နှာခေါင်းစည်းမတပ်သူတွေကို မန္တလေးမှာ အရေးယူ

0
115

ဓာတ်ပုံ – ခေမဏီဝင်း/ RFA

(မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်သာယာဈေးမှာ နှာခေါင်းစည်းတပ်ထားတဲ့ စျေးသည်တစ်ဦးကို ၂၀၂၀၊ ဧပြီ ၁၅ ရက်နေ့က တွေ့ရစဉ်)

အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းမတပ်တဲ့သူတွေကို အရေးယူမယ်လို့ ကြေငြာထားပြီးနောက် သုံးရက်အတွင်း မန္တလေးမြို့က စည်ပင်သာယာပိုင်ဈေးတွေမှာ ဈေးသည်နဲ့ ဈေးဝယ် ၁၂၀ ဦးကို အရေးယူခဲ့တယ်လို့ မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။

အရေးယူတဲ့အနေနဲ့ နှာခေါင်းစည်းနှစ်ခုကို ကျပ် ၁၀၀၀ နှုန်းနဲ့ ဝယ်ယူစေတဲ့နည်းလမ်းနဲ့ အရေးယူခဲ့တာပါ။နှားခေါင်းစည်းမတပ်တဲ့ မြနန္ဒာဈေးက ကုန်စိမ်းရောင်းချတဲ့ ဈေးသည်တစ်ယောက်ကိုတော့ အခုလ ၁၂ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ ၃ ရက်ဈေးရောင်းချခွင့်ပိတ်ခဲ့တယ်လို့ စည်ပင်သာယာရေးကော်မတီက ထုတ်ပြန် ပါတယ်။

အပြင်ထွက်မယ်ဆိုရင် အခုလ ၉ ရက်နေ့ကစတင်ပြီး နှာခေါင်းစည်းကို စနစ်တစ်ကျတပ်ဆင်ဖို့နဲ့ ၁၅ ရက်နေ့ အထိကို အသိပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ဒီကာလမှာ မလိုက်နာဘူးဆိုရင် နှာခေါင်းစည်း ၂ ခု ကို ငွေကျပ် ၁၀၀၀ (တစ်ထောင်) နှုန်းနဲ့မဖြစ်မနေ ဝယ်ယူရမှာဖြစ်ပါတယ်။

၁၅ ရက်နေ့နောက်ပိုင်းမှာဆိုရင်တော့ နှာခေါင်းစည်း ၂ ခု ကို ဒဏ်ငွေ ကျပ် ၅၀၀၀ (ငါးထောင်) နဲ့ ဝယ်ယူရမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က အခုလ ၈ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

စည်းကမ်းမလိုက်နာတဲ့သူတွေကို တည်ဆဲဥပဒေတွေနဲ့လည်း အရေးယူသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းအစိုး ရအဖွဲရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

RFA Burmese

ႏွာေခါင္းစည္းမတပ္သူေတြကို မႏၲေလးမွာ အေရးယူ

ဓာတ္ပုံ – ေခမဏီဝင္း/ RFA

(မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္သာယာေဈးမွာ ႏွာေခါင္းစည္းတပ္ထားတဲ့ ေစ်းသည္တစ္ဦးကို ၂၀၂၀၊ ဧၿပီ ၁၅ ရက္ေန႔က ေတြ႕ရစဥ္)

အျပင္ထြက္တဲ့အခါ ႏွာေခါင္းစည္းမတပ္တဲ့သူေတြကို အေရးယူမယ္လို႔ ေၾကျငာထားၿပီးေနာက္ သုံးရက္အတြင္း မႏၲေလးၿမိဳ႕က စည္ပင္သာယာပိုင္ေဈးေတြမွာ ေဈးသည္နဲ႔ ေဈးဝယ္ ၁၂၀ ဦးကို အေရးယူခဲ့တယ္လို႔ မႏၲေလးၿမိဳ႕ ေတာ္ စည္ပင္သာယာေရးေကာ္မတီက သိရပါတယ္။

အေရးယူတဲ့အေနနဲ႔ ႏွာေခါင္းစည္းႏွစ္ခုကို က်ပ္ ၁၀၀၀ ႏႈန္းနဲ႔ ဝယ္ယူေစတဲ့နည္းလမ္းနဲ႔ အေရးယူခဲ့တာပါ။ႏွားေခါင္းစည္းမတပ္တဲ့ ျမနႏၵာေဈးက ကုန္စိမ္းေရာင္းခ်တဲ့ ေဈးသည္တစ္ေယာက္ကိုေတာ့ အခုလ ၁၂ ရက္ ေန႔ကေန ၁၄ ရက္ေန႔အထိ ၃ ရက္ေဈးေရာင္းခ်ခြင့္ပိတ္ခဲ့တယ္လို႔ စည္ပင္သာယာေရးေကာ္မတီက ထုတ္ျပန္ ပါတယ္။

အျပင္ထြက္မယ္ဆိုရင္ အခုလ ၉ ရက္ေန႔ကစတင္ၿပီး ႏွာေခါင္းစည္းကို စနစ္တစ္က်တပ္ဆင္ဖို႔နဲ႔ ၁၅ ရက္ေန႔ အထိကို အသိပညာေပးကာလအျဖစ္သတ္မွတ္ထားၿပီး ဒီကာလမွာ မလိုက္နာဘူးဆိုရင္ ႏွာေခါင္းစည္း ၂ ခု ကို ေငြက်ပ္ ၁၀၀၀ (တစ္ေထာင္) ႏႈန္းနဲ႔မျဖစ္မေန ဝယ္ယူရမွာျဖစ္ပါတယ္။

၁၅ ရက္ေန႔ေနာက္ပိုင္းမွာဆိုရင္ေတာ့ ႏွာေခါင္းစည္း ၂ ခု ကို ဒဏ္ေငြ က်ပ္ ၅၀၀၀ (ငါးေထာင္) နဲ႔ ဝယ္ယူရမွာ ျဖစ္တယ္လို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕က အခုလ ၈ ရက္ေန႔က အသိေပးထုတ္ျပန္ထားပါတယ္။

စည္းကမ္းမလိုက္နာတဲ့သူေတြကို တည္ဆဲဥပေဒေတြနဲ႔လည္း အေရးယူသြားမွာျဖစ္တယ္လို႔ မႏၲေလးတိုင္းအစိုး ရအဖြဲရဲ့ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

RFA Burmese