လူစိတ်​မရှိတဲ့ အ​ဖေဗျာ ၁၂ နှစ်ကနေ ၁၈နှစ်အရွယ်ထိ သားမယားပြုကျင့်တာတဲ့

0
203

နေပြည်တော်လယ်ဝေးမြို့နယ်တွင်အဖေရင်းဖြစ်သူမှသမီးအရင်းဖြစ်သူအား ၁၂နှစ်အရွယ်မှစပြီး ၁၈နှစ်အချိန်ထိကာမကျူးလွန်မှုဖြစ်ပွားခဲ့သော ထူးခြားသတင်း။

Wednesday, May 6, 2020

နေပြည်တော် လယ်ဝေးမြို့နယ် အေလာနယ်မြေရဲစခန်းအပိုင်၌ အဖေဖြစ်သူမှ သမီးအရင်းဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း တိုင်တန်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ သမီးဖြစ်သူမဇင်ဇင် အသက်(၁၈)နှစ်(ဘ)ဦးနန်းဝင်းမှာ ဆီးများကျဉ်နေကြောင်း ပြောပြသဖြင့်ပျဉ်းမနားမြို့ဆေးခန်းသို့သွားရောက်ပြသခဲ့ရာသမီးဖြစ်သူ(………) တွင်ကိုယ်ဝန်(၂)လရှိနေပြီးဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ သမီးဖြစ်သူမ(………..)မိခင်မှမေးမြန်ကြည့်ရာသမီးဖြစ်သူမှ ၎င်းအားလွန်ခဲ့သော အသက်(၁၂)နှစ်အရွယ်မှစပြီး ဖခင်ဖြစ်သူနန်းဝင်းမှ တစ်လလျှင်(၂)ကြိမ်ခန့်သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း နန်းဝင်းမှာသမီးဖြစ်သူအား ၎င်းကိုင်ဆောင်သောဖုန်းအတွင်းမှ ညစ်ညမ်းသောဗီဒီယိုများပြသကာ သားမယားအဖြစ်မကြာခဏ ပြုကျင့်ခဲ့ပြီး နင်အမေကိုလည်းမပြောနဲ့ဘယ်သူကိုမှလည်းမပြောနဲ့အဖေနှင့်အတူနေရင် သမီးဘာမှမဖြစ်ဘူး သားအဖချင်းပဲဟု နန်းဝင်းမှပြောဆိုခဲ့ကြောင်း….

ထိုသို့ပြောဆိုပြီးမကြာခဏဆိုသလို သားမယားအဖြစ်ပြုကျင့်ကာ ယခုနှစ်သင်္ကြန်မတိုင်ခင်ထိ ပြုကျင့်ခဲ့ကြောင်း….မိခင်မရှိသည့်နေဘက်အချိန်များတွင်သာပြုကျင့်လေ့ရှိကြောင်းကို သမီးဖြစ်သူမ(……….)မှမိခင်အား ပြောပြခဲ့ပါသည်။

ခင်ပွန်းဖြစ်သူမှာ သမီးဖြစ်သူနှင့်ရင်းရင်းနီးနီး နေထိုင်သည်ကို သိရှိနေသော်လည်း ခင်ပွန်းဖြစ်သူကိုကြောက်သဖြင့် မပြောရဲပဲ ယခုသမီးဖြစ်သူမ(…………..)တွင်ကိုယ်ဝန်(၂)လရှိကြောင်း သိရှိရချိန်မှ မေးမြန်းသိရသဖြင့် သမီးဖြစ်သူ မ(………….)အား သားမယားအဖြစ်ပြုကျင့်ခဲ့သူ နန်းဝင်းအသက်(၃၆)နှစ်(ဘ) ဦးအောင်လွင် ပင်သောင်ရွာ ပင်သောင်အုပ်စု လယ်ဝေးမြို့နယ်နေသူအား ဥပဒေအရအရေးယူပေးပါရန် တရားလိုမစိန်မြင့်မှ အေလာနဗ2မရဲစခန်းသို့တိုင်တန်းမှူဖြစ်ကြောင်း အေလာနယ်မြေ ရဲစခန်းမှရဲမှတ်တမ်းများအရသိရှိရပါသည်။

အဆိုပါတိုင်တန်းမှူအား အေလာနယ်မြေရဲစခန်းနယ်ထိန်း ခေါင်းဆောင်ဒုရဲအုပ်-ဟန်ဝင်းအောင်နှင့် နယ်ထိန်းအဖွဲ့ဝင်များသည် တရားခံရှိရာသို့ ၂၀၂၀ ခုနှစ် မေ ၅ ရက်နေ့ နံနက်ပိုင်း အချိန်တွင်သွားရောက်ဖမ်းဆီးခဲ့ပြီး အေလာနယ်မြေရဲစခန်းမှ(ပ)၉၉ /၂၀၂၀ ရာဇသတ်ကြီးပုဒ်မ-(၃၇၆) ဖြင့်အမှူဖွင့်ပြီး အေလာနယ်မြေစခန်းမှစခန်းမှူး ရဲအုပ်မြက်မင်းသူမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းစုံစမ်းသိရှိရသည်။

သတင်းမှတ်တမ်း- အေလာသား(P.F.A)

ပြည်သူ့မဏ္ဍိုင်~နေပြည်တော်ဟစ်တိုင်



Wednesday, May 6, 2020






