Maskပြိုင်ပွဲ Like အများဆုံးရရှိသူ သုံးဦးကိုဆုပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

0
184

မေ (၇) AlinnMyay(အလင်းမြေ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကိုဗစ် ရောဂါ ဖြစ်ပွားနေမှုများနဲ့ ပတ်သက်ပြီး ပြည်သူများအနေဖြင့် Stay Home နေရခြင်း အချိန်ကာလ ကြာလာတဲ့အခါ စည်းကမ်းလိုက်နာမှု အားနည်းလာမှာကို စိုးရိမ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ကိုဗစ် ရောဂါကူးစက်ထားသူအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ အခုရက်ပိုင်း အသွားအလာတွေ များပြားလာခဲ့တာကြောင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို အထူးဂရုစိုက် လိုက်နာဖို့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှ သတိပေး တိုက်တွန်းစကားကို မေလ (၆)ရက်နေ့က ရေးသားတင်ပြခဲ့ပါတယ်။ ထို့အပြင် အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း ချုပ်လုပ်မှုပြိုင်ပွဲ လုပ်ရင်ကောင်းမလားလို့ စဉ်းစားနေကြောင်း၊ ပြည်သူတွေ စိတ်ဝင်စားမှု ရှိမရှိကိုလည်း သိချင်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

ဒီနေ့မှာတော့ ပြည်သူတွေအနေနဲ့ အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း ချုပ်လုပ်မှုပြိုင်ပွဲကို စိတ်ဝင်စားမှုရှိနေကြောင်း သိခဲ့ရပြီဖြစ်တာကြောင့် ပြိုင်ပွဲကို တကယ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းနှင့် ပြိုင်ပွဲ စည်းကမ်းများကိုလည်း ရေးသားတင်ပြထားခဲ့ပါတယ်။ ပြိုင်ပွဲမှာ Like အများဆုံးရရှိသူ သုံးဦးကို ဆုပေးသွားမည်ဖြစ်ကြောင်းလည်း အခုလို ဖော်ပြထားပါတယ်။

အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း ချုပ်လုပ်မှုပြိုင်ပွဲ လုပ်ရင်ကောင်းမလားလို့ စဉ်းစားနေကြောင်း မနေ့က ရေးခဲ့ပါတယ်။ ပြည်သူတွေထဲမှာ စိတ်ဝင််စားမှုရှိကြောင်းသိရလို့ ပြိုင်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူများ နှာခေါင်းစည်းတစ်ခု (တစ်ခုထက်များလည်းရပါတယ်) ကိုယ်တိုင် ချုပ်ရပါမယ်။ လက်နဲ့ပဲချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရပါတယ်။အရောင်၊ ဒီဇိုင်းကို နှစ်သက်ရာရွေးချယ်နိုင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ “အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ပတ်သက်တဲ့ သိကောင်းစရာများ”ကို ကိုးကားပြီး ချုပ်လုပ်ပါ။ (ဒီ post မှာ တစ်ခါတည်း တွဲထည့်ထားပါတယ်။)

ကျွန်မ ကိုယ်တိုင်လည်း နှာခေါင်းစည်းတစ်ခုကို ချုပ်ပီး နှာခေါင်းစည်းတပ်ထားတဲ့ပုံကို မေလ ၁၃ ရက်နေ့မှာ ကျွန်မရဲ့ Facebook မှာ တင်ပါမယ်။ ပါဝင်ယှဉ်ပြိုင်သူများ ကျွန်မတင်တဲ့ Facebook Post အောက် Comment မှာ မိမိတို့ ကိုယ်တိုင်လုပ်ထားတဲ့ နှာခေါင်းစည်းဓါတ်ပုံလေးတွေကို တင်ပေးကြပါ။ မေလ ၁၃ ရက်နေ့ကနေ မေလ ၁၅ ရက်အထိ (၃)ရက်အတွင်း တင်လာကြတဲ့ နှာခေါင်းစည်းဓါတ်ပုံတွေထဲက ပြည်သူတွေ အနှစ်သက်ဆုံးအဖြစ် LIKE များဆုံး ရရှိသူ (၃)ဦးကို ရွေးချယ်ပြီး ဆုချီးမြှင့်ပါမယ်။ ရွေးချယ်ရာမှာ ကျန်းမာရေးနဲ့ ညီ၊ မညီ၊ ဘယ်လိုချုပ်ထားတယ်ဆိုတာကိုတွေကို ထည့်စဉ်းစားပါမယ်။

ကျန်းမာရေးနဲ့ကိုက်ညီတဲ့ ပိတ်စနှာခေါင်းစည်းလှလှလေးတွေချုပ်ရင်း ဒီပြိုင်ပွဲမှာ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲကြရအောင်လား။

ဒေါ်အောင်ဆန်းစုကြည်

Source-ASSK #AlinnMyay(အလင်းမြေ)

#ပြည်သူ့ကူညီရေး #ပြည်သူ့အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

Mask ၿပိဳင္ပြဲ Like အမ်ားဆုံးရရွိသူ သုံးဦးကို ဆုေပးမည္ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

ေမ (၇) AlinnMyay(အလင္းေျမ)

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္မွ ကိုဗစ္ ေရာဂါ ျဖစ္ပြားေနမႈမ်ားနဲ႔ ပတ္သက္ၿပီး ျပည္သူမ်ားအေနျဖင့္ Stay Home ေနရျခင္း အခ်ိန္ကာလ ၾကာလာတဲ့အခါ စည္းကမ္းလိုက္နာမႈ အားနည္းလာမွာကို စိုးရိမ္ေနပါတယ္။ အထူးသျဖင့္ ျမန္မာနိုင္ငံမွာ ကိုဗစ္ ေရာဂါကူးစက္ထားသူအမ်ားဆုံးျဖစ္တဲ့ ရန္ကုန္ၿမိဳ႕မွာ အခုရက္ပိုင္း အသြားအလာေတြ မ်ားျပားလာခဲ့တာေၾကာင့္ က်န္းမာေရးဆိုင္ရာ စည္းကမ္းေတြကို အထူးဂ႐ုစိုက္ လိုက္နာဖို႔ သူမရဲ့ ေဖ့ဘုတ္စာမ်က္ႏွာမွ သတိေပး တိုက္တြန္းစကားကို ေမလ (၆)ရက္ေန႔က ေရးသားတင္ျပခဲ့ပါတယ္။ ထို႔အျပင္ အိမ္တြင္းျဖစ္ ပိတ္စႏွာေခါင္းစည္း ခ်ဳပ္လုပ္မႈၿပိဳင္ပြဲ လုပ္ရင္ေကာင္းမလားလို႔ စဥ္းစားေနေၾကာင္း၊ ျပည္သူေတြ စိတ္ဝင္စားမႈ ရွိမရွိကိုလည္း သိခ်င္ေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ျပည္သူေတြအေနနဲ႔ အိမ္တြင္းျဖစ္ ပိတ္စႏွာေခါင္းစည္း ခ်ဳပ္လုပ္မႈၿပိဳင္ပြဲကို စိတ္ဝင္စားမႈရွိေနေၾကာင္း သိခဲ့ရၿပီျဖစ္တာေၾကာင့္ ၿပိဳင္ပြဲကို တကယ္လုပ္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းႏွင့္ ၿပိဳင္ပြဲ စည္းကမ္းမ်ားကိုလည္း ေရးသားတင္ျပထားခဲ့ပါတယ္။ ၿပိဳင္ပြဲမွာ Like အမ်ားဆုံးရရွိသူ သုံးဦးကို ဆုေပးသြားမည္ျဖစ္ေၾကာင္းလည္း အခုလို ေဖာ္ျပထားပါတယ္။

အိမ္တြင္းျဖစ္ ပိတ္စႏွာေခါင္းစည္း ခ်ဳပ္လုပ္မႈၿပိဳင္ပြဲ လုပ္ရင္ေကာင္းမလားလို႔ စဥ္းစားေနေၾကာင္း မေန႔က ေရးခဲ့ပါတယ္။ ျပည္သူေတြထဲမွာ စိတ္ဝင္္စားမႈရွိေၾကာင္းသိရလို႔ ၿပိဳင္ပြဲလုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား ႏွာေခါင္းစည္းတစ္ခု (တစ္ခုထက္မ်ားလည္းရပါတယ္) ကိုယ္တိုင္ ခ်ဳပ္ရပါမယ္။ လက္နဲ႔ပဲခ်ဳပ္ခ်ဳပ္၊ စက္နဲ႔ပဲခ်ဳပ္ခ်ဳပ္ ရပါတယ္။အေရာင္၊ ဒီဇိုင္းကို ႏွစ္သက္ရာေရြးခ်ယ္နိုင္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ “အဝတ္နဲ႔ျပဳလုပ္ေသာ ႏွာေခါင္းစည္းနဲ႔ပတ္သက္တဲ့ သိေကာင္းစရာမ်ား”ကို ကိုးကားၿပီး ခ်ဳပ္လုပ္ပါ။ (ဒီ post မွာ တစ္ခါတည္း တြဲထည့္ထားပါတယ္။)

ကၽြန္မ ကိုယ္တိုင္လည္း ႏွာေခါင္းစည္းတစ္ခုကို ခ်ဳပ္ပီး ႏွာေခါင္းစည္းတပ္ထားတဲ့ပုံကို ေမလ ၁၃ ရက္ေန႔မွာ ကၽြန္မရဲ့ Facebook မွာ တင္ပါမယ္။ ပါဝင္ယွဥ္ၿပိဳင္သူမ်ား ကၽြန္မတင္တဲ့ Facebook Post ေအာက္ Comment မွာ မိမိတို႔ ကိုယ္တိုင္လုပ္ထားတဲ့ ႏွာေခါင္းစည္းဓါတ္ပုံေလးေတြကို တင္ေပးၾကပါ။ ေမလ ၁၃ ရက္ေန႔ကေန ေမလ ၁၅ ရက္အထိ (၃)ရက္အတြင္း တင္လာၾကတဲ့ ႏွာေခါင္းစည္းဓါတ္ပုံေတြထဲက ျပည္သူေတြ အႏွစ္သက္ဆုံးအျဖစ္ LIKE မ်ားဆုံး ရရွိသူ (၃)ဦးကို ေရြးခ်ယ္ၿပီး ဆုခ်ီးျမႇင့္ပါမယ္။ ေရြးခ်ယ္ရာမွာ က်န္းမာေရးနဲ႔ ညီ၊ မညီ၊ ဘယ္လိုခ်ဳပ္ထားတယ္ဆိုတာကိုေတြကို ထည့္စဥ္းစားပါမယ္။

က်န္းမာေရးနဲ႔ကိုက္ညီတဲ့ ပိတ္စႏွာေခါင္းစည္းလွလွေလးေတြခ်ဳပ္ရင္း ဒီၿပိဳင္ပြဲမွာ ေပ်ာ္ေပ်ာ္ပါးပါး ပါဝင္ဆင္ႏႊဲၾကရေအာင္လား။

ေဒၚေအာင္ဆန္းစုၾကည္

Source-ASSK #AlinnMyay(အလင္းေျမ)

#ျပည္သူ႔ကူညီေရး #ျပည္သူ႔အသံေဖာ္ေဆာင္ေရး #သတင္းမွန္မီဒီယာ

Credit to AlinnMyay