြးခ်စ္သူမ်ား(Dog Shelter-DHT)အဖြဲ႕ဥကၠဌ ဦးသန္းလွိုင္က ေျပာသည္။

“အသားကင္ဆိုင္မွာ ေစာင့္ၾကည့္ေနတာ။ မကင္ဘဲ အစိမ္းလိုက္ ၁၅၀၀ ဖိုး ဝယ္သြားတယ္ဆိုေတာ့ ေသခ်ာၿပီဆိုၿပီးလိုက္တာမွာ ေခြးအေသေကာင္နဲ႔အတူ ဖမ္းမိလို႔ ရဲစခန္းကို အပ္ခဲ့ပါတယ္။ လတ္တေလာ ရဲစခန္းက ခံဝန္ေပးထားေၾကာင္းသိရပါတယ္။ တရားလိုအေနနဲ႔ အမႈဖြင့္ၿပီး ဒီေခြးေတြကို ဘာလုပ္ဖို႔သ- တ္- တယ္။ ၿပီးေတာ့ ဘယ္သူ႔ကိုေရာင္းတယ္ဆိုတာေတြ၊ ဆိတ္သားေျခာက္ ဆတ္သားေျခာက္ဆိုၿပီး အသားတုလုပ္တာေတြ၊ တိရိစၧာန္ညႇဥ္းပန္း ႏွိပ္-စက္ မႈေတြ၊ က်န္းမာေရးနဲ႔မညီမညြတ္လုပ္ၿပီး လိမ္-ေရာင္းတာေတြကို သက္ဆိုင္ရာစစ္ေဆးၿပီး ေပၚလြင္ေစခ်င္တယ္။ ဒါကို လူထုသိေစခ်င္ပါတယ္” ဟု ဦးသန္းလွိုင္က ေျပာသည္။

ေမလ ၁ရက္ ေညန ၆ နာရီခန္႔တြင္ တြန္းလွည္းအကင္ဆိုင္မွ ၾကက္သားကင္ ၁၅၀၀ ဖိုးဝယ္ယူသည့္ စုံတြဲတစ္တြဲကို မသကၤာ၍ ေနာက္ေယာင္ခံေစာင့္ၾကည့္ၿပီးေနာက္ ေညာင္ေရႊၿမိဳ႕၏ဝင္ေပါက္ ၿမိဳ႕ဦးေစတီအနီးတြင္ ေခြး(အ-ေသ- ေကာင္အမဲေရာင္)တစ္ေကာင္ႏွင့္အတူ လက္ပူးလက္ၾကပ္ေတြ႕ရွိရၿပီး ရဲစခန္းသို႔အေၾကာင္းၾကားကာ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု ၎က ရွင္းျပသည္။

ေခြးအ-ေသ-ေကာင္ႏွင့္အတူ ေတြ႕ရွိရသည့္ စုံတြဲမွာ ေညာင္ေရႊၿမိဳ႕မွ ၇ မိုင္အကြာတြင္ တည္ရွိသည့္ ေရႊေညာင္ၿမိဳ႕၊ ေအာင္မဂၤလာရပ္ကြက္တြင္ ေနတိုင္သူမ်ားျဖစ္ေၾကာင္းသိရသည္။

၎တို႔၏ ေျပာၾကားခ်က္အရ ဝယ္ယူသူရွိ၍ ဖမ္း-ဆီး-သ.. ‘တ္ၿဖ တ္ရျခင္း ျဖစ္ေၾကာင္းႏွင့္ ဆက္လက္၍ ဘာလုပ္သည္ကိုမသိရေၾကာင္း ေျပာၾကားသည္။ ၎တို႔မွ ဝယ္ယူလာသည့္ ၾကက္သားမ်ားႏွင့္ေခြးကို ျမဴဆြယ္ဖမ္းဆီးကာ အိတ္အတြင္းထည့္၍ ေခြး၏ လည္ပင္း ကို သံနန္းႀကိဳးျဖင့္ ရစ္ပတ္– သ-..တ္ျဖ-တ္ခဲ့ ျခင္းျဖစ္ေၾကာင္း ေတြ႕ရွိရသည္ဟု ဆိုသည္။

“မေန႔ညက စခန္းမႉးလည္းတင္ျပထားပါတယ္။ တရားလိုအေနနဲ႔ေခြးခ်စ္သူမ်ားအဖြဲ႕က လုပ္မယ္ဆိုရင္ လာမယ့္႐ုံးဖြင့္ရက္မွာ အမႈဖြင့္ေဆာင္ရြက္သြားဖို႔ရွိပါ့မယ္” ဟု ေညာင္ေရႊၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ျမင့္ေဇာ္ဦး ကေျပာသည္။

ဦးေပါက္ ( Vidya Local News )

ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ Page က စာဖတ္သူမ်ားခင္ဗ်ာ …. အခုလို ထူးျခားသတင္းမ်ားကို ဖတ္ရႈလိုပါက Vidya Local News စာမ်က္ႏွာကို လည္း သြားေရာက္ကာ Like ျပဳလုပ္ထားဖို႔ ညႊန္းဆိုအၾကဳံျပဳလိုက္ပါတယ္….

Credit and Thanks > Vidya