ပဲခူးမြို့တွင် လုယက်မှု ခိုးမှုများ ခပ်စိပ်စိပ်ဖြစ်လာသဖြင့် ဒေသခံများစိုးရိမ်

0
66

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလ ပဲခူးမြို့မှာ လုယက်မှု၊ ခိုးမှုတွေ ခပ်စိပ်စိပ် ဖြစ်လာတဲ့အပြင် မေလ ၁၁ ရက် နေ့လယ်ပိုင်းက ရွှေဆိုင်တဆိုင် လုယက်ခံ လိုက်ရပါတယ်။

မနေ့ နေ့လယ်ပိုင်းက ပဲခူးမြို့ သနပ္ပင်လမ်း ဘုရားဈေးနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ယု ရတနာရွှေဆိုင်တဆိုင်မှာ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအရင် ရက်ကလည်း ပဲခူးမြို့အထွက် ကလိ မီးရထားသံလမ်းကုန်းနားမှာ ကားသမားတွေကို မနက် ၄ နာရီမထိုးခင်းအချိန်လောက်မှာ ရိုက်နှက်ပြီး ငွေကျပ် ၁၅ သိန်းလောက် အလုအယက်ခံလိုက်ရသေးတယ်လို့ ပဲခူးတိုင်း ဒေသကြီးလွှတ်တော် ပဲခူးမြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောပါတယ်။

ဒါ့အပြင် ဆိုင်ကယ်အခိုးခံ ရတာတွေလည်းဒီရက်ပိုင်းမှာ အများအပြား ဖြစ်နေပါတယ်။ ဒီလုယက်သူတွေဟာ ပြည်သူတွေ လိုက်လံဖမ်းဆီးတဲ့အခါ လမ်းကြောင်း ကျွမ်းကျင်ပြီး ပျောက်သွားတဲ့အတွက် ဒီလူတွေက ခိုးဆိုးနှိုက်ဂိုဏ်းကဖြစ်နိုင်သလို ဒေသခံလည်း ဖြစ်နိုင်တယ်လို့ မြို့ခံ‌တွေက ပြောပါတယ်။

ယု ရွှေဆိုင်ပိုင်ရှင်ရဲ့ ညီမဖြစ်သူ ဒေါ်နွယ်နီ က “မေလ ၁၁ ရက်နေ့ နေ့လည်က အမည်မသိ လူတယောက်က ဆိုင်ကယ်စက်မသတ်ပဲ ဆိုင်ရှေ့ရောက်လာပြီး ဆိုင်ဘယ်အချိန်ပိတ်လည်းလို့ မေးပြီး သူ့ရဲ့အင်္ကျီထဲမှာ အသင့်ပါလာတဲ့ ရဲတင်းနဲ့ ရွှေရောင်းဖို့ထည့်ထားတဲ့ မှန်ပေါင်ကို ထုခွဲပြီး ဝင်လုသွားခဲ့တာ”လို့ ပြောပြပါတယ်။

အဲဒီလုယက်သူမှာ ဆိုင်ရှင်ရဲ့ညီမနဲ့ လုံးထွေးသတ်ပုတ်စဉ် မှန်ပေါက်ကွဲရှလို့ သူ့ရဲ့လက်မှာ ဒဏ်ရာရသွားပြီး ရွှေကတော့ တမတ်သားဝန်းကျင် ရွှေဆွဲကြိုး ၃ ကုံး နဲ့ ဆွဲသီးတခု ပါသွားတယ်လို့ သိရပါတယ်။

အဲဒီလုယက်သူကို ပဲခူးမြို့ မြို့မရဲစခန်းက ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။

ပဲခူးတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းအောင်က “ရဲတပ်ဖွဲ့အနေနဲ့ကတော့ ပဲခူး တတိုင်းလုံးမှာရှိတဲ့ မြို့ပေါ်လူပြတ်တဲ့ နေရာတွေမှာ လှည့်ကင်း ဝပ်ကင်းတွေလုပ်ဖို့ ဈေးတွေက ရွှေဆိုင်တွေနားမှာဆိုရင်လည်း အရပ်ဝတ်နဲ့ လူမသိအောင် ရပ်ကင်းတွေလည်း ချထားပြီး တတိုင်းလုံးက မြို့တွေမှာ အရပ်ဝတ်တွေနဲ့ ရပ်ကင်းဝပ်ကင်းတွေ ချထားကာ လုံခြုံရေးကို အထူးဆောင်ရွက်နေတယ်”လို့ ပြောပါတယ်။

ပဲခူးမြို့ပေါ်မှာ အခုလို လုယက်မှုတွေ ခိုးမှုတွေ နေ့ခင်းကြောင်တောင် ရွှေဆိုင်တွေ အလုခံရတဲ့ အခြေအနေ အထိ ဖြစ်လာတဲ့အတွက် လုံးခြုံမှု မရှိတော့ဘူးဆိုပြီး ဒေသခံတွေကြားမှာ စိုးရိမ်နေပါတယ်။

သတင်း – အောင်စိုးမိုး DVB TV News

ကိုဗစ္-၁၉ ကပ္ေရာဂါေဘးကာလ ပဲခူးၿမိဳ႕မွာ လုယက္မႈ၊ ခိုးမႈေတြ ခပ္စိပ္စိပ္ ျဖစ္လာတဲ့အျပင္ ေမလ ၁၁ ရက္ ေန႔လယ္ပိုင္းက ေ႐ႊဆိုင္တဆိုင္ လုယက္ခံ လိုက္ရပါတယ္။

မေန႔ ေန႔လယ္ပိုင္းက ပဲခူးၿမိဳ႕ သနပၸင္လမ္း ဘုရားေဈးနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာရွိတဲ့ ယု ရတနာေ႐ႊဆိုင္တဆိုင္မွာ လုယက္မႈ ျဖစ္ပြားခဲ့ပါတယ္။ အဲဒီအရင္ ရက္ကလည္း ပဲခူးၿမိဳ႕အထြက္ ကလိ မီးရထားသံလမ္းကုန္းနားမွာ ကားသမားေတြကို မနက္ ၄ နာရီမထိုးခင္းအခ်ိန္ေလာက္မွာ ႐ိုက္ႏွက္ၿပီး ေငြက်ပ္ ၁၅ သိန္းေလာက္ အလုအယက္ခံလိုက္ရေသးတယ္လို႔ ပဲခူးတိုင္း ေဒသႀကီးလႊတ္ေတာ္ ပဲခူးၿမိဳ႕နယ္ မဲဆႏၵနယ္ေျမအမွတ္ ၁ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၫႊန႔္ေ႐ႊက ေျပာပါတယ္။

ဒါ့အျပင္ ဆိုင္ကယ္အခိုးခံ ရတာေတြလည္းဒီရက္ပိုင္းမွာ အမ်ားအျပား ျဖစ္ေနပါတယ္။ ဒီလုယက္သူေတြဟာ ျပည္သူေတြ လိုက္လံဖမ္းဆီးတဲ့အခါ လမ္းေၾကာင္း ကြၽမ္းက်င္ၿပီး ေပ်ာက္သြားတဲ့အတြက္ ဒီလူေတြက ခိုးဆိုးႏႈိက္ဂိုဏ္းကျဖစ္ႏိုင္သလို ေဒသခံလည္း ျဖစ္ႏိုင္တယ္လို႔ ၿမိဳ႕ခံ‌ေတြက ေျပာပါတယ္။

ယု ေ႐ႊဆိုင္ပိုင္ရွင္ရဲ႕ ညီမျဖစ္သူ ေဒၚႏြယ္နီ က “ေမလ ၁၁ ရက္ေန႔ ေန႔လည္က အမည္မသိ လူတေယာက္က ဆိုင္ကယ္စက္မသတ္ပဲ ဆိုင္ေရွ႕ေရာက္လာၿပီး ဆိုင္ဘယ္အခ်ိန္ပိတ္လည္းလို႔ ေမးၿပီး သူ႔ရဲ႕အက်ႌထဲမွာ အသင့္ပါလာတဲ့ ရဲတင္းနဲ႔ ေ႐ႊေရာင္းဖို႔ထည့္ထားတဲ့ မွန္ေပါင္ကို ထုခြဲၿပီး ဝင္လုသြားခဲ့တာ”လို႔ ေျပာျပပါတယ္။

အဲဒီလုယက္သူမွာ ဆိုင္ရွင္ရဲ႕ညီမနဲ႔ လုံးေထြးသတ္ပုတ္စဥ္ မွန္ေပါက္ကြဲရွလို႔ သူ႔ရဲ႕လက္မွာ ဒဏ္ရာရသြားၿပီး ေ႐ႊကေတာ့ တမတ္သားဝန္းက်င္ ေ႐ႊဆြဲႀကိဳး ၃ ကုံး နဲ႔ ဆြဲသီးတခု ပါသြားတယ္လို႔ သိရပါတယ္။

အဲဒီလုယက္သူကို ပဲခူးၿမိဳ႕ ၿမိဳ႕မရဲစခန္းက ရာဇသက္ႀကီး ဥပေဒပုဒ္မ ၃၈၂ နဲ႔ အမႈဖြင့္ထားၿပီး ဖမ္းဆီးရမိေရး ေဆာင္႐ြက္ေနပါတယ္။

ပဲခူးတိုင္း ဒုတိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ေဇာ္မင္းေအာင္က “ရဲတပ္ဖြဲ႕အေနနဲ႔ကေတာ့ ပဲခူး တတိုင္းလုံးမွာရွိတဲ့ ၿမိဳ႕ေပၚလူျပတ္တဲ့ ေနရာေတြမွာ လွည့္ကင္း ဝပ္ကင္းေတြလုပ္ဖို႔ ေဈးေတြက ေ႐ႊဆိုင္ေတြနားမွာဆိုရင္လည္း အရပ္ဝတ္နဲ႔ လူမသိေအာင္ ရပ္ကင္းေတြလည္း ခ်ထားၿပီး တတိုင္းလုံးက ၿမိဳ႕ေတြမွာ အရပ္ဝတ္ေတြနဲ႔ ရပ္ကင္းဝပ္ကင္းေတြ ခ်ထားကာ လုံၿခဳံေရးကို အထူးေဆာင္႐ြက္ေနတယ္”လို႔ ေျပာပါတယ္။

ပဲခူးၿမိဳ႕ေပၚမွာ အခုလို လုယက္မႈေတြ ခိုးမႈေတြ ေန႔ခင္းေၾကာင္ေတာင္ ေ႐ႊဆိုင္ေတြ အလုခံရတဲ့ အေျခအေန အထိ ျဖစ္လာတဲ့အတြက္ လုံးၿခဳံမႈ မရွိေတာ့ဘူးဆိုၿပီး ေဒသခံေတြၾကားမွာ စိုးရိမ္ေနပါတယ္။

သတင္း – ေအာင္စိုးမိုး DVB TV News

LEAVE A REPLY

Please enter your comment!
Please enter your name here