အကြီးဆုံးတွေကို ချစ်ပါ
0
72
သင် ချစ်ရတဲ့သူက အကြီးဆုံးသားသမီး ဟုတ်ပါသလား။ ဒီမှာ အကြီးဆုံးတွေကို ချစ်သူတော်ရခြင်းရဲ့ ရလဒ်တွေကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တယ်နော်။
အကြီးဆုံးတွေကို ချစ်ပါ။ သူတို့က…
၁။ ရည်မှန်းချက်ကြီးတယ်
အကြီးဆုံးတွေဟာ သားဦး၊ သမီးဦး ဖြစ်တဲ့ အလျောက် မိဘတွေက တုန်နေအောင် ချစ်ပြီး ရည်မှန်းချက်ကြီးကြီးထားတတ်ကြပါတယ်။ ဒါကြောင့် မိဘတွေ မျှော်လင့်ထားတဲ့ စံရောက်အောင် ကြိုးစားရမှုကြောင့်လည်း ရည်မှန်းချက် ကြီးသူဖြစ်တယ်။ ရည်မှန်းချက်ကြီးသူဖြစ်တဲ့ အလျောက် သင်နဲ့ပတ်သက်ပြီးလည်း သူက အနာဂတ်အစီအစဉ်တွေ ကြိုတင်စီစဉ်ဆွဲထားတတ်ပါတယ်။
၂။ စေ့စပ်သေချာတယ်
ရည်မှန်းချက်ကြီးတာကြောင့်လည်း အလုပ်ကို အသေးစိတ် စေ့စပ် သေချာစွာ ဆရာကြီးလုပ်သူများလည်း ဖြစ်တတ်ကြပါတယ်။ ဒါကြောင့်လည်း သင့်ကို သူတို့က ဆရာကြီးလုပ်ပြီး ကလေးလေးလို ချစ်တတ်ပါလိမ့်မယ်။
၃။ ဉာဏ်ကောင်းတယ်
စိတ်ပညာရှင် တချို့ရဲ့ အဆိုအရ အကြီးဆုံး ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေး IQ က ပိုသာကြောင်း သိရပါတယ်။ IQ မြင့်တာကြောင့်လည်း သင်နဲ့ပတ်သက်တဲ့ အရာရာမှန်သမျှ သူက ဂရုစိုက်အသေးစိတ်မှတ်မိနေမှာပါ။
၄။ မနာလိုစိုးရိမ်
မိဘတွေဟာ သူတို့ရဲ့သားဦးတွေ အပေါ် အစိုးရိမ်လွန်၊ ဂရုစိုက်လွန်တာကြောင့် ဖူးဖူးမှုတ် ခံနေရာကနေနောက်ထပ် ကလေး ရလာရင် ထိုကလေးအပေါ် ဂရုစိုက်မှုတွေ ပြောင်းသွားတာကြောင့် မိဘတွေ အာရုံစိုက်မှုကို ဆုံးရှုံးရတဲ့ အပေါ်မှာလည်း သူတို့က မနာလိုတတ်ကြပါတယ်။ အဲဒီအတွက်ကြောင့်လည်း သင်နဲ့ပတ်သက်လာရင် သူက သဝန်တို J ဝင်လေ့ရှိတာကိုတော့ နားလည်ခွင့်လွှတ်ပေးလိုက်စေချင်ပါတယ်။
Ref; personalities
၁။ ရည်မှန်းချက်ကြီးတယ်
၂။ စေ့စပ်သေချာတယ်
၃။ ဉာဏ်ကောင်းတယ်
၎။ မနာလိုစိုးရိမ်
Ref; personalities
LEAVE A REPLY
Please enter your comment!
Please enter your name here