ဆရာဝန်မကြီး မြင့်မြင့်စိန် ရေးတဲ့စာ “အင်းစိန်ဟာအချက်ပေးခေါင်းလောင်းသံဘဲနော်။”

0
207

ဆရာဝန်မကြီး မြင့်မြင့်စိန် ရေးတဲ့စာ

“အင်းစိန်ဟာအချက်ပေးခေါင်းလောင်းသံဘဲနော်။”

ကျန်တဲ့ မြို့နယ်တွေတိုင်းနယ်ပြည်နယ်တွေ မှာလည်း

ကိုယ့်အစီအစဉ်နဲ့ကိုယ်Guideline အနှစ်သာရမပျောက်ဘဲစုပေါင်း လုပ်ကြသင့်တယ်။

ကောင်းတဲ့ အလေ့အထ ကိုလေ့လာသင်ယူ ဘို့Covid က စာမေးပွဲ စစ်နေတယ်နော်။

စာမေးပွဲ ကျရင်အသက်ပါပါသွားနိုင်တယ်။

အချောင်ခိုပြီးအောင်ရုံလေးဆိုရင်လည်းဘဝမှာ နောက်ထပ်တွေ့ရမယ့်အခက်အခဲ အကြပ်အတည်း စာမေးပွဲတွေမှာထပ်ပြုတ်ကျနိုင်တယ်။

ကိုဗစ် စာမေးပွဲ အောင်ရင်နောက်လာမယ့်လောကဓံစာမေးပွဲတွေမှာကျမှာမစိုးရိမ်ရတော့ ဘူး။

ကိုဗစ် က သတိမေ့လျော့နေတဲ့လူ့အသိုင်းအဝိုင်းမှာဘဲကျက်စား ကျင်လည်ပျော်ပါးနိုင်တာ။

*(ကျမတောင်အကြိမ်ကြိမ်သတိထားရက်ကသတိတချက်လက်လွတ်ဖြစ်လို့ကူးစက်ခံရတာသာဓကပါပဲ)

ကိုဗစ်နဲ့ ကျမတို့ဉာဏ်ကစားတဲ့ ပွဲ မှာသတိလက်လွတ် မောဟ စွက်ရင်

ကျမထက်ဆိုးတဲ့ အန္တရာယ်တွေကြုံတွေ့ဘို့ ဖြစ်နိုင်တာမို့မျက်ကန်း စိန်မခေါ်ကြပါနဲ့ ။

အားလုံး ကိုယ့်တာဝန် ကိုယ်ယူပြီးအချိန်မှီအကျင့်ဆိုးတွေဖယ်ရှား ကြပါ။

အချိန်မဖြုန်းဘဲအချိန်ယူလို့အကျင့်ကောင်း တွေပြုစုပျိုးထောင်ကြပါ။

မဖြစ်နိုင်တာမရှိပါဘူး မဖြစ်သေးတာပါ။အဓိကနဲ့ သာမည ကို သိကြပါ။

မရှိတာထက်မသိတာခက်မသိတာထက်မလုပ်တာခက် မဖြစ်ကြစေလိုပါ။

သင်ယူကြရင်းအားလုံးဘေးကင်းကျန်းမာကြပါစေ။

Credit: ဒေါက်တာဒေါ်မြင့်မြင့်စိန်

ဆရာဝန်မကြီး အမြန်နေကောင်းပါစေ။

ဆရာဝန္မႀကီး ျမင့္ျမင့္စိန္ ေရးတဲ့စာ “အင္းစိန္ဟာအခ်က္ေပးေခါင္းေလာင္းသံဘဲေနာ္။”

ဆရာဝန္မႀကီး ျမင့္ျမင့္စိန္ ေရးတဲ့စာ

“အင္းစိန္ဟာအခ်က္ေပးေခါင္းေလာင္းသံဘဲေနာ္။”

က်န္တဲ့ ၿမိဳ႕နယ္ေတြတိုင္းနယ္ျပည္နယ္ေတြ မွာလည္း

ကိုယ့္အစီအစဥ္နဲ႔ကိုယ္Guideline အႏွစ္သာရမေပ်ာက္ဘဲစုေပါင္း လုပ္ၾကသင့္တယ္။

ေကာင္းတဲ့ အေလ့အထ ကိုေလ့လာသင္ယူ ဘို႔Covid က စာေမးပြဲ စစ္ေနတယ္ေနာ္။

စာေမးပြဲ က်ရင္အသက္ပါပါသြားနိုင္တယ္။

အေခ်ာင္ခိုၿပီးေအာင္႐ုံေလးဆိုရင္လည္းဘ၀မွာ ေနာက္ထပ္ေတြ႕ရမယ့္အခက္အခဲ အၾကပ္အတည္း စာေမးပြဲေတြမွာထပ္ျပဳတ္က်နိုင္တယ္။

ကုိဗစ္ စာေမးပြဲ ေအာင္ရင္ေနာက္လာမယ့္ေလာကဓံစာေမးပြဲေတြမွာက်မွာမစိုးရိမ္ရေတာ့ ဘူး။

ကုိဗစ္ က သတိေမ့ေလ်ာ့ေနတဲ့လူ႔အသိုင္းအဝိုင္းမွာဘဲက်က္စား က်င္လည္ေပ်ာ္ပါးနိုင္တာ။

*(က်မေတာင္အႀကိမ္ႀကိမ္သတိထားရက္ကသတိတခ်က္လက္လြတ္ျဖစ္လို႔ကူးစက္ခံရတာသာဓကပါပဲ)

ကုိဗစ္နဲ႔ က်မတို႔ဉာဏ္ကစားတဲ့ ပြဲ မွာသတိလက္လြတ္ ေမာဟ စြက္ရင္

က်မထက္ဆိုးတဲ့ အႏၲရာယ္ေတြၾကဳံေတြ႕ဘို႔ ျဖစ္နိုင္တာမို႔မ်က္ကန္း စိန္မေခၚၾကပါနဲ႔ ။

အားလုံး ကိုယ့္တာဝန္ ကိုယ္ယူၿပီးအခ်ိန္မွီအက်င့္ဆိုးေတြဖယ္ရွား ၾကပါ။

အခ်ိန္မျဖဳန္းဘဲအခ်ိန္ယူလို႔အက်င့္ေကာင္း ေတြျပဳစုပ်ိဳးေထာင္ၾကပါ။

မျဖစ္နိုင္တာမရွိပါဘူး မျဖစ္ေသးတာပါ။အဓိကနဲ႔ သာမည ကို သိၾကပါ။

မရွိတာထက္မသိတာခက္မသိတာထက္မလုပ္တာခက္ မျဖစ္ၾကေစလိုပါ။

သင္ယူၾကရင္းအားလုံးေဘးကင္းက်န္းမာၾကပါေစ။

Credit: ေဒါက္တာေဒၚျမင့္ျမင့္စိန္

ဆရာဝန္မႀကီး အျမန္ေနေကာင္းပါေစ။