ဒီလိုမိန်းကလေးတစ်ယောက်ကို တွဲနေတယ်ဆိုရင်အခုချက်ခြင်းလမ်းခွဲလိုက်ပါ

0
73

သူမကို တကယ်မချစ်ဘူးလား .. ထားခဲ့လိုက်ပါ။

သူမကို သတို့သမီးဝတ်စုံနဲ့ သင့်ဘေးမှာရပ်ဖို့အထိ မရည်ရွယ်ထားဘူးဆိုရင် သူမကိုလက်တွဲဖြုတ်ခဲ့လိုက်ပါ။

သင့်ကလေးတွေရဲ့ မိခင်နေရာအထိ သူမကို ပုံဖော်မထားဘူးဆိုရင် သူမကို ချန်ထားရစ်ခဲ့ပါ။

သူမရဲ့ မျက်နှာမသစ်ခင် ကပိုကရိုပုံစံကို လက်မခံနိုင်ဘူးဆိုရင် သူမနဲ့ လမ်းခွဲလိုက်ပါ။

သူမရဲ့ရယ်သံတွေက သင့်နှလုံးသားကို မနွေးထွေးစေဘူးဆိုရင် သူမနဲ့ ဝေးရာကိုလျှောက်သွားလိုက်ပါ။

သူမရဲ့အပြုံးတွေက သင့်ကို မပျော်ရွှင်စေဘူးဆိုရင် သူမကို လွှတ်ချပစ်လိုက်ပါ။

သူမရဲ့ ကလေးဆန်မှုှုတွေကြောင့် စိတ်ညစ်ရတယ်ဆိုရင်…

သူမရဲ့ရက်ရောမှုတွေကြောင့် ဝမ်းမမြောက်နိုင်ဘူးဆိုရင်…

သူမရဲ့ ဖြူစင်ရိုးသားမှုတွေကို သာမန်လိုပဲ သဘောထားနေတယ်ဆိုရင်တော့ သူမနဲ့ သေချာပေါက်လမ်းခွဲလိုက်ပါ။

ဘာဖြစ်လို့လဲဆိုတော့ သင်တန်ဖိုးမထားတဲ့ သူမရဲ့ အရည်အချင်းတွေကို တန်ဖိုးထားမြတ်နိုးမယ့် သူတစ်ယောက်က သူမကိုစောင့်မျှော်နေလို့ပါ။

ထူးခြားတဲ့သူမဟာ ထူးခြားတဲ့ချစ်ခြင်းတွေနဲ့ ထိုက်တန်တယ်ဆိုတာကို သင်မသိပေမယ့် တန်ဖိုးသိတတ်တဲ့ သူတစ်ယောက်နဲ့တော့ သူမနဲ့ထိုက်တန်ပါတယ်လေ။

ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း








သူမရဲ့ ကလေးဆန်မှုတွေကြောင့် စိတ်ညစ်ရတယ်ဆိုရင်…






LEAVE A REPLY

Please enter your comment!
Please enter your name here