နှင်းဆီ (Rose) ရဲ့ကျန်းမာရေးအရ အသုံးဝင်ပုံများ

0
158

နှင်းဆီပန်းကနေ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်မလဲ…?

နှင်းဆီပန်းက ကျန်းမာရေးကိုအထောက်အကူဖြစ်စေလိမ့်မယ်၊လို့ တစ်ခါလေးတောင်မစဉ်းမိခဲ့ပါဘူး။ ဒါပေမယ့်နှင်းဆီပန်းရဲ့ အဆီအနှစ်တွေကရှေးယခင်ခေတ်ကာလတွေကတည်းက ကိုယ်ခန္ဓါ၊ စိတ်နဲ့အရေပြားတို့အတွက်ကောင်းကျိုးပြုတာတွေအများအပြားရှိခဲ့တာဖြစ်ပါတယ်။ နှင်းဆီပန်းကို အလှအပအတွက်အသုံးပြုနိုင်တယ်လို့တော်တော်များများသိပြီးဖြစ်ပေမယ့် နှင်းဆီပန်းရဲ့ပွင့်ချပ်လေးတွေက လိင်မှုဘဝကို အားဖြည့်ပေးသလို စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေနိုင်တယ်ဆိုတာကိုတော့သိပ်မသိကြသေးပါဘူး။

နှင်းဆီကမျိုးစိတ်ပေါင်း ၁ဝဝကျော်ရှိပြီး အရောင်အသွေးအမျိုးမျိုးရှိပါတယ်။ နှင်းဆီပင်ဟာ အာရှမျိုးရင်းပင်ဖြစ်ပြီးနောက်ပိုင်းမှာမှ မြောက်အမေရိက၊ ဥရောပ နဲ့မြောက်အာဖရိကတို့လိုမျိုး ကမ္ဘာ့နိုင်ငံတော်တော်များများမှာရှင်သန်ပေါက်ရာက်လာတာဖြစ်ပါတယ် …။

ကိုယ်အလေးချိန်ကျစေနိုင်ခြင်း –နှင်းဆီပန်းရဲ့ ပွင့်ချပ်ထဲမှာပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကိုလည်း တိုးတက်စေနိုင်စွမ်းရှိပါတယ်။ နှင်းဆီပွင့်ချပ်လက်တစ်ဆုပ်စာလောက်ကိုစားသုံးပေးမယ် ဆိုရင် စိတ်ကျေနပ်မှုရရှိစေပြီး အဆာခံနိုင်စေမှာဖြစ်တာကြောင့် သဘာဝအတိုင်းကိုယ်အလေးချိန်လျှော့ချစေနိုင်မယ့်နည်းတစ်ရပ်ပါ။

သဘာဝ ကာမအားတိုးဆေးတစ်ရပ် – နှင်းဆီပန်းဟာ အချစ်သင်္ကေတတစ်ရပ်ဖြစ်ရုံသာမက သဘာဝကာမအားတိုးဆေးတစ်ရပ်လည်းဖြစ်ပါတယ်။ နှင်းဆီရဲ့ပွင့်ချပ်တွေက လိင်စိတ်တက်ကြွလာအောင်လှုံ့ဆော်ရာမှာတော်တော်လေးထိရောက်ပါတယ်။ နှင်းဆီပွင့်ချပ်တွေက နှလုံးခုန်သံကို စည်းချက်မျန်အောင်ထိန်းညှိပေးနိုင်သလို စိတ်ခံစားမှုနဲ့အာရုံကြောစနစ်တွေကိုကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုနဲ့စိတ်ဓါတ်ကျမှုတွေကိုပြေလျော့စေခြင်း –ပင်ပန်းနွမ်းလျတာနဲ့စိတ်ဖိစီးမှုများတာကြောင့် အိပ်မပျော်တာနဲ့စိတ်ဂနာမငြိမ်တာတွေဖြစ်စေပြီး အဆိုပါအကျိုးဆက်တွေကြောင့် စိတ်ဆိုးလွယ်တာနဲ့ အမျိုးသမ်းတွေမျာ လိင်စိတ်ကုန်ခမ်းတာမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ နှင်းဆီပွင့်ချပ်တွေနဲ့ ပွင့်ချပ်တွေရဲ့ အဆီက အဆိုပါ လက္ခဏာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။Paraíba-Caixa တက္ကသိုလ်Physiology and Pathology/LTF ဌာနက လုပ်ဆောင်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာ နှင်းဆီပန်းရဲ့အဆီက စိတ်ငြိမ်စေနိုင်စွမ်းရှိတယ်။ လို့တွေ့ရှိခဲ့ပါတယ်။

လိပ်ခေါင်း လက္ခဏာတွေကို သက်သာအောင်အထောက်အပံ့ပေးနိုင်ခြင်း – နှင်းဆီပွင့်ချပ်တွေက လိပ်ခေါင်းကိုကုသနိုင်တဲ့ သဘာဝဆေးတစ်မျိုးပါ။ နှင်းဆီပန်းမှာ အမျှင်ဓါတ်နဲ့ရေဓါတ်ကြွယ်ဝစွာပါဝင်သလို ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်းအားဖြင့် အစာကြေညက်အောင်ထောက်ပံ့ပေးပါတယ်။ နှင်းဆီရဲ့ အဆိုပါအစွမ်းတွေက လိပ်ခေါင်းကြောင့်သွေးကျတာကို သက်သာစေသလို နာကျင်မှုကိုလည်းလျော့ပါးစေပါတယ်။

ဝက်ခြံပျောက်စေနိုင်ခြင်း –ဝက်ခြံတွေအများကြီးထွက်နေရင် နှင်းဆီပန်းကို သဘာဝဝက်ခြံပျောက်ဆေးတစ်ရပ်အနေနဲ့အသုံးပြုနိုင်ပါတယ်။rosewater ကိုလည်း ဝက်ခြံပျောက်အောင်အသုံးပြုနိုင်ပါတယ်။ အစိုဓါတ်ကိုထိန်းပေးပြီး နှင်းဆီပွင့်ချပ်မှာပါတဲ့ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အစွမ်းက ဝက်ခြံတွေကို ညှိုးခြောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။ ပိုးမွှားတွေကိုသေစေနိုင်တဲ့phenyl ethanol ပါရှိမှုကြောင့်rosewater ကဝက်ခြံတွေကိုထိထိရောက်ရောက်နှိမ်နှင်းပေးနိုင်ပါတယ်။

နှုတ်ခမ်းကိုအရောင်တက်စေနိုင်ခြင်း –နှုတ်ခမ်းကိုအရောင်တက်စေဖို့အတွက် နှင်းဆီပန်းကိုအသုံးပြုပေးနိုင်ပါတယ်။ နှင်းဆီပန်းက နှုတ်ခမ်းကိုပန်းရောင်သွေးသန်းစေရုံသာမက နူးညံ့စေပါတယ်။ အရေပြားကိုလည်း အစိုဓါတ်ထိန်းပေးပြီး ဝင်းလက်တောက်ပစေပါတယ်။ နှင်းဆီပန်းက နှုတ်းခမ်းပေါ်ကဆဲလ်သေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းသားကိုပြည့်စေနိုင်ပါတယ်။

နှလုံးရောဂါနဲ့ အိတ်ခ်ျအိုင်ဗွီရောဂါတွေအပေါ်မှာ ထိရောက်တဲ့အကျိုးသက်ရောက်မှုရှိခြင်း –နှင်းဆီပန်းမှာပါတဲ့ cyanidin-3-O-β-glucoside လို့ခေါ်တဲ့ဒြပ်ပေါင်းအသစ်တစ်မျိုးက နှလုံးစွမ်းဆောင်ရည်တွေတိုးတက်အောင်ထိထိရောက်ရောက်လုပ်ဆောင်ပေးနိုင်စွမ်း ရှိပါတယ်။ နှင်းဆီပန်းမှာပါဝင်တဲ့ အခြားဒြပ်ပေါင်းဖြစ်တဲ့Kaempferolဒြပ်ပေါင်းက အိတ်အိုင်ဗွီရောဂါကူးစက်ခံထားရတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်၊လို့ဆိုပါတယ်။

နှင်းဆီရေနွေးကြမ်းက ကူးစက်ရောဂါတွေကို ကုသနိုင်ခြင်း –နှင်းဆီပွင့်ချပ်တွေနဲ့လုပ်ထားရေနွေးကြမ်းက အသည်းကနေ သည်းခြေရည် ထွက်အောင်လှုံ့ဆော်ပေးနိုင်ပြီး သည်းခြေအိတ်ကိုလည်း သန့်စင်အောင်အထောက်အကူပြုပေးပါတယ်။လေပြွန်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါလက္ခဏာတွေကိုလျော့ကျစေနိုင်သလို လည်ချောင်းနာတာကိုလည်းသက်သာစေပါတယ်။

နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပေါင်းခံရည်က ဝမ်းချုပ်တာကို သက်သာစေသလိုသွေးကိုလည်းသန့်စေပါတယ်။ စိတ်ခံစားမှုကိုလည်းကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ရေကျောက်နဲ့ဝက်သက်ရောဂါတွေကုသရာမှာလည်း နှင်းဆီပေါင်းခံရည်ကို အသုံးပြုနိုင်ပါတယ်။ အသေးစားဖျားနာမှုတွေအတွက် နှင်းဆီပေါင်းခံရည်ကိုအသုံးပြုနိုင်ပါတယ်။

နှင်းဆီရေနွေးကြမ်းက ဝမ်းချုပ်တာကိုသက်သာစေခြင်း – နှင်းဆီပွင့်ချပ်၊ အရွက်၊ နှင်းဆီပွင့်ခံရွက်တွေနဲ့လုပ်ထားတဲ့ရေနွေးကြမ်းက အဖျားကိုကျစေနိုင်ပါတယ်။ အဆိုပါရေနွေးကြမ်းက ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလိုအရေပြားပေါ်က နီမြန်းမှုတွေကိုလည်းလျော့ကျစေနိုင်ပါတယ်။ နှင်းဆီပန်းရေနွေးကြမ်းမှာပါတဲ့ ဖလေဗာနွိုက်က ကိုယ်ခံအားစနစ်တိုးတက်ကောင်းမွန်အောင် အထောက်အပံ့ပေးပါတယ်။ နှာစေးတာနဲ့ချွဲကြပ်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

သတိပြုဖွယ်ရာများ

-နှင်းဆီပန်းရေနွေးကြမ်းကို ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေမသောက်သင့်ပါဘူး။

-ဆီးချို (သို့)သွေးအားနည်းရောဂါရှိသူတွေအနေနဲ့ နှင်းဆီရေနွေးကြမ်းမသောက်သင့်ပါဘူး။

-ဆေးဝါးတွေမှီဝဲနေရတယ်ဆိုရင်လည်းဆေးဝါးတွေနဲ့ ဓါတ်ပြုတာမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ဆွေးနွေးပြီးမှသာသောက်သုံးသင့်ပါတယ်။

ႏွင္းဆီ (Rose) ရဲ႕က်န္းမာေရးအရ အသုံးဝင္ပုံမ်ား

ႏွင္းဆီပန္းကေန ဘယ္လိုက်န္းမာေရး အက်ိဳးေက်းဇူးေတြရရွိနိုင္မလဲ…?

ႏွင္းဆီပန္းက က်န္းမာေရးကိုအေထာက္အကူျဖစ္ေစလိမ့္မယ္၊လို႔ တစ္ခါေလးေတာင္မစဥ္းမိခဲ့ပါဘူး။ ဒါေပမယ့္ႏွင္းဆီပန္းရဲ႕ အဆီအႏွစ္ေတြကေရွးယခင္ေခတ္ကာလေတြကတည္းက ကိုယ္ခႏၶါ၊ စိတ္နဲ႕အေရျပားတို႔အတြက္ေကာင္းက်ိဳးျပဳတာေတြအမ်ားအျပားရွိခဲ့တာျဖစ္ပါတယ္။ ႏွင္းဆီပန္းကို အလွအပအတြက္အသုံးျပဳနိုင္တယ္လို႔ေတာ္ေတာ္မ်ားမ်ားသိၿပီးျဖစ္ေပမယ့္ ႏွင္းဆီပန္းရဲ႕ပြင့္ခ်ပ္ေလးေတြက လိင္မႈဘဝကို အားျဖည့္ေပးသလို စိတ္ဖိစီးမႈေတြကို တိုက္ဖ်က္ေပးနိုင္တဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုလည္းက်ဆင္းေစနိုင္တယ္ဆိုတာကိုေတာ့သိပ္မသိၾကေသးပါဘူး။

ႏွင္းဆီကမ်ိဳးစိတ္ေပါင္း ၁၀၀ေက်ာ္ရွိၿပီး အေရာင္အေသြးအမ်ိဳးမ်ိဳးရွိပါတယ္။ ႏွင္းဆီပင္ဟာ အာရွမ်ိဳးရင္းပင္ျဖစ္ၿပီးေနာက္ပိုင္းမွာမွ ေျမာက္အေမရိက၊ ဥေရာပ နဲ႕ေျမာက္အာဖရိကတို႔လိုမ်ိဳး ကမာၻ႔နိုင္ငံေတာ္ေတာ္မ်ားမ်ားမွာရွင္သန္ေပါက္ရာက္လာတာျဖစ္ပါတယ္ …။

ကိုယ္အေလးခ်ိန္က်ေစနိုင္ျခင္း –ႏွင္းဆီပန္းရဲ႕ ပြင့္ခ်ပ္ထဲမွာပါတဲ့ျဒပ္ေပါင္းေတြက ကိုယ္တြင္းကအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးတဲ့အျပင္ ဇီဝတြင္းျဖစ္ပ်က္ေျပာင္းလဲမႈကိုလည္း တိုးတက္ေစနိုင္စြမ္းရွိပါတယ္။ ႏွင္းဆီပြင့္ခ်ပ္လက္တစ္ဆုပ္စာေလာက္ကိုစားသုံးေပးမယ္ ဆိုရင္ စိတ္ေက်နပ္မႈရရွိေစၿပီး အဆာခံနိုင္ေစမွာျဖစ္တာေၾကာင့္ သဘာဝအတိုင္းကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ေစနိုင္မယ့္နည္းတစ္ရပ္ပါ။

သဘာဝ ကာမအားတိုးေဆးတစ္ရပ္ – ႏွင္းဆီပန္းဟာ အခ်စ္သေကၤတတစ္ရပ္ျဖစ္႐ုံသာမက သဘာဝကာမအားတိုးေဆးတစ္ရပ္လည္းျဖစ္ပါတယ္။ ႏွင္းဆီရဲ႕ပြင့္ခ်ပ္ေတြက လိင္စိတ္တက္ႂကြလာေအာင္လႈံ႕ေဆာ္ရာမွာေတာ္ေတာ္ေလးထိေရာက္ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္ေတြက ႏွလုံးခုန္သံကို စည္းခ်က္မ်န္ေအာင္ထိန္းညွိေပးနိုင္သလို စိတ္ခံစားမႈနဲ႕အာ႐ုံေၾကာစနစ္ေတြကိုေကာင္းမြန္ေစပါတယ္။

စိတ္ဖိစီးမႈနဲ႕စိတ္ဓါတ္က်မႈေတြကိုေျပေလ်ာ့ေစျခင္း –ပင္ပန္းႏြမ္းလ်တာနဲ႕စိတ္ဖိစီးမႈမ်ားတာေၾကာင့္ အိပ္မေပ်ာ္တာနဲ႕စိတ္ဂနာမၿငိမ္တာေတြျဖစ္ေစၿပီး အဆိုပါအက်ိဳးဆက္ေတြေၾကာင့္ စိတ္ဆိုးလြယ္တာနဲ႕ အမ်ိဳးသမ္းေတြမ်ာ လိင္စိတ္ကုန္ခမ္းတာမ်ိဳးေတြကိုျဖစ္ေပၚေစနိုင္ပါတယ္။ ႏွင္းဆီပြင့္ခ်ပ္ေတြနဲ႕ ပြင့္ခ်ပ္ေတြရဲ႕ အဆီက အဆိုပါ လကၡဏာေတြကို တိုက္ဖ်က္ေပးနိုင္စြမ္းရွိပါတယ္။Paraíba-Caixa တကၠသိုလ္Physiology and Pathology/LTF ဌာနက လုပ္ေဆာင္ခဲ့တဲ့ေလ့လာမႈတစ္ရပ္မွာ ႏွင္းဆီပန္းရဲ႕အဆီက စိတ္ၿငိမ္ေစနိုင္စြမ္းရွိတယ္။ လို႔ေတြ႕ရွိခဲ့ပါတယ္။

လိပ္ေခါင္း လကၡဏာေတြကို သက္သာေအာင္အေထာက္အပံ့ေပးနိုင္ျခင္း – ႏွင္းဆီပြင့္ခ်ပ္ေတြက လိပ္ေခါင္းကိုကုသနိုင္တဲ့ သဘာဝေဆးတစ္မ်ိဳးပါ။ ႏွင္းဆီပန္းမွာ အမွ်င္ဓါတ္နဲ႕ေရဓါတ္ႂကြယ္ဝစြာပါဝင္သလို ခႏၶါကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးျခင္းအားျဖင့္ အစာေၾကညက္ေအာင္ေထာက္ပံ့ေပးပါတယ္။ ႏွင္းဆီရဲ႕ အဆိုပါအစြမ္းေတြက လိပ္ေခါင္းေၾကာင့္ေသြးက်တာကို သက္သာေစသလို နာက်င္မႈကိုလည္းေလ်ာ့ပါးေစပါတယ္။

ဝက္ၿခံေပ်ာက္ေစနိုင္ျခင္း –ဝက္ၿခံေတြအမ်ားႀကီးထြက္ေနရင္ ႏွင္းဆီပန္းကို သဘာဝဝက္ၿခံေပ်ာက္ေဆးတစ္ရပ္အေနနဲ႕အသုံးျပဳနိုင္ပါတယ္။rosewater ကိုလည္း ဝက္ၿခံေပ်ာက္ေအာင္အသုံးျပဳနိုင္ပါတယ္။ အစိုဓါတ္ကိုထိန္းေပးၿပီး ႏွင္းဆီပြင့္ခ်ပ္မွာပါတဲ့ ဘက္တီးရီးယားေတြကိုေသေစနိုင္တဲ့အစြမ္းက ဝက္ၿခံေတြကို ညွိုးေျခာက္သြားေအာင္လုပ္ေဆာင္ေပးပါတယ္။ ပိုးမႊားေတြကိုေသေစနိုင္တဲ့phenyl ethanol ပါရွိမႈေၾကာင့္rosewater ကဝက္ၿခံေတြကိုထိထိေရာက္ေရာက္ႏွိမ္ႏွင္းေပးနိုင္ပါတယ္။

ႏႈတ္ခမ္းကိုအေရာင္တက္ေစနိုင္ျခင္း –ႏႈတ္ခမ္းကိုအေရာင္တက္ေစဖို႔အတြက္ ႏွင္းဆီပန္းကိုအသုံးျပဳေပးနိုင္ပါတယ္။ ႏွင္းဆီပန္းက ႏႈတ္ခမ္းကိုပန္းေရာင္ေသြးသန္းေစ႐ုံသာမက ႏူးညံ့ေစပါတယ္။ အေရျပားကိုလည္း အစိုဓါတ္ထိန္းေပးၿပီး ဝင္းလက္ေတာက္ပေစပါတယ္။ ႏွင္းဆီပန္းက ႏႈတ္းခမ္းေပၚကဆဲလ္ေသေတြကိုဖယ္ရွားေပးၿပီး ႏႈတ္ခမ္းသားကိုျပည့္ေစနိုင္ပါတယ္။

ႏွလုံးေရာဂါနဲ႕ အိတ္ခ္်အိဳင္ဗြီေရာဂါေတြအေပၚမွာ ထိေရာက္တဲ့အက်ိဳးသက္ေရာက္မႈရွိျခင္း –ႏွင္းဆီပန္းမွာပါတဲ့ cyanidin-3-O-β-glucoside လို႔ေခၚတဲ့ျဒပ္ေပါင္းအသစ္တစ္မ်ိဳးက ႏွလုံးစြမ္းေဆာင္ရည္ေတြတိုးတက္ေအာင္ထိထိေရာက္ေရာက္လုပ္ေဆာင္ေပးနိုင္စြမ္း ရွိပါတယ္။ ႏွင္းဆီပန္းမွာပါဝင္တဲ့ အျခားျဒပ္ေပါင္းျဖစ္တဲ့Kaempferolျဒပ္ေပါင္းက အိတ္အိုင္ဗြီေရာဂါကူးစက္ခံထားရတဲ့ ဆဲလ္ေတြကို တိုက္ဖ်က္နိုင္စြမ္းရွိတယ္၊လို႔ဆိုပါတယ္။

ႏွင္းဆီေရေႏြးၾကမ္းက ကူးစက္ေရာဂါေတြကို ကုသနိုင္ျခင္း –ႏွင္းဆီပြင့္ခ်ပ္ေတြနဲ႕လုပ္ထားေရေႏြးၾကမ္းက အသည္းကေန သည္းေျခရည္ ထြက္ေအာင္လႈံ႕ေဆာ္ေပးနိုင္ၿပီး သည္းေျခအိတ္ကိုလည္း သန႔္စင္ေအာင္အေထာက္အကူျပဳေပးပါတယ္။ေလႁပြန္နဲ႕ပတ္သက္တဲ့ ကူးစက္ေရာဂါလကၡဏာေတြကိုေလ်ာ့က်ေစနိုင္သလို လည္ေခ်ာင္းနာတာကိုလည္းသက္သာေစပါတယ္။

ႏွင္းဆီေပါင္းခံရည္က ဝမ္းခ်ဳပ္တာကိုသက္သာေစျခင္း – ႏွင္းဆီေပါင္းခံရည္က ဝမ္းခ်ဳပ္တာကို သက္သာေစသလိုေသြးကိုလည္းသန႔္ေစပါတယ္။ စိတ္ခံစားမႈကိုလည္းေကာင္းမြန္ေအာင္လုပ္ေဆာင္ေပးပါတယ္။ေရေက်ာက္နဲ႕ဝက္သက္ေရာဂါေတြကုသရာမွာလည္း ႏွင္းဆီေပါင္းခံရည္ကို အသုံးျပဳနိုင္ပါတယ္။ အေသးစားဖ်ားနာမႈေတြအတြက္ ႏွင္းဆီေပါင္းခံရည္ကိုအသုံးျပဳနိုင္ပါတယ္။

ႏွင္းဆီေရေႏြးၾကမ္းက ဝမ္းခ်ဳပ္တာကိုသက္သာေစျခင္း – ႏွင္းဆီပြင့္ခ်ပ္၊ အ႐ြက္၊ ႏွင္းဆီပြင့္ခံ႐ြက္ေတြနဲ႕လုပ္ထားတဲ့ေရေႏြးၾကမ္းက အဖ်ားကိုက်ေစနိုင္ပါတယ္။ အဆိုပါေရေႏြးၾကမ္းက ခႏၶါကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးနိုင္သလိုအေရျပားေပၚက နီျမန္းမႈေတြကိုလည္းေလ်ာ့က်ေစနိုင္ပါတယ္။ ႏွင္းဆီပန္းေရေႏြးၾကမ္းမွာပါတဲ့ ဖေလဗာႏြိုက္က ကိုယ္ခံအားစနစ္တိုးတက္ေကာင္းမြန္ေအာင္ အေထာက္အပံ့ေပးပါတယ္။ ႏွာေစးတာနဲ႕ခြၽဲၾကပ္တာေတြကိုလည္း သက္သာေစနိုင္ပါတယ္။

သတိျပဳဖြယ္ရာမ်ား

-ႏွင္းဆီပန္းေရေႏြးၾကမ္းကို ကိုယ္ဝန္ေဆာင္နဲ႕နို႔တိုက္မိခင္ေတြမေသာက္သင့္ပါဘူး။

-ဆီးခ်ိဳ (သို႔)ေသြးအားနည္းေရာဂါရွိသူေတြအေနနဲ႕ ႏွင္းဆီေရေႏြးၾကမ္းမေသာက္သင့္ပါဘူး။

-ေဆးဝါးေတြမွီဝဲေနရတယ္ဆိုရင္လည္းေဆးဝါးေတြနဲ႕ ဓါတ္ျပဳတာမ်ိဳးျဖစ္နိုင္တာေၾကာင့္ ဆရာဝန္နဲ႕ေဆြးေႏြးၿပီးမွသာေသာက္သုံးသင့္ပါတယ္။