ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဆက်ရှိနေ

0
161

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလဌာနက ဒီမနက် ထုတ်ပြန်ပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃ ရက်အတွင်း သိသိသာသာ အားကောင်းလာနိုင်တဲ့ အခြေအနေမရှိဘူးလို့လည်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။

ဒီကနေ့ ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၆)ပေမှ (၈)ပေခန့် ရှိနိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-မိုးဇလ / DVB TV News

ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္းဆက္ရွိေန

ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းနဲ႔ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတို႔မွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ ဆက္လက္တည္ရွိေနတယ္လို႔ မိုးဇလဌာနက ဒီမနက္ ထုတ္ျပန္ပါတယ္။

အဆိုပါ ေလဖိအားနည္းရပ္ဝန္းဟာ ေနာက္ ၃ ရက္အတြင္း သိသိသာသာ အားေကာင္းလာနိုင္တဲ့ အေျခအေနမရွိဘူးလို႔လည္း ခန႔္မွန္းထုတ္ျပန္ထားပါတယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ ေအာ္ေတာင္ပိုင္းမွာ တိမ္အသင့္အတင့္မွ တိမ္ထူ ထပ္ေနၿပီး၊ က်န္ ဘဂၤလားပင္လယ္ေအာ္မွာ တိမ္အနည္းငယ္ ျဖစ္ထြန္းေနတယ္လို႔ ဆိုပါတယ္။

ဒီကေန႔ ညေနအထိခန႔္မွန္းခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ရြာနိုင္ၿပီး ရြာရန္ရာႏႈန္း(၆၀) ျဖစ္ပါတယ္။

ျမန္မာ့ပင္လယ္ျပင္မွာ လွိုင္းအသင့္အတင့္ရွိမွာျဖစ္ၿပီး လွိုင္းအျမင့္မွာ ျမန္မာ့ကမ္းရိုးတန္းတစ္ေလၽွာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ (၆)ေပမွ (၈)ေပခန႔္ ရွိနိုင္တယ္လို႔ မိုးဇလဌာနက ခန႔္မွန္းထုတ္ျပန္ထားပါတယ္။

ဓာတ္ပုံ-မိုးဇလ / DVB TV News