ဒေသန္တရအမိန့်ကိုဖောက်ဖျက်ကျူးလွန်တဲ့ ကေတီဗီ ဆိုင်တွေကိုဝင်ဖမ်း၊ ဒဏ်ငွေသာ ချမှတ်

0
201

မြိတ်မြို့မှာ ဒေသန္တရအမိန့်ကိုဖောက်ဖျက်ကျူးလွန်တဲ့KTV ဆိုင်တွေအား ဒဏ်ငွေသာ ချမှတ်ခဲ့တာကြောင့် ဒေသခံတွေကြား ဝေဖန်မှုမြင့်တက်နေပြီး ထိထိရောက်ရောက် အရေးယူစေချင်လိုကြောင်း ကြားသိရပါသည်။

မြိတ်မြို့တွင် မေလ ၃ ရက်နေ့ ညက KTV တွေ ဖွင့်နေတယ်ဆိုတဲ့ သတင်းအရရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ လရိပ်ဖြူ ၊ မြတ်နိုးမေ နှင့် ဒစ်စကို ဆိုတဲ့ ဆိုင် ၃ ဆိုင်မှာဖောက်သည်တွေနှင့်မိန်းကလေး တွေကိုပါအတူ တွေ့ရှိဖမ်းမိခဲ့တယ်လို့ သိရသည်။

မေလ ၄ ရက်နေ့မှာ မြိတ်တရားရုံးကလရိပ်ဖြူ နှင့် ဒစ်စကို ဆိုင်ကို ငွေဒဏ်အမိန့်ချပြီး မြတ်နိုးမေ ဆိုင်ကတော့ KTV မှာ သီချင်းသီဆိုတာ မတွေ့ရှိရပေမဲ့ တရားမဝင် အနှိပ်ခန်း လုပ်နေတာဖြစ်လို့ နောက်ရုံးချိန်း ချိန်းဆိုပြီး ပြစ်ဒဏ်သတ်မှတ်မယ့် အနေအထားရှိတယ်လို့ ဒေသခံတွေက ပြောသည်။

ယခင်က ရဲတပ်ဖွဲကို အကြောင်းကြားပြီးသွားရောက် စစ်ဆေးခဲ့ပေမယ့် တစ်ကြိမ်တစ်ခါမှ ဖမ်းမိခြင်းမရှိခဲ့ဘူးဒါကြောင့်ဒီတစ်ကြိမ်တော့ ရဲတပ်ဖွဲကိုမခေါ် ပဲ အုပ်ချုပ်ရေးမှူး၊စည်ပင်ကော်မတီဥက္ကဌ၊ မီးသတ်တပ်ဖွဲ့တွေနှင့် တာဝန်သိပြည်သူတွေ ပူးပေါင်းပြီးဝင်စစ်လိုက်တော့ ဘာမှမလုပ်နိုင်ပဲ လက်ပူးလက်ကြပ် မိခဲ့တာဖြစ်ကြောင်း သိရပါသည်။

ဖမ်းမိတဲ့ဆိုင်ပိုင်ရှင်တွေကို သက်ဆိုင်ရာရဲစခန်းကိုအပ်၊တရားရုံးကို တရားစွဲတင်ပို့ခဲ့ပေမဲ့ တရားရေးမှ ဒဏ်ငွေလောက်နဲ့သာ အမိန့်ချမှတ်ခဲ့သောကြောင့် ဒေသခံတွေကြား ဝေဖန်မှုမြင့်တက်နေပြီး ထိထိရောက်ရောက် အရေးယူစေချင်လိုကြောင်း ကြားသိရပါသည်။

ဓါတ်ပုံ – မြို့စောင့်တပ် / Myat Ko Ko

ေဒသႏၲရအမိန႔္ကိုေဖာက္ဖ်က္က်ဴးလြန္တဲ့ ေကတီဗီ ဆိုင္ေတြကိုဝင္ဖမ္း၊ ဒဏ္ေငြသာ ခ်မွတ္

ၿမိတ္ၿမိဳ႕မွာ ေဒသႏၲရအမိန႔္ကိုေဖာက္ဖ်က္က်ဴးလြန္တဲ့KTV ဆိုင္ေတြအား ဒဏ္ေငြသာ ခ်မွတ္ခဲ့တာေၾကာင့္ ေဒသခံေတြၾကား ေဝဖန္မႈျမင့္တက္ေနၿပီး ထိထိေရာက္ေရာက္ အေရးယူေစခ်င္လိုေၾကာင္း ၾကားသိရပါသည္။

ၿမိတ္ၿမိဳ႕တြင္ ေမလ ၃ ရက္ေန႔ ညက KTV ေတြ ဖြင့္ေနတယ္ဆိုတဲ့ သတင္းအရေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရာမွာ လရိပ္ျဖဴ ၊ ျမတ္နိုးေမ ႏွင့္ ဒစ္စကို ဆိုတဲ့ ဆိုင္ ၃ ဆိုင္မွာေဖာက္သည္ေတြႏွင့္မိန္းကေလး ေတြကိုပါအတူ ေတြ႕ရွိဖမ္းမိခဲ့တယ္လို႔ သိရသည္။

ေမလ ၄ ရက္ေန႔မွာ ၿမိတ္တရား႐ုံးကလရိပ္ျဖဴ ႏွင့္ ဒစ္စကို ဆိုင္ကို ေငြဒဏ္အမိန႔္ခ်ၿပီး ျမတ္နိုးေမ ဆိုင္ကေတာ့ KTV မွာ သီခ်င္းသီဆိုတာ မေတြ႕ရွိရေပမဲ့ တရားမဝင္ အႏွိပ္ခန္း လုပ္ေနတာျဖစ္လို႔ ေနာက္႐ုံးခ်ိန္း ခ်ိန္းဆိုၿပီး ျပစ္ဒဏ္သတ္မွတ္မယ့္ အေနအထားရွိတယ္လို႔ ေဒသခံေတြက ေျပာသည္။

ယခင္က ရဲတပ္ဖြဲကို အေၾကာင္းၾကားၿပီးသြားေရာက္ စစ္ေဆးခဲ့ေပမယ့္ တစ္ႀကိမ္တစ္ခါမွ ဖမ္းမိျခင္းမရွိခဲ့ဘူးဒါေၾကာင့္ဒီတစ္ႀကိမ္ေတာ့ ရဲတပ္ဖြဲကိုမေခၚ ပဲ အုပ္ခ်ဳပ္ေရးမႉး၊စည္ပင္ေကာ္မတီဥကၠဌ၊ မီးသတ္တပ္ဖြဲ႕ေတြႏွင့္ တာဝန္သိျပည္သူေတြ ပူးေပါင္းၿပီးဝင္စစ္လိုက္ေတာ့ ဘာမွမလုပ္နိုင္ပဲ လက္ပူးလက္ၾကပ္ မိခဲ့တာျဖစ္ေၾကာင္း သိရပါသည္။

ဖမ္းမိတဲ့ဆိုင္ပိုင္ရွင္ေတြကို သက္ဆိုင္ရာရဲစခန္းကိုအပ္၊တရား႐ုံးကို တရားစြဲတင္ပို႔ခဲ့ေပမဲ့ တရားေရးမွ ဒဏ္ေငြေလာက္နဲ႔သာ အမိန႔္ခ်မွတ္ခဲ့ေသာေၾကာင့္ ေဒသခံေတြၾကား ေဝဖန္မႈျမင့္တက္ေနၿပီး ထိထိေရာက္ေရာက္ အေရးယူေစခ်င္လိုေၾကာင္း ၾကားသိရပါသည္။

ဓါတ္ပုံ – ၿမိဳ႕ေစာင့္တပ္ / Myat Ko Ko