မိတ္တီလာမြို့တွင် မိုးသီးကြွေကျကာ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး မိုးကြိုးထိမှန် သေဆုံ

0
144

မိတ္တီလာမြို့တွင် မေလ ၁၁ ရက် မွန်းလွဲပိုင်းက မိုးသီးကြွေကျပြီး လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုင်းဘုတ်များ လဲပြိုကာ လူတစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသီးကြွေကျကာ လေပြင်းတိုက်ခတ်မှုကြောင့် အောင်ဆန်းရပ်ကွက်၊ မိတ္တီလာ-ကျောက်ပန်းတောင်း လမ်းမတွင် ကြေငြာဆိုင်းဘုတ်များ လဲပြိုခဲ့ပြီး၊ ရတနာမာရ်အောင်ရပ်ကွက်၊

မိတ္တီလာ-သာစည် ကားလမ်းမ အနီးတွင် ဆက်သွယ်ရေးတိုင်များ လဲကျခြင်း၊ သစ်ပင်များပေါ်သို့ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဆက်သွယ်ရေးကြိုးများ ပြုတ်ကျခဲ့ခြင်းတို့ကြောင့် လျှပ်စစ်မီး ပြတ်တောက်မှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အဆိုပါ မိုးသီးကြွေကျပြီး လေပြင်းတိုက်ခတ်မှုကြောင့် မိတ္တီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု၊ စက်ပစ်တောင်ကျေးရွာတွင် လူတစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်းလည်း ကနဦး သိရသည်။

EMG

မိတၱီလာၿမိဳ႕တြင္ မိုးသီးေႂကြက်ကာ ေလျပင္းတိုက္ခတ္မႈ ျဖစ္ပြားခဲ့ၿပီး လူတစ္ဦး မိုးႀကိဳးထိမွန္ ေသဆုံ..

မိတၱီလာၿမိဳ႕တြင္ ေမလ ၁၁ ရက္ မြန္းလြဲပိုင္းက မိုးသီးေႂကြက်ၿပီး ေလျပင္းတိုက္ခတ္မႈ ျဖစ္ပြားခဲ့ျခင္းေၾကာင့္ ဆိုင္းဘုတ္မ်ား လဲၿပိဳကာ လူတစ္ဦး မိုးႀကိဳးထိမွန္ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆုိပါ မိုးသီးေႂကြက်ကာ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေအာင္ဆန္းရပ္ကြက္၊ မိတၱီလာ-ေက်ာက္ပန္းေတာင္း လမ္းမတြင္ ေၾကျငာဆိုင္းဘုတ္မ်ား လဲၿပိဳခဲ့ၿပီး၊ ရတနာမာရ္ေအာင္ရပ္ကြက္၊

မိတၱီလာ-သာစည္ ကားလမ္းမ အနီးတြင္ ဆက္သြယ္ေရးတိုင္မ်ား လဲက်ျခင္း၊ သစ္ပင္မ်ားေပၚသို႔ လွ်ပ္စစ္ဓာတ္အားလိုင္းႏွင့္ ဆက္သြယ္ေရးႀကိဳးမ်ား ျပဳတ္က်ခဲ့ျခင္းတို႔ေၾကာင့္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈ ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

ထုိ႔ျပင္ အဆိုပါ မိုးသီးေႂကြက်ၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ မိတၱီလာၿမိဳ႕နယ္ ထမုန္ကန္ေက်း႐ြာအုပ္စု၊ စက္ပစ္ေတာင္ေက်း႐ြာတြင္ လူတစ္ဦး မိုးႀကိဳးထိမွန္ ေသဆုံးခဲ့ေၾကာင္းလည္း ကနဦး သိရသည္။

EMG