ကိုယ်ဝန်ရှိသွားတဲ့ချစ်သူကို တာဝန်မယူချင်လို့ လက်စတုံးလုပ်ပစ်ခဲ့တဲ့ လူယုတ်မာ

0
175

လူယုတ်မာ အမျိုးသားတစ်ယောက်ဟာ သူရဲ့ချစ်သူဟောင်းမှာ ကိုယ်ဝန်ရှိနေတဲ့အတွက် လင်ကောင်ဖော်ခံရမှာစိုးပြီး၊ လက်စတုံးဖြစ်အောင် သတ်ပစ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီအမျိုးသားရဲ့ ယခင်ချစ်သူဟောင်းမှာ သူနဲ့ ရခဲ့တဲ့ကိုယ်ဝန်ဟာ အတော်လေးကို ပေါ်ပေါ်လွင်လွင် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူက နောက်ကောင်မလေးတစ်ယောက် ရသွားခဲ့ပါ်တယ်။

ရည်းစားဟောင်းက သူမမှာ ကိုယ်ဝန်ရှိနေကြောင်း လက်ရှိကောင်မလေးဆီမှာ ဖော်ကောင်လာလုပ်ရင်၊ သူ့အနေနဲ့ လက်ရှိချစ်သူနဲ့ လွဲရမှာကိုစိုးရိမ်ခဲ့ပါတယ်။ ဒါကြောင့် ဘာမှ ဖော်ကောင်အလုပ်မခံရခင်မှာ အခုလို ရက်စက်ယုတ်မာတဲ့လုပ်ရပ်ကို ကျူးလွန်းခဲ့တာပါ။ သူ့အမည်ကတော့ Henry Alberto Salazar Burgos ဖြစ်ပြီး၊ အသက်(၂၈)နှစ်ပါ။

သူဟာ ကိုယ်ဝန်ရှိနေတဲ့ အသက်(၂၆)နှစ်အရွယ် Lilian Beatriz Mendez Ramirez ကို သတ်ပစ်ပြီး လက်စဖျောက်ခဲ့ပါတယ်။ Henry ဟာ ဒီသတ်ဖြတ်မှုမတိုင်ခင်က ချစ်သူဟောင်း Lilian ကို သူနဲ့ရထားတဲ့ကိုယ်ဝန်အား ဖျက်ချပစ်ဖို့ စေခိုင်းခဲ့ပါတယ်။ ဒါပေမယ့် Lilian က ကလေးကို မဖြစ်ဖြစ်အောင် မွေးမယ်ဆိုတာကြောင့် Henry အတွက် အကြပ်ရိုက်သွားပါတယ်။ ဒါကြောင့် သတ်ပစ်ခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ အယ်လ်ဆာဗေးဒိုးနိုင်ငံတောင်ပိုင်း၊ Olocuilta နဲ့ Miramar အမည်ရ ခရိုင်နှစ်ခုအကြားက La Paz အမည်ရ ဧရိယာအတွင်းမှာ (၂၀၁၇)ခုနှစ် အောက်တိုဘာ (၂၀)ရက်က ဖြစ်ပျက်ခဲ့တာပါ။ Henry ဧာ Lilian ကို လှည့်စားကာ ကားနဲ့တင်ခေါ်လာပြီး၊ လူသူပြတ်လပ်တဲ့ မြို့ပြင်အရောက်မှာ လည်ပင်းညှစ်သတ်ခဲ့တာလို့ သိရပါတယ်။

ကနဦးတုန်းက Henry ဟာ လူသတ်မှုကို ငြင်းဆန်ခဲ့ပေမယ့်၊ သူ့ကားရဲ့ GPS မှတ်တမ်းကို ပြန်လည်စစ်ဆေးတဲ့အခါမှာ လူသတ်မှုဖြစ်ခဲ့တဲ့နေရာမှာ အချိန်တော်တော်ကြာအောင် ရပ်ထားခဲ့တာတွေကို စစ်ဆေးနိုင်ခဲ့ပါတယ်တဲ့။ နောက်ပြီး အခင်းဖြစ်တဲ့နေ့က Lilian နေထိုင်တဲ့အနီးအနားက CCTV မှတ်တမ်းတွေကို ဆက်လက်စစ်ဆေးတော့ လူသတ်တရားခံဟာ သူကလွဲပြီးဘယ်သူမှ မဖြစ်နိုင်ကြောင်း စုံထောက်တွေက ထွက်ဆိုခဲ့ပါတယ်။

(၃)နှစ်နီးပါး ကြာသည်အထိ အမှုကို စစ်ဆေးတာ မပြီးပြတ်သေးပါဘူး။ တရားခံ Henry က လူသတ်မှုမှာ အပြစ်ရှိကြောင်း နောက်ဆုံးမှာတော့ ထွက်ဆိုဝန်ခံထားပြီးပါပြီ။ သူဟာ ယုတ်မာရက်စက်လွန်းတဲ့ လူသတ်မှုကြောင့် အနည်းဆုံး ထောင်ဒဏ် အနှစ်(၅၀)ကနေ ထောင်ဒဏ်အနှစ်(၆၀)အထိ ချမှတ်ခံရနိုင်ချေရှိတယ်လို့ အစိုးရရှေ့နေ့တစ်ဦးက သုံးသပ်ထားပါတယ်။

ဘာသာပြန်-လင်းဇော်ကို

Ref ; The Sun

ကိုယ္ဝန္ရွိသြားတဲ့ခ်စ္သူကို တာဝန္မယူခ်င္လို႔ လက္စတုံးလုပ္ပစ္ခဲ့တဲ့ လူယုတ္မာ

လူယုတ္မာ အမ်ိဳးသားတစ္ေယာက္ဟာ သူရဲ့ခ်စ္သူေဟာင္းမွာ ကိုယ္ဝန္ရွိေနတဲ့အတြက္ လင္ေကာင္ေဖာ္ခံရမွာစိုးၿပီး၊ လက္စတုံးျဖစ္ေအာင္ သတ္ပစ္ခဲ့ေၾကာင္း သိရပါတယ္။ အဲဒီအမ်ိဳးသားရဲ့ ယခင္ခ်စ္သူေဟာင္းမွာ သူနဲ႔ ရခဲ့တဲ့ကိုယ္ဝန္ဟာ အေတာ္ေလးကို ေပၚေပၚလြင္လြင္ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ သူက ေနာက္ေကာင္မေလးတစ္ေယာက္ ရသြားခဲ့ပၚတယ္။

ရည္းစားေဟာင္းက သူမမွာ ကိုယ္ဝန္ရွိေနေၾကာင္း လက္ရွိေကာင္မေလးဆီမွာ ေဖာ္ေကာင္လာလုပ္ရင္၊ သူ႔အေနနဲ႔ လက္ရွိခ်စ္သူနဲ႔ လြဲရမွာကိုစိုးရိမ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဘာမွ ေဖာ္ေကာင္အလုပ္မခံရခင္မွာ အခုလို ရက္စက္ယုတ္မာတဲ့လုပ္ရပ္ကို က်ဴးလြန္းခဲ့တာပါ။ သူ႔အမည္ကေတာ့ Henry Alberto Salazar Burgos ျဖစ္ၿပီး၊ အသက္(၂၈)ႏွစ္ပါ။

သူဟာ ကိုယ္ဝန္ရွိေနတဲ့ အသက္(၂၆)ႏွစ္အရြယ္ Lilian Beatriz Mendez Ramirez ကို သတ္ပစ္ၿပီး လက္စေဖ်ာက္ခဲ့ပါတယ္။ Henry ဟာ ဒီသတ္ျဖတ္မႈမတိုင္ခင္က ခ်စ္သူေဟာင္း Lilian ကို သူနဲ႔ရထားတဲ့ကိုယ္ဝန္အား ဖ်က္ခ်ပစ္ဖို႔ ေစခိုင္းခဲ့ပါတယ္။ ဒါေပမယ့္ Lilian က ကေလးကို မျဖစ္ျဖစ္ေအာင္ ေမြးမယ္ဆိုတာေၾကာင့္ Henry အတြက္ အၾကပ္ရိုက္သြားပါတယ္။ ဒါေၾကာင့္ သတ္ပစ္ခဲ့တာပါ။

ဒီအျဖစ္အပ်က္ဟာ အယ္လ္ဆာေဗးဒိုးနိုင္ငံေတာင္ပိုင္း၊ Olocuilta နဲ႔ Miramar အမည္ရ ခရိုင္ႏွစ္ခုအၾကားက La Paz အမည္ရ ဧရိယာအတြင္းမွာ (၂၀၁၇)ခုႏွစ္ ေအာက္တိုဘာ (၂၀)ရက္က ျဖစ္ပ်က္ခဲ့တာပါ။ Henry ဧာ Lilian ကို လွည့္စားကာ ကားနဲ႔တင္ေခၚလာၿပီး၊ လူသူျပတ္လပ္တဲ့ ၿမိဳ႕ျပင္အေရာက္မွာ လည္ပင္းညႇစ္သတ္ခဲ့တာလို႔ သိရပါတယ္။

ကနဦးတုန္းက Henry ဟာ လူသတ္မႈကို ျငင္းဆန္ခဲ့ေပမယ့္၊ သူ႔ကားရဲ့ GPS မွတ္တမ္းကို ျပန္လည္စစ္ေဆးတဲ့အခါမွာ လူသတ္မႈျဖစ္ခဲ့တဲ့ေနရာမွာ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ ရပ္ထားခဲ့တာေတြကို စစ္ေဆးနိုင္ခဲ့ပါတယ္တဲ့။ ေနာက္ၿပီး အခင္းျဖစ္တဲ့ေန႔က Lilian ေနထိုင္တဲ့အနီးအနားက CCTV မွတ္တမ္းေတြကို ဆက္လက္စစ္ေဆးေတာ့ လူသတ္တရားခံဟာ သူကလြဲၿပီးဘယ္သူမွ မျဖစ္နိုင္ေၾကာင္း စုံေထာက္ေတြက ထြက္ဆိုခဲ့ပါတယ္။

(၃)ႏွစ္နီးပါး ၾကာသည္အထိ အမႈကို စစ္ေဆးတာ မၿပီးျပတ္ေသးပါဘူး။ တရားခံ Henry က လူသတ္မႈမွာ အျပစ္ရွိေၾကာင္း ေနာက္ဆုံးမွာေတာ့ ထြက္ဆိုဝန္ခံထားၿပီးပါၿပီ။ သူဟာ ယုတ္မာရက္စက္လြန္းတဲ့ လူသတ္မႈေၾကာင့္ အနည္းဆုံး ေထာင္ဒဏ္ အႏွစ္(၅၀)ကေန ေထာင္ဒဏ္အႏွစ္(၆၀)အထိ ခ်မွတ္ခံရနိုင္ေခ်ရွိတယ္လို႔ အစိုးရေရွ႕ေန႔တစ္ဦးက သုံးသပ္ထားပါတယ္။

ဘာသာျပန္-လင္းေဇာ္ကို

Ref ; The Sun