ကျန်းမာရေနဲ့ညီညွှတ်ပြီး အရသာလဲရှိတဲ့ အိမ်တွင်းဒိန်ချဉ်ပြုလုပ်နည်း

0
183

ငယ်ငယ်တုန်းကရွှေ..ဒိန်ချဉ်ရောင်းဖူးပါတယ် ဆရာမ မလုပ်ခင်ပေါ့

အိမ်ထောင်ကျခါစ ရွှေယောက္ခမအိမ်ရှေ့မှာ ဒိန်ချဉ်ရောင်းတဲ့ကုလားအဖိုးကြီးက ပြည်တော်ပြန်ခါနီးနည်းပေးသွားတာပါ

ရွှေတို့လင်မယားညားခါစအလုပ်မရှိ ဆိုတော့ယောက္ခမကဒိန်ချဉ်ဆိုင်လေးထွက်ပေါ့

မြို့လည်ခေါင်ဆိုတော့တစ်ကယ်ရောင်းရပါတယ် တစ်ကယ်လည်းရောင်းရရော ရွှေတို့ဒိန်ချဉ်ဆိုင်မဟုတ်တော့

အောင်ဒိန်ချဉ်ဆိုပြီးယောက္ခမကသိမ်းပိုက်လိုက်ပါတယ် ကောင်းပါတယ်

အဲတော့မှရွှေဆရာမလုပ်ဖြစ်သွားတာ မလုပ်ဖြစ်ခဲ့ရင်.ခုထိဒိန်ချဉ်ရောင်းနေရအုန်းမှာ

ကျန်းမာရေနဲ့ညီညွှတ်ပြီးအရသာလဲရှိအိမ်တွင်းဒိန်ချဉ်ပြုလုပ်နည်း

ဒိန်ချဉ် လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါတယ်။

နွားနို့ ၁ ပိသာကို ဆူအောင်ကျိုပါ။ ကျိုတဲ့အခါ ဆူရုံလေးပဲ မထားပါနဲ့။ ကြာကြာလေး ကျိုပါ။ တအားလည်း မပျစ်ပါစေနဲ့။

ပြီးရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ လုံးဝ အေးသွားတဲ့အထိ မစောင့်ရပါ။ ( နွေးနွေးလေးမှာ အချဉ် ကို ထည့်ရမှာမို့ ပါ) လက်ညိုးကိုထည့်ကြည့်လို့ အပူခံနိုင်တယ်ဆိုရုံလေးပေါ့။

အချဉ် (ဟင်းခတ်ဇွန်း ၁ ဇွန်း) ထည့်ပြီး မွှေပေးပါ။

ပြီးရင် အုပ်ဆောင်းနဲ့ အုပ်ပြီး မရွေ့ လျားစေဘဲ ၂၄ နာရီ ထားပါ။ အခန်းအပူချိန်မှာပဲ ထားရမှာပါ။ ၂၄ နာရီပြည့်ရင် ဒိန်ချဉ် ဖြစ်ပါပြီ။

သတိပြုရမှာတွေက လေလုံအောင် အိုးကိုပိတ်မထားရပါဘူး။ ခဏခဏလည်း မမွှေရပါဘူး။ အချဉ်ထည့်ချိန်မှာသာ မွှေပေးရတာပါ။ အချဉ်ထည့်ချိန်မှာ လုံးဝအေးမနေရဘူး။

အချဉ်ကို ဘယ်လိုလုပ်ရတာလဲဆိုတော့ နွားနို့ အစိမ်း အကြမ်းပန်းကန် ၁ လုံးစာကို ဘာမှမလုပ်ဘဲ ဘာမှမထည့်ဘဲ အခန်းအပူချိန်မှာ ၂၄ နာရီထားရင် အချဉ် ဖြစ်ပါပြီ ။

အဲဒီအချဉ်ကို အပေါ်ယံပဲဖြစ်ဖြစ် မွှေပြီးပဲဖြစ်ဖြစ်သုံးနိုင်ပါတယ်။ ဒိန်ချဉ်ရပြီဆိုရင်တော့ နောက်ထပ်လုပ်မဲ့ ဒိန်ချဉ်အတွက် ဒိန်ချဉ်အဟောင်းကိုပဲ အချဉ်အဖြစ်သုံးနိုင်ပါတယ်။

အချိုးအဆကတော့ နွားနို့ ၁ပိဿာ အချဉ် ၁ ဇွန်းပါပဲ (ဟင်းခတ်ဇွန်း) ဒိန်ချဉ်ဖြစ်သွားပြီိဆိုရင် ရေခဲသေတာထဲမှာ အကြာကြီးထားလို့ ရပါတယ်။

ဒိန်ချဉ်နဲ့ စားဖို့ သကြားရည်ပဲကျိုကျို ၊ ထန်းလျက်ရည်ပဲကျိုကျို ဆားလေး နည်းနည်းထည့်ကျိုပါ။ ရေကိုတော့ အများကြီးမထည့်ပါနဲ့။

သကြားရော ထန်းလျက်ရောက အပူပေးရင် ပျော်ပါတယ်။ အိုးမကပ်ရုံသာ ရေထည့်ပါနော်။ ကဲမိတ်ဆွေတို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဒိန်ချဉ်လေး လုပ်စားကြည့်မယ်နော်။

myfoodmyanmar

က်န္းမာေရနဲ႔ညီညႊတ္ၿပီး အရသာလဲရွိတဲ့ အိမ္တြင္းဒိန္ခ်ဥ္ျပဳလုပ္နည္း

ငယ္ငယ္တုန္းကေရႊ..ဒိန္ခ်ဥ္ေရာင္းဖူးပါတယ္ ဆရာမ မလုပ္ခင္ေပါ့

အိမ္ေထာင္က်ခါစ ေရႊေယာကၡမအိမ္ေရွ႕မွာ ဒိန္ခ်ဥ္ေရာင္းတဲ့ကုလားအဖိုးႀကီးက ျပည္ေတာ္ျပန္ခါနီးနည္းေပးသြားတာပါ

ေရႊတို႔လင္မယားညားခါစအလုပ္မရွိ ဆိုေတာ့ေယာကၡမကဒိန္ခ်ဥ္ဆိုင္ေလးထြက္ေပါ့

ၿမိဳ႕လည္ေခါင္ဆိုေတာ့တစ္ကယ္ေရာင္းရပါတယ္ တစ္ကယ္လည္းေရာင္းရေရာ ေရႊတို႔ဒိန္ခ်ဥ္ဆိုင္မဟုတ္ေတာ့

ေအာင္ဒိန္ခ်ဥ္ဆိုၿပီးေယာကၡမကသိမ္းပိုက္လိုက္ပါတယ္ ေကာင္းပါတယ္

အဲေတာ့မွေရႊဆရာမလုပ္ျဖစ္သြားတာ မလုပ္ျဖစ္ခဲ့ရင္.ခုထိဒိန္ခ်ဥ္ေရာင္းေနရအုန္းမွာ

က်န္းမာေရနဲ႔ညီညႊတ္ၿပီးအရသာလဲရွိအိမ္တြင္းဒိန္ခ်ဥ္ျပဳလုပ္နည္း

ဒိန္ခ်ဥ္ လုပ္နည္းေလး ေမးထားလို့ တင္ေပးလိုက္ပါတယ္။

ႏြားနို့ ၁ ပိသာကို ဆူေအာင္က်ိဳပါ။ က်ိဳတဲ့အခါ ဆူ႐ုံေလးပဲ မထားပါနဲ႔။ ၾကာၾကာေလး က်ိဳပါ။ တအားလည္း မပ်စ္ပါေစနဲ႔။

ၿပီးရင္ မီးဖိုေပၚက ခ်ၿပီး အေအးခံပါ။ လုံးဝ ေအးသြားတဲ့အထိ မေစာင့္ရပါ။ ( ေႏြးေႏြးေလးမွာ အခ်ဥ္ ကို ထည့္ရမွာမို့ ပါ) လက္ညိဳးကိုထည့္ၾကည့္လို့ အပူခံနိုင္တယ္ဆို႐ုံေလးေပါ့။

အခ်ဥ္ (ဟင္းခတ္ဇြန္း ၁ ဇြန္း) ထည့္ၿပီး ေမႊေပးပါ။

ၿပီးရင္ အုပ္ေဆာင္းနဲ႔ အုပ္ၿပီး မေရြ႕ လ်ားေစဘဲ ၂၄ နာရီ ထားပါ။ အခန္းအပူခ်ိန္မွာပဲ ထားရမွာပါ။ ၂၄ နာရီျပည့္ရင္ ဒိန္ခ်ဥ္ ျဖစ္ပါၿပီ။

သတိျပဳရမွာေတြက ေလလုံေအာင္ အိုးကိုပိတ္မထားရပါဘူး။ ခဏခဏလည္း မေမႊရပါဘူး။ အခ်ဥ္ထည့္ခ်ိန္မွာသာ ေမႊေပးရတာပါ။ အခ်ဥ္ထည့္ခ်ိန္မွာ လုံးဝေအးမေနရဘူး။

အခ်ဥ္ကို ဘယ္လိုလုပ္ရတာလဲဆိုေတာ့ ႏြားနို့ အစိမ္း အၾကမ္းပန္းကန္ ၁ လုံးစာကို ဘာမွမလုပ္ဘဲ ဘာမွမထည့္ဘဲ အခန္းအပူခ်ိန္မွာ ၂၄ နာရီထားရင္ အခ်ဥ္ ျဖစ္ပါၿပီ ။

အဲဒီအခ်ဥ္ကို အေပၚယံပဲျဖစ္ျဖစ္ ေမႊၿပီးပဲျဖစ္ျဖစ္သုံးနိုင္ပါတယ္။ ဒိန္ခ်ဥ္ရၿပီဆိုရင္ေတာ့ ေနာက္ထပ္လုပ္မဲ့ ဒိန္ခ်ဥ္အတြက္ ဒိန္ခ်ဥ္အေဟာင္းကိုပဲ အခ်ဥ္အျဖစ္သုံးနိုင္ပါတယ္။

အခ်ိဳးအဆကေတာ့ ႏြားနို့ ၁ပိႆာ အခ်ဥ္ ၁ ဇြန္းပါပဲ (ဟင္းခတ္ဇြန္း) ဒိန္ခ်ဥ္ျဖစ္သြားၿပီိဆိုရင္ ေရခဲေသတာထဲမွာ အၾကာႀကီးထားလို့ ရပါတယ္။

ဒိန္ခ်ဥ္နဲ႔ စားဖို့ သၾကားရည္ပဲက်ိဳက်ိဳ ၊ ထန္းလ်က္ရည္ပဲက်ိဳက်ိဳ ဆားေလး နည္းနည္းထည့္က်ိဳပါ။ ေရကိုေတာ့ အမ်ားႀကီးမထည့္ပါနဲ႔။

သၾကားေရာ ထန္းလ်က္ေရာက အပူေပးရင္ ေပ်ာ္ပါတယ္။ အိုးမကပ္႐ုံသာ ေရထည့္ပါေနာ္။ ကဲမိတ္ေဆြတို့ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ဒိန္ခ်ဥ္ေလး လုပ္စားၾကည့္မယ္ေနာ္။

myfoodmyanmar