ရေစကြိုတွင် QUARANTINE ဝင်နေသူ ၁ ဦး စည်းကမ်းမလိုက်နာသဖြင့် ထောင်ဒဏ် ၃ လ ချမှတ်ခံရ

0
152

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့မှာ Quarantine ဝင်နေတဲ့ အမျိုးသား တစ်ဦး စည်းကမ်းဖောက်ဖျက်တာကြောင့် မေ ၇ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၃ လ အမိန့်ချမှတ် လိုက်ပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းက “အထဲမှာ Quarantine ဝင်ထားတဲ့ ကလေးကအထဲမှာ ကောင်းကောင်းမနေဘဲ အပြင်ထွက်လိုက် ပြန်ဝင်လိုက် မလေးမစားလုပ်နေတော့ ရပ်ကွက်ကလည်း လာတိုင်တော့ ကျနော်တို့က တရားစွဲလိုက်ရတာ။ ” လို့ ပြောပါတယ်။

အဆိုပါလူငယ်မှာ အသက် ၃၂ နှစ်အရွယ်ရှိပြီး ကယားပြည်နယ် ရှားတောကျေးရွာမှာ လမ်းအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ပြီး မေလ ၅ ရက်က ရေစကြိုမြို့ကို ပြန်ရောက်လာသူ ဖြစ်ပါတယ်။

နေရပ်ပြန်လာသူတွေကို တိုင်းဒေသကြီးအမိန့်အရ Quarantine ထားရှိရာမှာ စည်းကမ်းမလိုက်နာလို့ ရပ်ကွက် ဥက္ကဋ္ဌက ကော်မတီကိုယ်စား ဦးတိုက်လျှောက်ထားခဲ့တာကြောင့် ရေစကြိုမြို့နယ်တရားရုံးက ထောင်ဒဏ် သုံးလ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ကိုလင်း(ချောက်)DVB TV News

ေရစႀကိဳတြင္ QUARANTINE ဝင္ေနသူ ၁ ဦး စည္းကမ္းမလိုက္နာသျဖင့္ ေထာင္ဒဏ္ ၃ လ ခ်မွတ္ခံရ

မေကြးတိုင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕မွာ Quarantine ဝင္ေနတဲ့ အမ်ိဳးသား တစ္ဦး စည္းကမ္းေဖာက္ဖ်က္တာေၾကာင့္ ေမ ၇ ရက္ေန႔မွာ တရား႐ုံးက ေထာင္ဒဏ္ ၃ လ အမိန္႔ခ်မွတ္ လိုက္ပါတယ္။

တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေသာင္းက “အထဲမွာ Quarantine ဝင္ထားတဲ့ ကေလးကအထဲမွာ ေကာင္းေကာင္းမေနဘဲ အျပင္ထြက္လိုက္ ျပန္ဝင္လိုက္ မေလးမစားလုပ္ေနေတာ့ ရပ္ကြက္ကလည္း လာတိုင္ေတာ့ က်ေနာ္တို႔က တရားစြဲလိုက္ရတာ။ ” လို႔ ေျပာပါတယ္။

အဆိုပါလူငယ္မွာ အသက္ ၃၂ ႏွစ္အရြယ္ရွိၿပီး ကယားျပည္နယ္ ရွားေတာေက်းရြာမွာ လမ္းအလုပ္သမားအျဖစ္ အလုပ္လုပ္ကိုင္ၿပီး ေမလ ၅ ရက္က ေရစႀကိဳၿမိဳ႕ကို ျပန္ေရာက္လာသူ ျဖစ္ပါတယ္။

ေနရပ္ျပန္လာသူေတြကို တိုင္းေဒသႀကီးအမိန္႔အရ Quarantine ထားရွိရာမွာ စည္းကမ္းမလိုက္နာလို႔ ရပ္ကြက္ ဥကၠ႒က ေကာ္မတီကိုယ္စား ဦးတိုက္ေလၽွာက္ထားခဲ့တာေၾကာင့္ ေရစႀကိဳၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ သုံးလ အမိန္႔ခ်လိုက္တာ ျဖစ္ပါတယ္။

ကိုလင္း(ေခ်ာက္)DVB TV News