ခြင်ဆေးခွေ အမြဲလိုလိုသုံးဖြစ်ရင် မဖြစ်မနေ သိထားရမည့် အချက်များ

0
195

သင့်အိမ်မှာ ခြင်ဆေးခွေနှင့်ပရုတ်လုံးတွေံ အသုံးပြုနေပါက ဒီစာစုလေးကို မဖြစ်မနေ သိထားသင့်ပါတယ်

ကမ္ဘာ့လူသုံးကုန်ပစ္စည်းများအဖွဲ့ရဲ့ ကြေညာချက်အရ နှစ်စဉ် အမေရိကန်လူမျိုး ၃၃.၁မီလ်ီယန်လောက်ဟာ အိမ်သုံးပစည်းများကြောင့် ကျန်းမာရေးထိခိုက်ခြင်းကို ခံစားနေရတယ်လို့ ဆိုပါတယ်။

ထိုသို့ဖြစ်ရခြင်းဟာ အိမ်သုံးပစ္စည်းများတွင်ပါဝင်သော ဓာတုပစည်း များကြောင့်လို့ သိပံပညာရှင်များက ယုံကြည်ကြပါတယ်။

(၁)ခြင်ဆေးခွေ

မြန်မာနိုင်ငံံလို ခြင်ပေါတဲ့ နိုင်ငံအနေနှင့်တော့ ခြင်ဆေးခွေဟာ မရှိမဖြစ် အရေးပါပါတယ်။ အထူးသဖြင့် နယ်ဘက်လိုနေရာ မျိူးတွေမှာဆိုရင် ခြင်ဆေးခွေကို အိမ်တိုင်းနီးပါး အသုံးပြုကြပါတယ်။ခြင်ပြေးစေတာမို့

ခြင်နှင့်ပတ်သက်သောကျန်းမာရေးပြဿနာများကို တားဆီးနိုင်သော်ငြားလည်း အခြားသော ကြောက်စရာရောဂါတွေကိုတော့ လက်ယပ်ခေါ်နေသလို ဖြစ်စေကြောင်းတွေ့ရှိထားပါတယ်။

သိပံပညာရှင်တွေရဲ့ စမ်းသပ်ချက်များအရ ခြင်ဆေးတစ်ခွေကနေလာသော မီးခိုးငွေ့တွေဟာဆိုရင် ဆေးလိပ်ပေါင်း ၇၅လိပ်ကနေ၁၃ရလိပ်ကနေ ထွက်လာသောမီးခိုးငွေ့တွေနဲ့ ညီမျှတယ်ဆိုတာသိရပါတယ်။

အဆုတ်နဲ့ပတ်သက်သော ရောဂါဆိုးကြီးတွေ ဖြစ်ပေါ်စေဖို့ ကောင်းကောင်း လုံလောက်သောပမာဏပဲ ဖြစ်ပါတယ်။

(၂)လေသန့်ဆေးများ (air fresheners)

လေသန့်ဆေးဗူးတွေမှာဆိုရင် t်erpenesနှင့် ethylene ကိုအခြေခံထားသော glycol ether ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ပထမဒြပ်ပေါင်းဟာ လေနှင့်ထိတွေ့တာနှင့် တပြိုင်တည်း အဆိပ်ငွေ့များအဖြစ်ပြောင်းလဲသွားပြီး

ဒုတိယဒြပ်ပေါင်းကတော့ သူ့ပင်ကိုသဘာဝကိုကပင် အဆိပ်အတောက်များ ပါရှိပါတယ်။ ဒါကြောင့် လေသန့်ဆေးဗူးတွေကို မဖြစ်မနေအသုံးပြုမယ်ဆိုပါက လေဝင်လေထွက် ကောင်းသောနေရာမျိူးနှင့် အခန်းကျယ်များတွင်သာ အသုံးပြုသင့်တယ်နော်။

(၃)ပရုတ်လုံးံ

ပရုတ်လုံးတွင်ပါသော paradichlorobenzene ဆိုတဲ့ဒြပ်ပေါင်းဟာ တိရစ္ဆာန်များကို ကင်ဆာဖြစ်စေနိုင်ပါတယ်။ လူတွေကိုတော့ ထိုသို့ကင်ဆာ ဖြစ်နိုင်စွမ်းရှိမရှိ သက်သေမပြနိုင်သေးသော်လည်း သတိထားသင့်သောအရာ ဖြစ်ပါတယ်။

အချိူ့ပရုတ်လုံးများတွင်ပါဝင်သော naphthalene ဟာ လူတွေရဲ့ သွေးနီဥတွေကို ပျက်စီးစေတာမို့ မွေးရာပါ G6PD ချိူ့တဲ့သော ကလေးငယ်တွေအနေနဲ့ အထူးရှောင်ရှားရပါတယ်။

(၄)အမွေးတိုင်

ခြင်ဆေးခွေများမှာလိုပဲ အမွေးတိုင်က ထွက်လာတဲ့အငွေ့တွေ့မှာ ကျန်းမာရေးကို ဆိုးကျိူးဖြစ်ပေါ်စေသော ဓာတ်တွေ အမြောက်အများ ပါဝင်တာကို တွေ့ရပါတယ်။ ပန်းနာရင်ကျပ်နှင့်အ ဆုတ်ရောဂါကနေ ကင်ဆာဖြစ်နိုင်သည်အထိ ဆိုးကျိူးဖြစ်ပေါ်နိုင်ပါတယ်။

(၅)ကြိတ်သား

ယခုအခါ ကြိတ်သားဖြင့်ပြုလုပ်သော ပရိဘောဂများကို အိမ်တိုင်းနီးပါးမှာ အသုံးပြုလာကြတာတွေ့ရပါတယ်။အမြင်အားဖြင့် လှပသလို ဈေးနှုန်းကလည်း ချိူသာတာမို့ လူအသုံးများလှပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေးရှုထောင့်ကကြည့်ပါက အန္တရယ်ရှိတာကို တွေ့ရှိရပါတယ်။ ကြိတ်သားဖြစ်လာဖို့အတွက် အသုံးပြုရသော ကော်အမျိူးအစားမှာ ureaformaldehyde ပါဝင်ပြီး

ထိုကနေတဆင့် သင့်အခန်းအတွင်းသို့ အန္တရယ်ရှိသော formaldehyde များကို ထုတ်လွတ်ပေးမှာ ဖြစ်ပါတယ်။သင့်အခန်းဟာ ပူနွေးစိုစွတ်လေလေ ဖော်မယ်ဒီဟိုက်များကို ပိုမိုထုတ်လေလေဖြစ်စေမှာပါ။

ကြာရှည်ထိတွေ့ရတာနဲ့တပြိုင်နက် ပန်းနာရင်ကျပ်၊အဆုတ်ကင်ဆာစသော အဆုတ်ပြဿနာများကို ဖြစ်ပေါ်စေမှာမို့ သတိထားသင့်တယ်နော်။

ခရက်ဒစ် မူရင်း

ျခင္ေဆးေခြ အျမဲလိုလိုသုံးျဖစ္ရင္ မျဖစ္မေန သိထားရမည့္ အခ်က္မ်ား

သင့္အိမ္မွာ ျခင္ေဆးေခြႏွင့္ပ႐ုတ္လုံးေတြံ အသုံးျပဳေနပါက ဒီစာစုေလးကို မျဖစ္မေန သိထားသင့္ပါတယ္

ကမၻာ့လူသုံးကုန္ပစၥည္းမ်ားအဖြဲ႕ရဲ့ ေၾကညာခ်က္အရ ႏွစ္စဥ္ အေမရိကန္လူမ်ိဳး ၃၃.၁မီလ္ီယန္ေလာက္ဟာ အိမ္သုံးပစည္းမ်ားေၾကာင့္ က်န္းမာေရးထိခိုက္ျခင္းကို ခံစားေနရတယ္လို႔ ဆိုပါတယ္။

ထိုသို႔ျဖစ္ရျခင္းဟာ အိမ္သုံးပစၥည္းမ်ားတြင္ပါဝင္ေသာ ဓာတုပစည္း မ်ားေၾကာင့္လို႔ သိပံပညာရွင္မ်ားက ယုံၾကည္ၾကပါတယ္။

(၁)ျခင္ေဆးေခြ

ျမန္မာနိုင္ငံံလို ျခင္ေပါတဲ့ နိုင္ငံအေနႏွင့္ေတာ့ ျခင္ေဆးေခြဟာ မရွိမျဖစ္ အေရးပါပါတယ္။ အထူးသျဖင့္ နယ္ဘက္လိုေနရာ မ်ိဴးေတြမွာဆိုရင္ ျခင္ေဆးေခြကို အိမ္တိုင္းနီးပါး အသုံးျပဳၾကပါတယ္။ျခင္ေျပးေစတာမို႔

ျခင္ႏွင့္ပတ္သက္ေသာက်န္းမာေရးျပႆနာမ်ားကို တားဆီးနိုင္ေသာ္ျငားလည္း အျခားေသာ ေၾကာက္စရာေရာဂါေတြကိုေတာ့ လက္ယပ္ေခၚေနသလို ျဖစ္ေစေၾကာင္းေတြ႕ရွိထားပါတယ္။

သိပံပညာရွင္ေတြရဲ့ စမ္းသပ္ခ်က္မ်ားအရ ျခင္ေဆးတစ္ေခြကေနလာေသာ မီးခိုးေငြ႕ေတြဟာဆိုရင္ ေဆးလိပ္ေပါင္း ၇၅လိပ္ကေန၁၃၇လိပ္ကေန ထြက္လာေသာမီးခိုးေငြ႕ေတြနဲ႔ ညီမၽွတယ္ဆိုတာသိရပါတယ္။

အဆုတ္နဲ႔ပတ္သက္ေသာ ေရာဂါဆိုးႀကီးေတြ ျဖစ္ေပၚေစဖို႔ ေကာင္းေကာင္း လုံေလာက္ေသာပမာဏပဲ ျဖစ္ပါတယ္။

(၂)ေလသန္႔ေဆးမ်ား (air fresheners)

ေလသန္႔ေဆးဗူးေတြမွာဆိုရင္ t္erpenesႏွင့္ ethylene ကိုအေျခခံထားေသာ glycol ether ျဒပ္ေပါင္းေတြ ပါဝင္ပါတယ္။ ပထမျဒပ္ေပါင္းဟာ ေလႏွင့္ထိေတြ႕တာႏွင့္ တၿပိဳင္တည္း အဆိပ္ေငြ႕မ်ားအျဖစ္ေျပာင္းလဲသြားၿပီး

ဒုတိယျဒပ္ေပါင္းကေတာ့ သူ႔ပင္ကိုသဘာဝကိုကပင္ အဆိပ္အေတာက္မ်ား ပါရွိပါတယ္။ ဒါေၾကာင့္ ေလသန္႔ေဆးဗူးေတြကို မျဖစ္မေနအသုံးျပဳမယ္ဆိုပါက ေလဝင္ေလထြက္ ေကာင္းေသာေနရာမ်ိဴးႏွင့္ အခန္းက်ယ္မ်ားတြင္သာ အသုံးျပဳသင့္တယ္ေနာ္။

(၃)ပ႐ုတ္လုံးံ

ပ႐ုတ္လုံးတြင္ပါေသာ paradichlorobenzene ဆိုတဲ့ျဒပ္ေပါင္းဟာ တိရစၧာန္မ်ားကို ကင္ဆာျဖစ္ေစနိုင္ပါတယ္။ လူေတြကိုေတာ့ ထိုသို႔ကင္ဆာ ျဖစ္နိုင္စြမ္းရွိမရွိ သက္ေသမျပနိုင္ေသးေသာ္လည္း သတိထားသင့္ေသာအရာ ျဖစ္ပါတယ္။

အခ်ိဴ႕ပ႐ုတ္လုံးမ်ားတြင္ပါဝင္ေသာ naphthalene ဟာ လူေတြရဲ့ ေသြးနီဥေတြကို ပ်က္စီးေစတာမို႔ ေမြးရာပါ G6PD ခ်ိဴ႕တဲ့ေသာ ကေလးငယ္ေတြအေနနဲ႔ အထူးေရွာင္ရွားရပါတယ္။

(၄)အေမြးတိုင္

ျခင္ေဆးေခြမ်ားမွာလိုပဲ အေမြးတိုင္က ထြက္လာတဲ့အေငြ႕ေတြ႕မွာ က်န္းမာေရးကို ဆိုးက်ိဴးျဖစ္ေပၚေစေသာ ဓာတ္ေတြ အေျမာက္အမ်ား ပါဝင္တာကို ေတြ႕ရပါတယ္။ ပန္းနာရင္က်ပ္ႏွင့္အ ဆုတ္ေရာဂါကေန ကင္ဆာျဖစ္နိုင္သည္အထိ ဆိုးက်ိဴးျဖစ္ေပၚနိုင္ပါတယ္။

(၅)ႀကိတ္သား

ယခုအခါ ႀကိတ္သားျဖင့္ျပဳလုပ္ေသာ ပရိေဘာဂမ်ားကို အိမ္တိုင္းနီးပါးမွာ အသုံးျပဳလာၾကတာေတြ႕ရပါတယ္။အျမင္အားျဖင့္ လွပသလို ေဈးႏႈန္းကလည္း ခ်ိဴသာတာမို႔ လူအသုံးမ်ားလွပါတယ္။

ဒါေပမယ့္လည္း က်န္းမာေရးရႈေထာင့္ကၾကည့္ပါက အႏၲရယ္ရွိတာကို ေတြ႕ရွိရပါတယ္။ ႀကိတ္သားျဖစ္လာဖို႔အတြက္ အသုံးျပဳရေသာ ေကာ္အမ်ိဴးအစားမွာ ureaformaldehyde ပါဝင္ၿပီး

ထိုကေနတဆင့္ သင့္အခန္းအတြင္းသို႔ အႏၲရယ္ရွိေသာ formaldehyde မ်ားကို ထုတ္လြတ္ေပးမွာ ျဖစ္ပါတယ္။သင့္အခန္းဟာ ပူေႏြးစိုစြတ္ေလေလ ေဖာ္မယ္ဒီဟိုက္မ်ားကို ပိုမိုထုတ္ေလေလျဖစ္ေစမွာပါ။

ၾကာရွည္ထိေတြ႕ရတာနဲ႔တၿပိဳင္နက္ ပန္းနာရင္က်ပ္၊အဆုတ္ကင္ဆာစေသာ အဆုတ္ျပႆနာမ်ားကို ျဖစ္ေပၚေစမွာမို႔ သတိထားသင့္တယ္ေနာ္။

ခရက္ဒစ္ မူရင္း