အချိန်အားဖြင့် ၈နာရီ၁၅မိနစ်က ကမာရွတ် ဗဟိုလမ်းပါတဲ့ခင်ဗျ
0
2136
Credit..
အချိန်အားဖြင့် ၈နာရီ၁၅မိနစ်က ကမာရွတ် ဗဟိုလမ်းပါတဲ့ခင်ဗျ။ ရွာမကွေ့နားမရောင်ခင် AYA Bank နား လူတစ်ယောက်လဲကျ
တစ်ခါထဲဆုံး။ ခုလေးတင်ပါ ဘာပဲပြောပြော သတိရှိကြပါဗျာ။ Crd. ဖိုတို ဘဏ်က လုံခြုံရေးဝန်ထမ်းလို့သိရပြီး သွေးတိုးကြောင့် အုန်းနှောက်သွေးကြောပြတ်ပီး ဆုံးပါးသွားတယ်လို့ သိရပါတယ်။
သို့သော်လည်း ယခုအချိန်မှာ ကိုဗစ်ရောဂါကြောင့် အားလုံးစိုးရိမ် ထိန့်လန့်နေကြရတာ ဖြစ်တဲ့အတွက် လိုရာတွေဆွဲတွေးနေကြမှာလည်း စိုးရပါတယ်။ ထစ်ကနဲရှိ လူစုလူဝေးလုပ်တတ်တဲ့ ကျုပ်တို့ လူမျိုးတွေကြောင့်လည်း ခက်ရပါတယ်။
ကိုယ်လည်း ဘာအကူအညီမှမပေးနိုင်ဘဲ ဝိုင်းအုံကြည့်ကြတယ်။ ကြည့်တာက ပြသနာမရှိ အခုလို ကိုဗစ်ကူးစက်နှုန်းမြန်နေချိန်မှာ အသိတရားလေးတွေထားသင့်ပါတယ်ဗျာ။ ဆုံးပါးသွားတဲ့ ဦးလေးကြီးကိုလည်း သနားမိပါတယ်။ ကောင်းရာသုဂတိလားပါစေလို့…..။
အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြဖို့နဲ့ မိမိကြောင့် မိမိကိုယ်တိုင်နဲ့ ပတ်ဝတ်ကျင် အခက်တွေ့စေမယ့် နေထိုင်မှုမျိုးများမပြုလုပ်ဘဲ မိမိတို့အိမ်မှာပဲ နေကြပါလို့ တိုက်တွန်းလိုပါတယ်။ တာဝန်ရှိသူများကလည်း လိုက်လုံ ထိန်းသိမ်းနေတာတွေ့ရပါတယ်ဗျ