လူတစ်ယောက်က အပူဒါဏ်ကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိသလဲ

0
142

ပူလွန်းလို့လားမသိပါ။ မနေ့က အာကာသနှင့်စကြဝဠာရဲ့ စာဖတ်ပရိတ်သတ်တစ်ဦးက လူတစ်ယောက်ဟာ အပူချိန် လယ်လောက်လောက်ထိ ခံနိုင်ရည်ရှိလဲ လို့ မေးလာပါတယ်။

မိုးလေဝသ အခြေအနေကို ကြည့်မိတော့ အမြင့်ဆုံးအပူချိန်များဟာ (မန္တလေးမြို့မှာ) ၄၃ ဒီဂရီ စင်တီဂရိတ် (၁၀၉ ဖာရင်ဟိုက်) အထိ ရှိနေတာကို တွေ့ရပါတယ်။

လူသားတွေ ခံနိုင်ရည်ရှိတဲ့ အပူချိန်ကို အပြင် (ပြင်ပ) အပူချိန်နဲ့ အတွင်း (ကိုယ်တွင်း) အပူချိန် ဆိုပြီး ၂ မျိုး ခွဲခြားပြီးဖော်ပြပေးချင်ပါတယ်။

လူရဲ့ ခန္ဓာကိုယ် (ကိုယ်တွင်း) အပူချိန်ဟာ ပုံမှန်အားဖြင့် (ပျမ်းမျှ) ၃၇ ဒီဂရီ စင်တီဂရိတ် (၉၈.၆ ဖာရင်ဟိုက်) ရှိပါတယ်။ ၃၈ ဒီဂရီ (၁၀၀.၄ ဖာရင်ဟိုက်) ဆိုလျှင် အဖျား ရှိနေပြီလို့ ပြောလို့ရပါပြီ။

ခန္ဓာကိုယ်အပူချိန် တက်ခြင်းကို Hyperthermia လို့ ခေါ်ပါတယ်။ ၃၉ ဒီဂရီ (၁၀၂.၂ ဖာရင်ဟိုက်) ဆို ချမ်းတုန်ပြီး ဖျားနေပါပြီ။

၄၀ ဒီဂရီ (၁၀၄ ဖာရင်ဟိုက်) ဆိုလျှင် ခေါင်းတွေကိုက်၊ အန်၊ ရေဓါတ် ခန်းခြောက်ပြီး သတိလစ်ချင်သလိုအထိ ဖြစ်လာပါတယ်။

ဒီ့ထက်ပိုပြီး အဖျားတက်လာလေလေ.. အသက်အန္တရာယ် စိုးရိမ်လာရလေဖြစ်ပြီး ၄၃ ဒီဂရီ စင်တီဂရိတ် (၁၀၉.၄ ဖာရင်ဟိုက်) ဆိုလျှင် သေဆုံးတတ်ပါတယ်။ ဒါပေမဲ့လည်း ထူးခြားချက်တစ်ခုအနေနဲ့

၁၉၈၀ ခုနှစ်က အသက် ၅၂ နှစ်ရှိ ဝီလီဂျုံး (ဓါတ်ပုံ) ဆိုသူ လူတစ်ယောက်ဟာ ခန္ဓာကိုယ်အပူချိန် 46.5 °C (115.7 °F) မှာ ၂၄ နာရီလောက် ရှင်သန်ပြီး ပြန်ကောင်းမွန်သွားခဲ့လို့ ဂရင်းနစ် မှတ်တမ်းဝင်သွားတာလည်း ရှိခဲ့ဖူးပါတယ်။

နောက်ထပ် ပူခြင်းတစ်မျိုးကတော့ ပြင်ပ (ရာသီဥတု) ပူပြင်းခြင်းဖြစ်ပါတယ်။ ပြင်ပအပူချိန်ဟာ ခန္ဓာကိုယ် အပူချိန်ပေါ်မှာ များစွာ သက်ရောက်မှုရှိပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ်ကလည်း အပူဒါဏ်ကို တတ်နိုင်သလောက် ခံနိုင်ရည်ရှိပြီး ကိုယ်တွင်းအပူချိန် တက်မလာအောင် ချွေး၊ ဆီး အစရှိသည်တို့နဲ့ ပြန်ကန်ထုတ်ပါတယ်။

အပူဒါဏ်ကာကွယ်ခြင်းနည်းလမ်းများနဲ့ နေထိုင်လျှင် တော်ရုံ အပူဒဏ်ကို ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ခံနိုင်ရည်ရှိမှုဟာ အကန့်အသတ် ရှိပါတယ်။ အပူချိန် ၆၀ ဒီဂရီ စင်တီဂရိတ် (၁၄၀ ဖာရင်ဟိုက်) မှာ ၁၀ မိနစ်လောက် နေလိုက်တာနဲ့

ခန္ဓာကိုယ်မှာ အပူချိန် တက်သွားမှာဖြစ်ပြီး မကြာခင်မှာ သေဆုံးသွားနိုင်ပါတယ်။ အဲဒီ့တော့ လူတစ်ယောက်ရဲ့အမြင့်ဆုံး (ပြင်ပ) အပူချိန် ခံနိုင်မှုဟာ ၆၀ ဒီဂရီစင်တီဂရိတ် (၁၄၀ ဖာရင်ဟိုက်) လို့ သတ်မှတ်နိုင်ပါတယ်။

(အခု နွေရာသီမှာ အပူချိန် ၄၃-၄၆ အထိ တက်နေပါတယ်။)

ဒုတိယကမ္ဘ ာစ စ်ကာလက န ာ ဇ ီစစ်စခန်းတွေမှာ ဂျူးလူမျိုးတွေကို ပုံစံအမျိုးမျိုးဖြင့် သ တ ်ဖြတ်ခဲ့စဉ်က အပူချိန်နဲ့ ပတ်သက်ပြီး ဆေးပညာစမ်းသပ်ချက်များလည်း ပြုလုပ်သွားခဲ့ပါတယ်။

အဲ့ဒီ့ထဲမှာ လူတွေကို ရေခဲ (ရေ) ထဲ စိမ်ထားပြီး အပူချိန် ဘယ်လောက်မှာ အချိန်ဘယ်လောက် ကြာကြာခံနိုင်သလဲ ဆိုတဲ့ စမ်းသပ်ချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

တွေ့ရှိချက်တွေအရ (-၆) ဒီဂရီလောက်မှာ အဝတ်မပါပဲ နာရီတော်တော်ကြာသည်အထိ နေနိုင်တယ်ဆိုတာတွေ့ခဲ့ရပါတယ်။ ခန္ဓာကိုယ်အပူချိန် ကျဆင်းခြင်းကို Hypothermia လို့ခေါ်ပါတယ်။

နောက်ပိုင်း သိပ္ပံနည်းကျတွေ့ရှိချက်တွေအရကတော့.. လူတစ်ယောက်ရဲ့ ပြင်ပရာသီဥတု အပူချိန်ကျဆင်းမှုဒါဏ်ကို အနိမ့်ဆုံးခံနိုင်ရည်ဟာ (-၄၀) ဒီဂရီ ဆဲလ်စီးယပ်စ် ဖြစ်ပါတယ်။

ဆဲလ်စီးယပ်စ် (Celsius) နဲ့ စင်တီဂရိတ် (Centigrade) စကေးဟာ အတူတူဖြစ်ပါတယ်။ ၀ ဒီဂရီမှာ ရေခဲပြီး ၁၀၀ ဒီဂရီမှာ ရေဆူပါတယ်။

ယခင်က စင်တီဂရိတ်လို့ခေါ်ပြီး နောက်ပိုင်းမှာ ဆွီဒင် သိပ္ပံပညာရှင် Anders Celsius (1701-1744) ကို ဂုဏ်ပြု ပြီး ဆဲလ်စီးယပ်စ်လို့ သုံးလာကြတာ ဖြစ်ပါတယ်။

အနာဂတ်ပညာရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

လူတစ္ေယာက္က အပူဒါဏ္ကို ဘယ္ေလာက္ထိ ခံနိုင္ရည္ရိွသလဲ

ပူလြန္းလို႔လားမသိပါ။ မေန႔က အာကာသႏွင့္စၾကဝဠာရဲ့ စာဖတ္ပရိတ္သတ္တစ္ဦးက လူတစ္ေယာက္ဟာ အပူခ်ိန္ လယ္ေလာက္ေလာက္ထိ ခံနိုင္ရည္ရွိလဲ လို႔ ေမးလာပါတယ္။

မိုးေလဝသ အေျခအေနကို ၾကည့္မိေတာ့ အျမင့္ဆုံးအပူခ်ိန္မ်ားဟာ (မႏၲေလးၿမိဳ႕မွာ) ၄၃ ဒီဂရီ စင္တီဂရိတ္ (၁၀၉ ဖာရင္ဟိုက္) အထိ ရွိေနတာကို ေတြ႕ရပါတယ္။

လူသားေတြ ခံနိုင္ရည္ရွိတဲ့ အပူခ်ိန္ကို အျပင္ (ျပင္ပ) အပူခ်ိန္နဲ႔ အတြင္း (ကိုယ္တြင္း) အပူခ်ိန္ ဆိုၿပီး ၂ မ်ိဳး ခြဲျခားၿပီးေဖာ္ျပေပးခ်င္ပါတယ္။

လူရဲ့ ခႏၶာကိုယ္ (ကိုယ္တြင္း) အပူခ်ိန္ဟာ ပုံမွန္အားျဖင့္ (ပ်မ္းမၽွ) ၃၇ ဒီဂရီ စင္တီဂရိတ္ (၉၈.၆ ဖာရင္ဟိုက္) ရွိပါတယ္။ ၃၈ ဒီဂရီ (၁၀၀.၄ ဖာရင္ဟိုက္) ဆိုလၽွင္ အဖ်ား ရွိေနၿပီလို႔ ေျပာလို႔ရပါၿပီ။

ခႏၶာကိုယ္အပူခ်ိန္ တက္ျခင္းကို Hyperthermia လို႔ ေခၚပါတယ္။ ၃၉ ဒီဂရီ (၁၀၂.၂ ဖာရင္ဟိုက္) ဆို ခ်မ္းတုန္ၿပီး ဖ်ားေနပါၿပီ။

၄၀ ဒီဂရီ (၁၀၄ ဖာရင္ဟိုက္) ဆိုလၽွင္ ေခါင္းေတြကိုက္၊ အန္၊ ေရဓါတ္ ခန္းေျခာက္ၿပီး သတိလစ္ခ်င္သလိုအထိ ျဖစ္လာပါတယ္။

ဒီ့ထက္ပိုၿပီး အဖ်ားတက္လာေလေလ.. အသက္အႏၲရာယ္ စိုးရိမ္လာရေလျဖစ္ၿပီး ၄၃ ဒီဂရီ စင္တီဂရိတ္ (၁၀၉.၄ ဖာရင္ဟိုက္) ဆိုလၽွင္ ေသဆုံးတတ္ပါတယ္။ ဒါေပမဲ့လည္း ထူးျခားခ်က္တစ္ခုအေနနဲ႔

၁၉၈၀ ခုႏွစ္က အသက္ ၅၂ ႏွစ္ရွိ ဝီလီဂ်ဳံး (ဓါတ္ပုံ) ဆိုသူ လူတစ္ေယာက္ဟာ ခႏၶာကိုယ္အပူခ်ိန္ 46.5 °C (115.7 °F) မွာ ၂၄ နာရီေလာက္ ရွင္သန္ၿပီး ျပန္ေကာင္းမြန္သြားခဲ့လို႔ ဂရင္းနစ္ မွတ္တမ္းဝင္သြားတာလည္း ရွိခဲ့ဖူးပါတယ္။

ေနာက္ထပ္ ပူျခင္းတစ္မ်ိဳးကေတာ့ ျပင္ပ (ရာသီဥတု) ပူျပင္းျခင္းျဖစ္ပါတယ္။ ျပင္ပအပူခ်ိန္ဟာ ခႏၶာကိုယ္ အပူခ်ိန္ေပၚမွာ မ်ားစြာ သက္ေရာက္မႈရွိပါတယ္။

ဒါေပမဲ့ ခႏၶာကိုယ္ကလည္း အပူဒါဏ္ကို တတ္နိုင္သေလာက္ ခံနိုင္ရည္ရွိၿပီး ကိုယ္တြင္းအပူခ်ိန္ တက္မလာေအာင္ ေခၽြး၊ ဆီး အစရွိသည္တို႔နဲ႔ ျပန္ကန္ထုတ္ပါတယ္။

အပူဒါဏ္ကာကြယ္ျခင္းနည္းလမ္းမ်ားနဲ႔ ေနထိုင္လၽွင္ ေတာ္႐ုံ အပူဒဏ္ကို ကာကြယ္နိုင္ပါတယ္။ ဒါေပမဲ့ အဲ့ဒီ့ခံနိုင္ရည္ရွိမႈဟာ အကန႔္အသတ္ ရွိပါတယ္။ အပူခ်ိန္ ၆၀ ဒီဂရီ စင္တီဂရိတ္ (၁၄၀ ဖာရင္ဟိုက္) မွာ ၁၀ မိနစ္ေလာက္ ေနလိုက္တာနဲ႔

ခႏၶာကိုယ္မွာ အပူခ်ိန္ တက္သြားမွာျဖစ္ၿပီး မၾကာခင္မွာ ေသဆုံးသြားနိုင္ပါတယ္။ အဲဒီ့ေတာ့ လူတစ္ေယာက္ရဲ့အျမင့္ဆုံး (ျပင္ပ) အပူခ်ိန္ ခံနိုင္မႈဟာ ၆၀ ဒီဂရီစင္တီဂရိတ္ (၁၄၀ ဖာရင္ဟိုက္) လို႔ သတ္မွတ္နိုင္ပါတယ္။

(အခု ေႏြရာသီမွာ အပူခ်ိန္ ၄၃-၄၆ အထိ တက္ေနပါတယ္။)

ဒုတိယကမၻ ာစ စ္ကာလက န ာ ဇ ီစစ္စခန္းေတြမွာ ဂ်ဴးလူမ်ိဳးေတြကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ သ တ ္ျဖတ္ခဲ့စဥ္က အပူခ်ိန္နဲ႔ ပတ္သက္ၿပီး ေဆးပညာစမ္းသပ္ခ်က္မ်ားလည္း ျပဳလုပ္သြားခဲ့ပါတယ္။

အဲ့ဒီ့ထဲမွာ လူေတြကို ေရခဲ (ေရ) ထဲ စိမ္ထားၿပီး အပူခ်ိန္ ဘယ္ေလာက္မွာ အခ်ိန္ဘယ္ေလာက္ ၾကာၾကာခံနိုင္သလဲ ဆိုတဲ့ စမ္းသပ္ခ်က္ေတြလည္း ပါဝင္ခဲ့ပါတယ္။

ေတြ႕ရွိခ်က္ေတြအရ (-၆) ဒီဂရီေလာက္မွာ အဝတ္မပါပဲ နာရီေတာ္ေတာ္ၾကာသည္အထိ ေနနိုင္တယ္ဆိုတာေတြ႕ခဲ့ရပါတယ္။ ခႏၶာကိုယ္အပူခ်ိန္ က်ဆင္းျခင္းကို Hypothermia လို႔ေခၚပါတယ္။

ေနာက္ပိုင္း သိပၸံနည္းက်ေတြ႕ရွိခ်က္ေတြအရကေတာ့.. လူတစ္ေယာက္ရဲ့ ျပင္ပရာသီဥတု အပူခ်ိန္က်ဆင္းမႈဒါဏ္ကို အနိမ့္ဆုံးခံနိုင္ရည္ဟာ (-၄၀) ဒီဂရီ ဆဲလ္စီးယပ္စ္ ျဖစ္ပါတယ္။

ဆဲလ္စီးယပ္စ္ (Celsius) နဲ႔ စင္တီဂရိတ္ (Centigrade) စေကးဟာ အတူတူျဖစ္ပါတယ္။ ၀ ဒီဂရီမွာ ေရခဲၿပီး ၁၀၀ ဒီဂရီမွာ ေရဆူပါတယ္။

ယခင္က စင္တီဂရိတ္လို႔ေခၚၿပီး ေနာက္ပိုင္းမွာ ဆြီဒင္ သိပၸံပညာရွင္ Anders Celsius (1701-1744) ကို ဂုဏ္ျပဳ ၿပီး ဆဲလ္စီးယပ္စ္လို႔ သုံးလာၾကတာ ျဖစ္ပါတယ္။

အနာဂတ္ပညာေရးအတြက္.. သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)