နေရပ်လိပ်စာ အမှန်ရှာမရ ပဟေဠိ ဖြစ်ေ နတဲ့ လူနာအမှတ် (၁၆၁) ရဲ့ နေရပ်အမှန် ေတွ့ပြီ ၊ အစကတ ည်းက ရိုးရိုးသား သားပြောခဲ့သင့်တာ

0
96

လိပ် စာရှာနေဆဲ ပိုးတွေ့လူနာ Case 161 ကျောက်တန်းနေသူဖြစ်ကြောင်း အတည်ပြု

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မေလ ၄ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ လူနာနံပါတ် ၁၆၁ဟာ အင်းစိန်မြို့နယ်နေသူအဖြစ်ဖော်ပြထားပေမယ့် သူပေးထားတဲ့ အင်းစိန်မြို့နယ်နေရပ်လိပ်စာကို သက်ဆိုင်ရာက သွားရှာပေမဲ့ မတွေ့ရဘဲ သူနေထိုင်ခဲ့တာ လွန်ခဲ့တဲ့ နှစ် ၂ဝလောက်ကဖြစ်ကြောင်း သိရပါတယ်။

အင်းစိန်နေရပ်လိပ်စာပေးထားပြီး အင်းစိန်မှာ မနေတာ နှစ်၂ဝလောက်ရှိပြီဖြစ်တဲ့ လူနာနံပါတ် ၁၆၁ဟာ ဒလမြို့နယ်က ကျူးကျော်ရပ်ကွက်မှာ နေထိုင်တယ်ဆိုပြီး လူမှုကွန်ရက်တွေပေါ်ပျံ့နှံ့ခဲ့တာကြောင့်၊အဲဒီ့ရပ်ကွက်နဲ့ အနီးရပ်ကွက်တွေအတွင်း ဒီကနေ့ မနက်ပိုင်းထဲက ပိုက်စိပ်တိုက်ရှာဖွေပေမဲ့ မတွေ့ရကြောင်း ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ဒီဗွီဘီကိုပြောပါတယ်။

သူနဲ့ ပတ်သက်ပြီး လက်ရှိဆေးကုသမှုခံယူနေတဲ့ တောင်ဥက္ကလာပဆေးရုံကြီး တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာတော့ သူဟာ ကျောက်တန်းမြို့နယ် ၊ပဲလှော်ဖိုရွာ က ဟိန္ဒူဘုရားကျောင်းတစ်ခုနောက်ဆုံးနေထိုင်တာဖြစ်ကြောင်း ပြောပါတယ်။

အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ၊သူနေခဲ့တဲ့ရာဇသင်္ကြန်ရပ်ကွက် ကျော်ထင်အနော်ရထာလမ်းနေအိမ်ကို သွားရှာပေမဲ့ သူဟာ ဒလနဲ့ အဆက်အစပ်မရှိတာ နှစ်နှစ်လောက်ရှိပြီဖြစ်ကြောင်းကို စုံစမ်းသိရှိရတယ်လို့ ဒလမြို့ကျန်းမာရေးဌာနကပြောပါတယ်။

လူနာတွေဟာ သံသယအနေနဲ့ Quarantine Centerကိုရောက်ပြီဆိုရင် ဘယ်တွေသွား၊ဘယ်သူနဲ့တွေ့ ဘာလုပ်ခဲ့သလဲ ဆိုတော့ ကိုယ့်ဟာကိုယ် မှတ်မိသလောက် ချရေးထားသင့်ပြီး၊ဒီလိုရေးထားခြင်းအားဖြင့် တိုင်းပြည်ကိုလဲ ကူညီရာရောက်ကြောင်း၊ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်အတွက်လဲ ကူညီရာရောက်ကြောင်း အင်းစိန်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။

လေးစားမှုဖြင့် ခရစ်ဒက် DVB









LEAVE A REPLY

Please enter your comment!
Please enter your name here