အိမ်ထောင်သက် ၃၀ နှစ် သားသမီး ၇ ဦး ထွန်းကားပြီးမှ တစ်လင်တစ်ယား ပုဒ်မ ၁၃ ဖြင့်အမှုဖွင့်ခံရ

0
104

မေ (၆) AlinnMyay(အလင်းမြေ)

အိမ်ထောင်သက် ( ၃၀ )နှစ် ၊သားသမီး ( ၇ )ဦး ထွန်းကားပြီးမှ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့သောကြောင့် တစ်လင်တစ်မယားဥပဒေ ပုဒ်မ ( ၁၃ )ဖြင့် အမှုဖွင့်ခံခဲ့ရ သည့် ဖြစ်စဉ်တစ်ခု တောင်ငူခရိုင် ထန်းတပင်မြို့တွင် ဖြစ်ပွါးခဲ့ကြောင်းသိရသည် ။

ဖြစ်စဉ်မှာ ဧပြီလ ၆ ရက် မွန်းလွဲ ၁နာရီအချိန်က လင်မယား နှစ်ဦး စကားများရန်ဖြစ်ကြပြီး မယားဖြစ်သူသည် နေအိမ်ပေါ်မှ ဆင်းသွားကာ ၅ရက်​ခန့်အကြာတွင် တစ်ခြားအမျိုးသားငယ် တစ်ဦးနှင့် အိမ်ထောင်ရေး ဖောက်ပြန်ပြီး အတူပေါင်းသင်းနေထိုင်သည်ကို တွေ့ရှိခဲ့​သောကြောင့် ယခုလို တိုင်တန်းခဲ့တာဖြစ်ကြောင်း တိုင်ကြားစာအရ သိရသည်။

တောင်ငူခရိုင် ၊ ထန်းတပင်မြို့ ၊ သီရိဟေမာရပ်ကွက်နေ ဒေါ် ————–( ၄၈ )နှစ် ၊(ဘ) ဦးတုတ်ချို နှင့် ထန်တပင်မြို့ ၊ အောင်မင်္ဂရပ်ကွက်နေ မောင် —————( ၂၆ )နှစ်၊(ဘ ) ဦးကြည်လွင် တို့ နှစ်ဦးအား တရားမဝင် အတူပေါင်းသင်းနေထိုင်နေသည်ကို တွေ့ရှိသောကြောင့် လင်သားဖြစ်သူ ဦးကျော်ဦး ( ၅၀ )နှစ်မှ ယခုလို တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။

ဖြစ်စဉ်မှာ ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ဖြစ်ပြီး ကျေးရွာအတွင်း ညှိနှိုင်းဖြေရှင်ပေးခဲ့ကြသော်လည်း လင်သားဖြစ်သူ ဦးကျော်ဦးမှ ကျေနပ်မှု မရှိသောကြောင့် မေ ၅ ရက်နေ့မှ လာရောက် အမှုဖွင့်ဆိုခဲ့​ခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။

အဆိုပါဖြစ်စဉ် နှင့် ပတ်သက်ပြီး ဒေါ် ———-( ၄၈)နှစ်အား ထန်းတပင်မြို့မရဲစခန်းတွင် ( ပ)၆၀ /၂၀၂၀ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ဖြင့် အမှုဖွင့်ဆောင်ရွက် ထား ကြောင်းသိရသည်။

နေလင်းအောင်(တောင်ငူ) #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

အိမ္ေထာင္သက္ (၃၀)ႏွစ္ ၊ သားသမီး (၇)ဦး ထြန္းကားၿပီးမွ တစ္လင္တစ္ယား ပုဒ္မ (၁၃)ျဖင့္အမႈဖြင့္ခံရ

ေမ (၆) AlinnMyay(အလင္းေျမ)

အိမ္ေထာင္သက္ ( ၃၀ )ႏွစ္ ၊သားသမီး ( ၇ )ဦး ထြန္းကားၿပီးမွ အိမ္ေထာင္ေရး ေဖာက္ျပန္ခဲ့ေသာေၾကာင့္ တစ္လင္တစ္မယားဥပေဒ ပုဒ္မ ( ၁၃ )ျဖင့္ အမႈဖြင့္ခံခဲ့ရ သည့္ ျဖစ္စဥ္တစ္ခု ေတာင္ငူခရိုင္ ထန္းတပင္ၿမိဳ႕တြင္ ျဖစ္ပြါးခဲ့ေၾကာင္းသိရသည္ ။

ျဖစ္စဥ္မွာ ဧၿပီလ ၆ ရက္ မြန္းလြဲ ၁နာရီအခ်ိန္က လင္မယား ႏွစ္ဦး စကားမ်ားရန္ျဖစ္ၾကၿပီး မယားျဖစ္သူသည္ ေနအိမ္ေပၚမွ ဆင္းသြားကာ ၅ရက္​ခန႔္အၾကာတြင္ တစ္ျခားအမ်ိဳးသားငယ္ တစ္ဦးႏွင့္ အိမ္ေထာင္ေရး ေဖာက္ျပန္ၿပီး အတူေပါင္းသင္းေနထိုင္သည္ကို ေတြ႕ရွိခဲ့​ေသာေၾကာင့္ ယခုလို တိုင္တန္းခဲ့တာျဖစ္ေၾကာင္း တိုင္ၾကားစာအရ သိရသည္။

ေတာင္ငူခရိုင္ ၊ ထန္းတပင္ၿမိဳ႕ ၊ သီရိေဟမာရပ္ကြက္ေန ေဒၚ ————–( ၄၈ )ႏွစ္ ၊(ဘ) ဦးတုတ္ခ်ိဳ ႏွင့္ ထန္တပင္ၿမိဳ႕ ၊ ေအာင္မဂၤရပ္ကြက္ေန ေမာင္ —————( ၂၆ )ႏွစ္၊(ဘ ) ဦးၾကည္လြင္ တို႔ ႏွစ္ဦးအား တရားမဝင္ အတူေပါင္းသင္းေနထိုင္ေနသည္ကို ေတြ႕ရွိေသာေၾကာင့္ လင္သားျဖစ္သူ ဦးေက်ာ္ဦး ( ၅၀ )ႏွစ္မွ ယခုလို တိုင္တန္းခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္ ။

ျဖစ္စဥ္မွာ ဧၿပီလ ၁၁ ရက္ေန႔ ည ၁၀ နာရီဝန္းက်င္က ျဖစ္ၿပီး ေက်းရြာအတြင္း ညႇိႏွိုင္းေျဖရွင္ေပးခဲ့ၾကေသာ္လည္း လင္သားျဖစ္သူ ဦးေက်ာ္ဦးမွ ေက်နပ္မႈ မရွိေသာေၾကာင့္ ေမ ၅ ရက္ေန႔မွ လာေရာက္ အမႈဖြင့္ဆိုခဲ့​ျခင္းျဖစ္ေၾကာင္း အဆိုပါ ရဲစခန္းမွ သိရသည္။

အဆိုပါျဖစ္စဥ္ ႏွင့္ ပတ္သက္ၿပီး ေဒၚ ———-( ၄၈)ႏွစ္အား ထန္းတပင္ၿမိဳ႕မရဲစခန္းတြင္ ( ပ)၆၀ /၂၀၂၀ တစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ ၁၃ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ ထား ေၾကာင္းသိရသည္။

ေနလင္းေအာင္(ေတာင္ငူ) #AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

Credit to AlinnMyay

LEAVE A REPLY

Please enter your comment!
Please enter your name here