ည (၆)နာရီက ရောဂါပိုးတွေ့ကြောင်း ကြေငြာချက်ထုတ်ခဲ့သည့် အသက်(၈၅)နှစ်အရွယ် Case-39 မှာ သေဆုံး

0
1110

ည (၆)နာရီက ရောဂါပိုးတွေ့ကြောင်း ကြေငြာချက်ထုတ်ခဲ့သည့် အသက်(၈၅)နှစ်အရွယ် Case-39 မှာ သေဆုံးပြီးဖြစ်ပါသည်။

Case-039သည် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြိို့နယ် တွင်နေထိုင်သူ အသက်(၈၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်။

(၉-၄-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၁၁-၄-၂၀၂၀) ရက်နေ့တွင် သွားရောက်ပြသခဲ့ရာစောင့်ကြည့်လူနာအဖြစ်သတ်မှတ်၍ ဓာတ်ခွဲ နမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါလူနာသည် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားလာသော ရာဇဝင်မရှိခဲ့ကြောင်း သိရှိရပြီး ဆီးချိုရောဂါနှင့် နှလုံးသွေး ကြောကျဉ်းရောဂါအခံရှိကြောင်း သိရှိရပါသည်။

လူနာမှာ ဆေးရုံ စတင်တက်ရောက်သည့်အချိန်တွင်အလွန်မောပန်း လျက်ရှိပြီး သွေးတွင်း အောက်စီဂျင်ဓာတ်များ ကျဆင်းလျက် ရှိရာ လိုအပ်သော ကုသမှုများပေးခဲ့သော်လည်း (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက် (၆:၀၀) နာရီအချိန်ခန့် တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးရသည့် အကြောင်းအရင်းမှာ ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံ ရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။

သေဆုံးခဲ့သည့် Csae-039 လူနာများနှင့် ထိတွေ့ခဲ့သူများကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှု သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ များနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။Credit to Zin Moe

ည (၆)နာရီက ေရာဂါပိုးေတြ႔ေၾကာင္း ေၾကျငာခ်က္ထုတ္ခဲ႔သည္႔ အသက္(၈၅)ႏွစ္အရြယ္ Case-39 မွာ ေသဆုံးျပီးျဖစ္ပါသည္။

Case-039သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းဘဲတန္းၿမိို့နယ္ တြင္ေနထိုင္သူ အသက္(၈၅)ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးျဖစ္သည္။

(၉-၄-၂၀၂၀) ရက္ေန႔တြင္ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းလကၡဏာမ်ား စတင္ခံစားခဲ့ရသျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို့ (၁၁-၄-၂၀၂၀) ရက္ေန႔တြင္ သြားေရာက္ျပသခဲ့ရာေစာင့္ၾကည့္လူနာအျဖစ္သတ္မွတ္၍ ဓာတ္ခြဲ နမူနာရယူစစ္ေဆးခဲ့ျခင္းျဖစ္ပါသည္။

အဆိုပါလူနာသည္ လြန္ခဲ့ေသာ (၁၄)ရက္အတြင္း ျပည္ပနိုင္ငံမ်ားသို့ ခရီးသြားလာေသာ ရာဇဝင္မရွိခဲ့ေၾကာင္း သိရွိရၿပီး ဆီးခ်ိဳေရာဂါႏွင့္ ႏွလုံးေသြး ေၾကာက်ဥ္းေရာဂါအခံရွိေၾကာင္း သိရွိရပါသည္။

လူနာမွာ ေဆး႐ုံ စတင္တက္ေရာက္သည့္အခ်ိန္တြင္အလြန္ေမာပန္း လ်က္ရွိၿပီး ေသြးတြင္း ေအာက္စီဂ်င္ဓာတ္မ်ား က်ဆင္းလ်က္ ရွိရာ လိုအပ္ေသာ ကုသမွုမ်ားေပးခဲ့ေသာ္လည္း (၁၂-၄-၂၀၂၀)ရက္ေန႔၊ နံနက္ (၆:၀၀) နာရီအခ်ိန္ခန္႔ တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရပါသည္။

ေသဆုံးရသည့္ အေၾကာင္းအရင္းမွာ ျပင္းထန္ အဆုတ္ေရာင္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါႏွင့္ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအခံ ရွိျခင္းတို့ေၾကာင့္ ျဖစ္ပါသည္။

ေသဆုံးခဲ႔သည္႔ Csae-039 လူနာမ်ားႏွင့္ ထိေတြ႕ခဲ့သူမ်ားကို စုံစမ္းေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ကာ ေစာင့္ၾကပ္ၾကည့္ရွု သြားမည္ျဖစ္ပါသည္။ သို့ျဖစ္ပါ၍ အဆိုပါ ဓာတ္ခြဲအတည္ျပဳလူနာ မ်ားႏွင့္ အနီးကပ္ထိေတြ႕ခဲ့သည့္ ျပည္သူလူထုအေနျဖင့္ နီးစပ္ရာ က်န္းမာေရးဌာနသို့ ဆက္သြယ္အေၾကာင္းၾကားေစလိုေၾကာင္း တိုက္တြန္းအပ္ပါသည္။Credit to Zin Moe